backup og meta

ဆောင်းပါး ကူညီပံ့ပိုးသူ May May Club

ကိုယ်ဝန်ဆောင်ရမည်ကို အကြောင်းမဲ့ ကြောက်လန့်ခြင်း

ကလေးရလာပြီး ကလေးမွေးရမည်ဖြစ်သော လုပ်ငန်း သည် အချို့အမျိုးသမီးများကို စိတ်ပျက် အားငယ်စေနိုင်သည်။ သို့သော်လည်း အချို့ အမျိုးသမီးများသည် ကိုယ်ဝန်ရမည်၊ ကလေးမွေးရမည်ကို ထူးခြားစွာ ကြောက်လန့်ခြင်း ရှိသည်။ ၎င်းသည် သူတို့၏ ပုံမှန်ဘဝ အရည်အသွေးနှင့် ကလေးရနိုင် စွမ်းကို ထိခိုက်စေနိုင်သည်။ ဤ ထူးခြားသော ဖြစ်စဉ်ကို tokophobia ဟုခေါ်သည်။

ကိုယ်ဝန်ဆောင်ရမည်ကို အကြောင်းမဲ့ ကြောက်လန့်ခြင်း

Tokophobia သည် တကယ်ရှိသောအရာ ဖြစ်သည်။

လူနေမှု အဆင့်မြင့်မားသော ၄၃ နှစ်အရွယ် အမျိုးသမီး တစ်ယောက်သည် ကိုယ်ဝန်ဆောင်ရမည်ကို ၂နှစ်ကြာ အလွန် အမင်း ကြောက်လန့်ခဲ့သည်။ ဆရာဝန်အား ကိုယ်ဝန်ဆောင် ခြင်း၏ ဆိုးကျိုးများကို မေးမြန်းပြီးနောက် ထိုသို့ဖြစ်ပွားခြင်း ဖြစ်သည်။ သန္ဓေသား ပုံပျက်ခြင်း၊ ခန္ဓါကိုယ် ပြောင်းလဲမှုများ၊ သေဆုံးနိုင်ခြင်းတို့အကြောင်း ကြားပြီးသောအခါ သူမသည် ကိုယ်ဝန်ဆောင်ရန် ကြောက်လန့်လာသည်။ သူမသည် ခင်ပွန်း၊ မိသားစုဝင်များ၊ ဆွေမျိုးများနှင့်လည်း အဆက် အသွယ် နည်းလာသည်။ ထူးခြားသည်မှာ ထိုအမျိုးသမီးသည် မိသားစု ပြဿနာ နှင့် ဆေးသုံးခြင်း ရာဇဝင် မရှိပါ။

သူမတွင် ပြင်းထန်သော စိတ်ကျ ရောဂါနှင့်အတူ tokophobia ရှိသည်ဟု ရောဂါအဖြေရှာတွေ့ပါသည်။ fluoxetine ကို သီတင်းပတ် အတော်ကြာ သောက်ပြီးနောက် စိတ်ခံစားမှု ရှုပ်ထွေးခြင်းနှင့် ကိုယ်ဝန်ယူရမည်ကို ကြောက်စိတ် နည်းလာပါသည်။ သူမသည် ဆေးသောက်ပြီး နောက် ပုံမှန် လိင်ဆက်ဆံမှုများ ပြန်လည် လုပ်ဆောင်လာပြီး ရောဂါလက္ခဏာများ ပြန်မဖြစ်တော့ပါ။

Tokophobia ၏ လက္ခဏာများ

မကုသပါက tokophobia သည် ကိုယ်ဝန်ကို အမြဲတမ်း ကြောက်လန့်ခြင်း၊ ကလေး၏ ဘဝကို အရည်အသွေး ကျစေခြင်း (အမျိုးသမီးက ကိုယ်ဝန်ကို ဆက်ထိန်းထားပါက) သို့မဟုတ် သူမ၏ ဘဝကို အလွန် ဘေးအန္တရာယ် ဖြစ်စေ နိုင်သော စိတ်ကျခြင်း လက္ခဏာများကို ဖြစ်စေနိုင်သည်။ Tokophobia ၏ လက္ခဏာများမှာ –

  • ကလေးမွေးခြင်း သို့မဟုတ် ကိုယ်ဝန်ဆောင်ခြင်း အကြောင်း စဉ်းစားပါက ကြောက်လန့်ခြင်း၊ ထိတ်လန့်ခြင်း
  • ဗိုက်ခွဲမွေးခြင်းကို အာမ မခံပါက မွေးရန် ငြင်းဆိုခြင်း
  • ကိုယ်ဝန်ဆောင်စဉ်တွင် စိတ်ဓါတ်ကျခြင်း၊ စိုးရိမ် ပူပန်ခြင်းတို့ ပိုဖြစ်ခြင်း
  • ကလေး တအား လိုချင်လာပြီး တစ်ချိန်တည်းမှာပင် ကလေးမွေးရန် ကြောက်လန့်နေခြင်း
  • ကျန်းမာသော ကိုယ်ဝန်များကို အရင်က ဖျက်ချခြင်း
  • ကိုယ်ဝန်ကြောင့် သေဆုံးခြင်း၊ ထာဝရ ချို့ယွင်းခြင်း တို့ကို အပြင်းအထန် ကြောက်လန့်ခြင်း

ဖြစ်စေသော အကြောင်းရင်းများနှင့် သက်ရောက်မှုများ

ဖြစ်စေသော အကြောင်းရင်းများ

အခြားကြောက်ရွံ့ခြင်းများ ကဲ့သို့ပင် Tokophobia အတွက် သိပ္ပံနည်းကျ သက်သေပြထားသော အကြောင်းရင်း မရှိပါ။ သို့သော် ဤရောဂါကို ဖြစ်စေနိုင်သော အချက်အချို့ ရှိသည်။ ၎င်းတို့မှာ အရင်က ကလေးမွေးဖွားရာတွင် ဒုက္ခဖြစ် စေသည့် အတွေ့အကြုံ၊ နာကျင်မှုကို အလွန်ကြောက်ခြင်း၊ ကလေးဘဝက လိင်ပိုင်းဆိုင်ရာ အလွဲသုံးစား လုပ်ခံရခြင်း တို့ ဖြစ်သည်။

သက်ရောက်မှုများ

  • စိတ်ငြိမ်ဆေး မပေးထားပါက ကလေးမွေးရန် ငြင်းဆို ခြင်း
  • ကလေး တအားလိုချင်သော်လည်း ကိုယ်ဝန်မယူ လိုခြင်း
  • ကိုယ်ဝန်တားနည်း မျိုးစုံကို တစ်ခါတည်း သုံးခြင်း ( ကျန်းမာရေးကို ထိခိုက်နိုင်သည်)
  • မွေးဖွားပြီးနောက် စိတ်ဓါတ်ကျခြင်း၊ ကလေး၊ ခင်ပွန်း၊ မိသားစုဝင်များ၊ ဆွေမျိုးများနှင့် အဆက် အသွယ် မလုပ်ခြင်း

Tokophobia အတွက် ကုသမှု

Tokophobia ခံစားနေရသော အမျိုးသမီးများသည် အမှန်တကယ် ဂရုစိုက်သူများထံမှ စိတ်ခံစားမှုပိုင်းဆိုင်ရာ ထောက်ပံ့မှု ရှာဖွေ ရယူသင့်သည်။ သားဖွား ဆရာဝန်သည် မိခင်နှင့် ကလေး၏ ကျန်းမာရေး ကောင်းမွန်စေရန်၊ သူတို့ ကြား ဆက်သွယ်မှု ကောင်းစေရန် စိတ်ရောဂါကု ဆရာဝန်နှင့် ဆက်သွယ် ဆောင်ရွက်နိုင်သည်။ ကိုယ်ဝန်ဆောင်စဉ်တွင် စိတ်တုန်လှုပ်မှု နှင့် စိတ်ဓါတ်ကျမှု ခံစားရသော အမျိုးသမီး များကို ကူညီပေးရန် စိတ်ကျန်းမာရေး ကျွမ်းကျင်သူ လည်း လိုအပ်သည်။

ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက် စိတ်ကျပျောက်ဆေး အချို့ ရနိုင်ပါသည်။ ချစ်မြတ်နိုးသူများ နှင့် ဆရာဝန်များထံမှ ထောက်ပံ့မှု ရှာဖွေခြင်းသည် အရေး အကြီးဆုံး ဖြစ်ပါသည်။ ဤပြဿနာ ရှိသော အမျိုးသမီးများကို ကူညီရန် လိုလားသော၊ အဆင်သင့်ဖြစ်နေသော လူများစွာ ရှိပါသည်။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Tokophobia: A dread of pregnancy. https://www.ncbi.nlm.nih.gov/pmc/articles/PMC3830168/ Accessed April 15, 2017
Tokophobia. https://www.allaboutcounseling.com/library/tokophobia/ Accessed April 15, 2017

ယခုပုံစံ

16/09/2022

Dr. Zin Wai Yan Lin မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မမျှော်လင့်ထားသောကိုယ်ဝန်က သင့်ကိုအံ့သြသွားစေမလား

ကိုယ်ဝန်မဆောင်မီမှာ ခံယူသင့်သော ကျန်းမာရေးစစ်ဆေးမှုများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Zin Wai Yan Lin မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 16/09/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement