ကလေးလေးက 37 ပတ် ရှိနေပါပြီ။ ဖွံ့ဖြိုးတာ မြန်တယ်နော်။ ၄၈.၅ စင်တီမီတာ ၂.၈၅ ကီလိုဂရမ်တောင် ရှိပြီနော်။
လက်ချောင်းလေးတွေက ဖမ်းစုပ်တတ်နေပါပြီ။ ဗိုက်ကို အလင်းရောင်ထိရင် သူလေးက အလင်းလာတဲ့ဘက်ကို လှည့်တတ်နေပါပြီ။ အပြည့်အဝဖွံ့ဖြိုးပြီးဖို့ကတော့ တစ်ပတ်နှစ်ပတ်လောက် ကျန်ပါသေးတယ်။ ဒီအချိန်မှာ မွေးလာရင်တောင် အသက်ရှင်နိုင်ခြေ များနေပါပြီ။
မွေးရက်နီးလာလေ သားအိမ်က ကျုံ့လေပါပဲ။ အခုတောင် ကျုံ့ချင်ကျုံ့နေမှာ။ ဒါက ပုံမှန်ပါ။ စိတ်မပူပါနဲ့။ ကျုံ့တာများလာသလား၊ ပိုစိတ်လာသလားဆိုတာပဲ သတိထားပါ။ ကျုံ့တာကြာလေ ပိုနေရခက်လေပါပဲ။
အိပ်ရတာလည်း ပိုခက်လာရောပေါ့။ တတ်နိုင်ရင် နေ့ခင်း တစ်ရေးတစ်မောလောက်အိပ်ပါ။ အားရှိတာပေါ့။ အိပ်မက်ဆိုးတွေလည်း မက်တတ်ပါသေးတယ်။ ဒါက လုံးဝပုံမှန်ပါဘဲ။ ဘဝမှာ အပြောင်းအလဲကြီးတစ်ခုဖြစ်တော့မှာလေ။ မွေးရက်လည်းနီးလာလို့ စိတ်ပူတာနဲ့ မေမေဖြစ်တော့မယ်ဆိုတော့ စိတ်လှုပ်ရှားတာနဲ့ဆိုတော့ အိမ်မက်ဆိုးတွေမက်တာပေါ့။
ကလေးလေးလှုပ်ရှားတာကို မှတ်သားဖို့မမေ့ပါနဲ့။ လှုပ်တာနည်းသွားရင် ဆရာဝန်ကို ပြောပါ။ သူလေးကနေရာအပြည့်ယူထားတော့ ကန်ရခက်သွားတာပေါ့။ ကလေးလေး ကိုယ်လက်ဆန့်တာ လှိမ့်တာလှုပ်တာတွေကိုတော့ ခံစားရမှာပါ။
နောက်ဆုံးလရောက်ရင် မူမမှန်တဲ့လက္ခဏာတွေကို ပိုသတိထားရပါတယ်။ စောမွေးမှာလည်း ပူရပါတယ်။ ဒီအောက်က လက္ခဏာတွေဖြစ်ရင် ချက်ချင်းဆရာဝန်ခေါ်ကြနော်။
စောမွေးမယ့် လက္ခဏာတွေ၊ စိုးရိမ်တာတွေကို ဆရာဝန်ကို သေချာပြောပြပါ။ ဒါတွေက စိတ်ဖိစီးမှုတွေ ဖြစ်စေနိုင်ပြီး မွေးဖွားတဲ့အခါမှာ အခက်အခဲ ဖြစ်စေနိုင်ပါတယ်။ ဆရာဝန်က အမျိုးသားနဲ့ တူတူလုပ်လို့ရမယ့် စိတ်ဖြေလျှာ့ဖို့ လေ့ကျင့်ခန်းတွေကိုပြောပြမှာပါ။
ဘယ်လိုစစ်ဆေးမှုတွေ ထပ်လိုဦးမလဲဆက်လေ့လာရအောင်
တစ်ပတ်ကြိမ် စစ်ဆေးမှုတွေ လုပ်နေရလောက်ပြီပေါ့။ ဒါတွေက ပုံမှန်ပါပဲ။ ဒီစစ်ဆေးမှုတွေမှာ ကလေးအနေအထား၊ မွေးလို့ လွယ်လောက်လားဆိုတာကို စစ်ဆေးတာပါ။ စစ်ဆေးတဲ့အခါမှာ လိုအပ်ရင် ဆရာဝန်က သားအိမ်အ၀ ပွင့်မပွင့်၊ ပျော့လာပြီလား၊ ပါးလားပြီလားပါ စစ်ပါတယ်။
မွေးခါနီး နောက်ဆုံးအပတ်တွေက ပထမဆုံးအပတ်တွေလိုပဲ အရေးကြီးတယ်နော်။ အပြည့်အဝဖွံ့ဖြိုးဖို့ ဒီနောက်ဆုံးအပတ်တွေက လိုအပ်ပါတယ်။ မွေးဖို့ရက်နီးလာလေလေ ဂရုစိုက်ဖို့ လိုအပ်လေလေပါ။
ရိုးရိုးမွေးမယ်ဆို ကျန်းကျန်းမာမာရှိအောင် အသက်ရှူလေ့ကျင့်ခန်းတွေ မှန်မှန်လုပ်ပေးပါ။ ဒါကအဆင်သင့် ဖြစ်နေစေမှာပါ မေမေတို့ရေ။
နောက်အပတ်ရောက်ရင် ဆက်တွေ့မယ်နော်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။