backup og meta

6 ပတ်

6 ပတ်

6 ပတ် မြောက်မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ

သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့်

အခုဆို သားသားမီးမီးလေးက ပဲစေ့အရွယ် ၆ မီလီမီတာလောက် ရှိနေပြီနော်။ဒီ 6 ပတ် မြောက်မှာဆို ဦးနှောက်နဲ့ အာရုံကြောအဖွဲ့အစည်းလေးတွေ ဖွံ့ဖြိုးတာ အရမ်းမြန်လာပါပြီ။ သန္ဓေသားလေးရဲ့ မျက်လုံးဖြစ်လာမယ့် အိတ်လေး၂ခုဆိုလည်း ဒီအပတ်မှာ စဖွံ့ဖြိုးတော့မှာပါ။ လှိုင်းတွန့်လေးလိုဖြစ်နေတဲ့ လမ်းကြောင်းလေးကလည်း နားရွက်လေးတွေဖြစ်လာဖို့ စဖွံ့ဖြိုးပါပြီ။

နှလုံးလေးက အခုဆို စခုန်နေပါပြီ။ အာထရာဆောင်းနဲ့ နားထောင်ကြည့်လို့ ရပါတယ်။ အစာခြေအဖွဲ့အစည်းနဲ့အသက်ရှူလမ်းကြောင်းတွေလည်း စပေါ်လာပါပြီ။ အဖုလေးတွေကနေ လက်လေးခြေလေးတွေအဖြစ် ပြောင်းလာပါပြီ။ လနဲ့ချီပြီး ခြေထောက်လေးတွေက ကိုယ်ကိုပတ်ပြီး လိမ်နေလို့ ကလေးလေးအရှည် ဘယ်လောက်ရှိမလဲကိုတော့ သိဖို့ခက်ပါတယ်။ အဲဒါကြောင့်မို့ သန္ဓေသားလေးကို ထိပ်ပိုင်းကနေ အဆုံးပိုင်းဆိုပြီးတော့ပဲ တိုင်းပါတယ်။ ခေါင်းကနေခြေဆိုပြီး မတိုင်းပါဘူး။ ထိပ်ပိုင်းကနေ အဆုံးပိုင်းက ဒီအပတ်မှာ ၂-၅ မီလီမီတာလောက်ရှိမှာပါ။

ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ

ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့်

ပြီးခဲ့တဲ့အပတ်ကထက် ကိုယ်ဝန်ရှိတဲ့ လက္ခဏာက ပိုသေချာလာမှာပါ။ မေမေတို့ရဲ့ ခန္ဓာကိုယ်ကဆိုရင် သားသားမီးမီးတွေကို အာဟာရပေးနိုင်ဖို့ ကြိုးစားပြင်ဆင်နေပါပြီ။ ပုံမှန်ထက် အလုပ်ပိုလုပ်ရင် အရမ်းပင်ပန်းနွမ်းနယ်စေပါတယ်။ ဒီအခြေအနေတွေကို ဖြတ်ကျော်ရလွယ်စေမယ့် နည်းလမ်းလေးတွေ ဆက်ပြောပြပါရစေနော်။

  • ခန္ဓာကိုယ်ကို ဦးစားပေးပါ။ ပင်ပန်းတယ်လို့ ခံစားရတာက တကယ်နားဖို့ လိုနေလို့ပါ။ ကိုယ့်ကိုယ်ကို ချင့်ချိန်ပြီး ခန္ဓာကိုယ်ကို အရင်ဦးစားပေးကြပါနော်။ ကိုယ့်ကိုကိုယ် တွန်းအားသိပ်မပေးကြပါနဲ့။ အိမ်အလုပ်တွေက ထွက်မပြေးပါဘူး။
  • အကူအညီလိုရင်တောင်းပါ။ စူပါမေမေဖြစ်ဖို့ချည်းပဲ ကြိုးစားမနေဘဲ အမျိုးသားကို ဘယ်လိုတွေခံစားနေရတာကို တိုင်ပင်ပေးကြပါနော်။ ဒါမှလည်း ဘာလိုနေတာလဲဆိုတာသိပြီး ကူညီပေးနိုင်မှာပေါ့။ မိဘနဲ့အပေါင်းအသင်းတွေက အကူအညီပေးလာတိုင်းလည်း လက်ခံကြပါလို့။ ဈေးဝယ်ထွက်တဲ့အခါ အထုတ်အပိုးတွေကို ကူသယ်ပေးမယ့်သူရှိတာက ညနေခင်းလမ်းထွက်လျှောက်ဖို့ အားအင်တွေကို ကျန်နေစေပါတယ်။
  • ပိုပြီးအိပ်ကြပါ။ ခဏခဏအိပ်ငိုက်နေရင် စောစောအိပ်ရာဝင်တာဖြစ်ဖြစ် နောက်ကျမှထတာဖြစ်ဖြစ် လုပ်ပေးပါ နှစ်ခုလုံးလည်းရပါတယ်။
  • မှန်မှန်စားကြပါ။ အားရှိအောင် အစားမှန်မှန်စားပေးဖို့လိုပါတယ်။ ပရိုတိန်းနဲ့ ကာဘိုဟိုက်ဒရိတ်တွေလိုမျိုး အင်အားကို အကြာကြီးထိန်းပေးထားတဲ့အစာမျိုးကို ပိုစားပေးကြပါ။ ကယ်လိုရီပမာဏပြည့်အောင်လည်း စားကြပါနော်။ အန်ချင်စိတ်ကြောင့် အစာစားချင်မှာတော့ မဟုတ်ပါဘူး။ ဒီတော့လွယ်လွယ်ကူကူစားနိုင်တာမျိုးကို စားတာက အဆင်ပြေပါလိမ့်မယ်။ နို့ဆံပြုတ်တို့၊ ရွှေဖရုံသီးစွပ်ပြုတ်တို့လိုမျိုးပေါ့။ ဂျင်းနည်းနည်းထည့်စားပေးတာက မူးတာကို သက်သာစေပါတယ်။
  • ခဏခဏစားပါ။ တစ်နေ့ကို နည်းနည်းစီ ၆ ကြိမ်လောက် စားလို့ရပါတယ်။ သွေးထဲကသကြားဓာတ်ကို ပုံမှန်ဖြစ်အောင်ထိန်းပေးထားရင် အင်အားတွေကို မလျော့စေနိုင်တော့ပါဘူးနော်။ ကျန်းမာရေးနဲ့ညီညွတ်ပြီး အင်အားရှိစေတဲ့ အစာတွေဆိုရင်တော့ အကောင်းဆုံးပေါ့။
  • လှုပ်လှုပ်ရှားရှားနေပါ။ တစ်နေ့လုံး ဆိုဖာပေါ်မှာပဲ လှဲနေချင်တတ်ပါတယ်။ အင်အားရှိအောင် လှုံ့ဆော်ပေးမယ့် အားကစားလေး ဘာလေးတော့ လုပ်ပေါ့နော်။ လမ်းလေးဘာလေးလျှောက်တာတို့ မနက်ပိုင်းကို နာရီဝက်လောက်ရေကူးပေးတာတို့ပေါ့။ အားပိုရှိစေပြီးတော့ အိပ်လို့ကောင်းစေပါတယ်။

ဒါတွေလုပ်နေလျက်နဲ့ ပင်ပန်းနွမ်းနယ်နေတာတွေ ပိုဆိုးလာတယ်ဆို ဆရာဝန်နဲ့ တိုင်ပင်ကြပါ။ တခြားအကြောင်းအရာတွေကြောင့်လည်းဖြစ်တတ်လို့ ဆရာဝန်တွေကပဲ ဘာလုပ်ရမလဲဆိုတာ ညွှန်ကြားနိုင်တာပါ။

သိသင့်သိထိုက်တာလေးတွေ

ဆီးခဏခဏသွားတာက ပုံမှန်ပါပဲ။ ကိုယ်ဝန်ဟော်မုန်းက ဆီးခဏခဏသွားစေလို့ပါ။ သူက ကလေးရော အမေရောမှာရှိတဲ့ အညစ်အကြေးတွေကို ဆေးကြောပေးဖို့ ကျောက်ကပ်ဆီသွားတဲ့ သွေးအားကောင်းစေပါတယ်။ အခုဆီးသွားတာ မေမေတစ်ယောက်တည်း မဟုတ်တော့ဘူးနော်၊၊ သားသားမီးမီးလေးတွေပါ ပါပါတယ်။ သက်သာစေတဲ့နည်းလမ်းလေးတွေအကြောင်း ဆက်ပြမယ်နော်။

  • အပေါ့သွားရင် အရှေ့ဘက်ကို နည်းနည်းလောက်စောင်းပေးပါ။ ဒီလိုမျိုးလုပ်တာ ဆီးတွေကို ဆီးအိမ်ထဲမှာ မကျန်နေတော့အောင်လို့ပါ။ ဆီးသွားပြီးသွားရင်နောက်တစ်ခါ ထပ်ညစ်ထုတ်ပေးပါ။ အဲဒီတော့ ဆီးအိမ်က ဆီးတွေလုံးဝမကျန်တော့ အပေါ့ခဏခဏမသွားရတော့ဘူးပေါ့။
  • ရေမှန်မှန်သောက်ပေးပါ။ အပေါ့သွားမှာကြောက်ပြီး အရည်တွေ မသောက်ဘဲမနေပါနဲ့နော်။ မေမေရော သားသားမီးမီးတွေရော ကိုယ်ဝန်ဆောင်ကာလမှာ လုံလောက်တဲ့ ရေပမာဏရဖို့လိုပါတယ်။ ရေဓာတ်မလုံလောက်ရင်လည်း ဆီးလမ်းကြောင်းမှာ ရောဂါဖြစ်တတ်ပါတယ်။
  • ကဖင်းဓာတ်ကို ချိန်ဆပြီးသောက်ပါ။ ကဖင်းဓာတ်သောက်သုံးတဲ့ပမာဏ နည်းလေကောင်းလေပါပဲ။ ကဖင်းဓာတ်က ဆီးပိုသွားစေတဲ့အပြင် နှလုံးခုန်နှုန်းကိုလည်း ပိုမြန်စေပါတယ်။ တစ်နေ့ကို ကဖင်းဓာတ်၂၀၀မီလီဂရမ် (၃၅၅ မီလီလီတာခွက်နဲ့ တစ်ခွက်=၁၂အောင်စ)ထက် ပိုမသောက်ကြပါနဲ့နော်၊၊

ခဏခဏဆီးသွားတာက စိတ်ကသိကအောင့်ဖြစ်စေပေမယ့် သန္ဓေသားရော မိခင်ဆီက အညစ်အကြေးတွေကို ဖယ်ရှားပေးပါတယ်။

ဆရာဝန်ဆီ သွားပြရအောင်

ဆရာဝန်နဲ့ ဘာတွေတိုင်ပင်ကြမလဲ

ကိုယ်ဝန် ၂လရှိလာပြီဆို ကိုယ်ဝန်ရလို့ စိတ်လှုပ်ရှားတဲ့အပျော်တွေ ပျောက်ပြီး စပြီးစိတ်ပူလာပါတော့မယ်။ ကိုယ်ဝန်ရှိတာ မသိခင်က ကလေးလေးကို ဘေးဖြစ်စေမယ့် ဘာတွေလုပ်ခဲ့မိမလဲ။ မတော်တဆ ခေါင်းကိုက်လို့ အကိုက်အခဲပျောက်ဆေးသောက်မိမှဖြင့်၊ ညစာစားပြီးလို့ ဝိုင်လေးတစ်ခွက်လောက်သောက်မိမှဖြင့် ခက်ရချည်ရဲ့။ ဖျားရင်ရော ဘယ်လိုလုပ်ရပါ့။

ဒါတွေက သာမန်ဖြစ်လေ့ဖြစ်ထရှိတာတွေပါ။ သိပ်စိတ်ပူမနေပါနဲ့။ ဆရာဝန်က သံသယတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အဲဒါကြောင့်ဆရာဝန်တွေကိုပြောပြဖို့ကသာ မေမေတွေရဲ့တာဝန်ပါနော်။

ဘယ်လိုစစ်ဆေးမှုတွေ ထပ်လိုဦးမလဲ ဆက်လေ့လာရအောင်

ပထမဆုံးဆေးစစ်တာက ဆရာဝန်ဆီသွားမပြမချင်း စစ်ရဦးမှာမဟုတ်ပါဘူး။ တချို့က ၈-၉ပတ်လောက်မှ ဆရာဝန်ဆီသွားပြကြပါတယ်။ စိုးရိမ်နေရင်တော့ ဒီအပတ်မှာ သွားပြလည်းရပါတယ်။ ပထမဆုံးသွားပြရင် သွေးစစ်တာတွေလုပ်ပါတယ်။ သွေးအမျိုးအစား၊ Rh အုပ်စုပါမပါ၊ ဂျိုက်သိုး၊ ဘီပိုးကာကွယ်ဆေးထိုးထားသလား၊၊ ရောဂါတွေကို ခံနိုင်ရည်ရှိသေးလား သိအောင်လို့ပါ။

ကျန်းမာဘေးကင်းအောင်နေကြမယ်

ကိုယ်ဝန်ရှိချိန်မှာ ကျန်းမာဘေးကင်းအောင် ဘာတွေသိထားရမလဲ

ပြီးခဲ့တဲ့အပတ်တွေတုန်းက စိတ်ဖိစီးမှုက ကလေးလေးဖွံ့ဖြိုးမှုအတွက် မကောင်းဘူးလို့ပြောခဲ့တယ်နော်။ စိတ်ဖိစီးမှုက ကိုယ်ဝန်ပျက်ကျတာနဲ့ ဘယ်လိုဆိုင်လဲ။ ဒီအချက်ကို စတွေ့တာကြာပါပြီ။ သက်သေပြထားတာတွေလည်း ရှိပါတယ်။

သုတေသနတစ်ခုက ခန့်မှန်းထားတာတော့ ၁၀-၂၀%လောက်ကို ကိုယ်ဝန်ပျက်ကျစေနိုင်ပါတယ်တဲ့။ ကိုယ်ဝန်ပျက်ကျစေတဲ့ အဓိကအချက်ကတော့ ခရိုမိုဇုမ်းပုံမှန်မဟုတ်လို့ရယ်၊ သန္ဓေသားကြီးပြင်းရာမှာ ပြဿနာရှိနေလို့ပါ။ တခြားအကြောင်းတွေ သိချင်တယ်ဆို အောက်မှာပါနော်။

  • မိဘ၂ယောက်ထဲက၁ယောက်မှာ ခရိုမိုဇုမ်းမူမမှန်ခြင်း
  • သွေးခဲရာမှာ မူမမှန်ခြင်း
  • သားအိမ် ဒါမှမဟုတ် သားအိမ်ခေါင်းမှာ မူမမှန်ခြင်း
  • ဟော်မုန်းတွေ မမျှခြင်း
  • ကိုယ်ခံအားတုံ့ပြန်မှုမှာ သန္ဓေသားဆဲလ်ပြောင်းလဲမှုကို ဖျက်ဆီးလိုက်ခြင်း

ဒါ့ပြင် ပျက်ကျမှာ၊ မွေးရာပါ ချို့ယွင်းချက်တွေ ပါလာမှာ စိုးရိမ်တယ်ဆို ကိုယ်ကိုယ်တိုင်ရော ကလေးလေးအတွက် အန္တရာယ်ရှိနိုင်မယ့် ဆေးလိပ်၊ အရက်ရှောင်ပြီး ဂရုစိုက်ကြပါနော်။

နောက်အပတ်ရော သားသားမီးမီးလေးက ဘယ်လိုကြီးလာမှာပါလိမ့်။

[embed-health-tool-due-date]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Poppy seed to pumpkin: How big is your baby? http://www.babycenter.com/slideshow-baby-size. Accessed May 27, 2016.

Pregnancy calendar – Week 7
http://kidshealth.org/parent/pregnancy_center/pregnancy_calendar/week7.html#cat20733 Accessed May 27, 2016.

Your pregnancy: 7 weeks http://www.babycenter.com/6_your-pregnancy- 7-weeks_1096.bc . Accessed May 27, 2016.

7 weeks pregnant. http://www.whattoexpect.com/pregnancy/week-by- week/week-7.aspx. Accessed May 27, 2016.

Is it safe to be around computers all day? http://www.babycenter.com/404_is-it- safe-to-be-around-computers-all- day-when- im-pregnant_1245297.bc. Accessed May 27, 2016.

 

ယခုပုံစံ

02/02/2024

Hmwe San Eain မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်ချိန် အကင်စားလို့ ရမရ

7 ပတ်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Hmwe San Eain မှ ရေးသားသည်။ · 02/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement