backup og meta

ဆောင်းပါး ကူညီပံ့ပိုးသူ May May Club

22 ပတ်

22 ပတ် မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ

သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့်

22 ပတ် မှာ သင်္ဘောသီးအရွယ် ၂၇.၆၈ စင်တီမီတာ ၄၅၃ ဂရမ် ရှိပါပြီ။ နှုတ်ခမ်းလေးတွေ၊ မျက်ခွံလေးတွေ၊ မျက်ခုံးမွေးလေးတွေ ထင်ရှားလာရင် မွေးကင်းစလေးနဲ့ တူတော့မှာပါ။ ကမ္ဘာကြီးအကြောင်းသင်ယူဖို့ အာရုံခံအင်္ဂါတွေ စဖွံ့ဖြိုးပါပြီ။ အရသာခံဖုတွေလည်း လျှာမှာပေါ်လာပါပြီ။ မျက်နှာကိုင်တာ၊ လက်မစုပ်တာ၊ တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေ လှုပ်ရှားတာကအစ မေမေတွေ သိနိုင်ပါပြီ။

22 ပတ်

လိင်အင်္ဂါလေးကလည်း ဖွံ့ဖြိုးဆဲပါ။ ယောက်ျားလေးဆို လိင်တံလေးက ဗိုက်အောက်ကနေ တွဲကျလာပြီး မိန်းကလေးဆို သားအိမ်နဲ့ သားဥအိမ်တွေ နေရာယူပြီး မိန်းမကိုယ် စဖွံ့ဖြိုးမှာပါ။

ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ

ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့်

မကြာခင်မှာ သားအိမ်က ကျုံ့လို့ တစ်ချက် တစ်ချက် အောင့်တောင့်တောင့်လေးဖြစ်တာကို သတိထားမိလာမှာပါ။ ဗိုက်ကို ညှစ်ကြည့်ရင် ကျုံ့တာကို သိရမှာပါ။ ဒါက ကလေးကို မထိခိုက်စေနိုင်လို့ စိတ်ပူစရာမလိုပါဘူး။ ဒါပေမယ့် ကျုံ့တာ ပိုပြင်းလာပြီး နာတာခဏခဏဖြစ်နေရင် ဆရာဝန်ဆီ ချက်ချင်းသွားသင့်ပါတယ်။

22 ပတ် မြောက်မှာ သိသင့်သိထိုက်တာလေးတွေ

ဒီအချိန်မှာ ဗိုက်က ပိုကားလာတဲ့အတွက် လမ်းလျှောက်ရင် ကွတကွတ ဖြစ်နေတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကို့ယို့ကားယားဖြစ်ရတာက အဆစ်တွေ၊ အရွတ်တွေ လျော့ရဲလာလို့ပါ။ နောက်အချက်တွေကတော့ အာရုံစူးစိုက်မှု အားနည်းလာတာ၊ လက်တွေအားနည်းလာတာတွေပါ။ ဒါပေမယ့် ဒီဟာတွေကြောင့် ဟန်ချက်မပျက်သွားပါဘူး။

ဆရာဝန်ဆီ သွားပြရအောင်

ဆရာဝန်နဲ့ ဘာတွေတိုင်ပင်ကြမလဲ

ကိုယ်ဝန်ရှိတဲ့အခါ မိန်းမကိုယ်ကနေ ပန်းရောင် ဒါမှမဟုတ် အနီရောင်တွေ ဆင်းတတ်ပါတယ်။ ၆ လနောက်ပိုင်းမှာ ဒီလိုသွေးနည်းနည်းဆင်းတတ်တာ သဘာဝပါ။ ဒီလိုဖြစ်ရတာက သားအိမ်ခေါင်းက အစမ်းသပ်ခံရတာ၊ လိင်ဆက်ဆံတာတွေကြောင့် အထိအရှလွယ်လာတာ ဖြစ်နိုင်ပါတယ်။ တစ်ခါတစ်လေ ဘာမှန်းမသိတဲ့ အကြောင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် သွေးစက်တွေ ဆင်းတယ်ဆိုရင် ဆရာဝန်ကို ပြောပြပါ။ တခြားရောဂါတွေကြောင့်လည်း ဖြစ်နိုင်လို့ပါ။ တကယ်လို့ သွေးဆင်းတာများပြီး နာတာ၊ မသက်မသာ ဖြစ်လာမယ်ဆို ဆရာဝန်ကို ချက်ချင်းပြပါ။ ဆရာဝန်က ဘာတွေဖြစ်လဲဆိုတာ သိရအောင် အာထရာဆောင်းရိုက်ပါမယ်။

ဘယ်လိုစစ်ဆေးမှုတွေ ထပ်လိုဦးမလဲဆက်လေ့လာရအောင်

အခုချိန်ကစပြီး ဆရာဝန်ဆီသွားပြရတာ အကျင့်တစ်ခု ဖြစ်နေလောက်ပါပြီ။ ကိုယ့်ကျန်းမာရေးအတွက် စစ်ဖို့လိုအပ်တာပေါ်မူတည်ပြီး အောက်ပါစစ်ဆေးမှုကို လုပ်ပါလိမ့်မယ်။

  • အလေးချိန် သွေးပေါင် တိုင်းခြင်း
  • ဂလူးကိုးစ်နဲ့ ပရိုတင်းအတွက် ဆီးစစ်ခြင်
  • သန္ဓေသားနှလုံးခုန်နှုန်းစစ်ခြင်း
  • မွေးမယ့်အချိန်တွက်ဖို့သားအိမ်အခြေအနေကို အပြင်ဘက်ကနေစစ်ဆေးခြင်း
  • သားအိမ်ထိပ် အမြင့်တိုင်းခြင်း
  • ခြေလက်ရောင်မရောင်၊ သွေးပြန်ကြောတွေ ဖောင်းတွန့်နေလားစစ်ခြင်း

ကျန်းမာဘေးကင်းအောင်နေကြမယ်

ကိုယ်ဝန်ရှိချိန်မှာ ကျန်းမာဘေးကင်းအောင် ဘာတွေသိထားရမလဲ

ကိုယ်ဝန်ဆောင်တုန်း ပျားရည်သောက်လို့ရလား။

မသောက်ရဘူးလို့ ပြောထားတော့မရှိပါဘူး။ ပျားရည်က သန္ဓေသားကို မထိခိုက်စေနိုင်တဲ့အတွက် စားလို့ရပါတယ်။ ပျားရည်က ဘယ်ချိန်အန္တရာယ် ဖြစ်နိုင်လဲဆိုတော့ သူ့ထဲမှာ ဘက်တီးရီးယားတွေ ပါနေရင်ပါ။ ဒါကြောင့် သောက်မယ်ဆို ပိုးသတ်ထားတဲ့ ပျားရည်ကိုပဲ သောက်ရပါမယ်။ ကိုယ်ဝန်ဆောင် ဆီးချိုရှိနေရင် အလွန်အကျွံမသောက်မိအောင် ထိန်းရပါမယ်။

ကိုယ်ဝန်ဆောင်တွေက ပိုးမသတ်ထားတဲ့ အစာတွေကိုရှောင်တာပိုကောင်းပါတယ်။ မမြင်နိုင်တဲ့ ရောဂါပိုးမွှားတွေ ပါနေနိုင်လို့ပါ။

၂၃ ပတ်မြောက်ရောက်ရင် ဆက်တွေ့မယ်နော်။

ရေးသားသူ- Hmwe San Eain

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Poppy seed to pumpkin: How big is your baby?
http://www.babycenter.com/slideshow-baby- size. Accessed date 3/30/2015.

Pregnancy calendar week 22.

http://kidshealth.org/parent/pregnancy_center/pregnancy_calendar/week22.html.
Accessed date 3/30/2015.

Your pregnancy: 22 weeks. http://www.babycenter.com/6_your-pregnancy- 22-weeks_1101.bc. Accessed date 3/30/2015.

 

ယခုပုံစံ

02/02/2024

Hmwe San Eain မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်ချိန် အကင်စားလို့ ရမရ

23 ပတ်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Hmwe San Eain မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 02/02/2024 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ