backup og meta

ကိုယ်ဝန်ဆောင်မေမေ ဇီးပန်းသီး စားလို့ ရလား။

ကိုယ်ဝန်ဆောင်မေမေ ဇီးပန်းသီး စားလို့ ရလား။

ကိုယ်ဝန်ဆောင်ချိန်မှာ သစ်သီးလေးတွေ စားပေးတာက မေမေရာ ဘေဘီလေးကိုပါ ကျန်းမာစေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ စားလို့ကောင်းတဲ့ ဇီးပန်းသီးကို ကိုယ်ဝန်ဆောင်ချိန်မှာ စားလို့ရလား။ ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိနိုင်မလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

ကိုယ်ဝန်ဆောင်မေမေ ဇီးပန်းသီး စားလို့ ရလား။

ကိုယ်ဝန်ဆောင်ချိန်မှာ ဇီးပန်းသီး စားပေးလို့ ရပါတယ်။ အများကြီးတော့ မဟုတ်ဘူးပေါ့။ ထိုက်သင့်တဲ့ ပမာဏလောက် စားပေးလို့ ရပါတယ်။ ဇီးပန်းသီး စားရင် ကိုယ်ဝန်ဆောင် မေမေနဲ့ ဘေဘီလေးအတွက် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိစေနိုင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

ဇီးပန်းသီး ဆိုတာ

ဇီးပန်းသီး ဆိုတာ အသားခပ်မွမွ ချိုချိုလေးနဲ့ အရည်ရွှမ်းတဲ့ အသီး တစ်မျိုးပါ။ အခြား သစ်သီးတွေလိုပဲ အစိမ်းလိုက် စားလို့ ရပါတယ်။ ဖျော်သောက်ကြတာ ရှိသလို အသီးကို ဆားနဲ့ ငရုတ်သီးမှုန့်လေးနဲ့ အရသာမှုန့် လုပ်ပြီးတော့လည်း စားလို့ ရပါတယ်။ အသီးအရွယ်အစားကတော့ ခပ်သေးသေးကနေ ပန်းသီး အသေးစား အရွယ်လောက်ထိ ရှိပါတယ်။

ဇီးပန်းသီးမှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ။

စားလို့ကောင်းတဲ့ ဇီးပန်းသီးမှာ အခုလို အာဟာရဓာတ်လေးတွေ ပါဝင်နေပါတယ်။

ကိုယ်ဝန်ဆောင်မေမေ ဇီးပန်းသီး စားရင် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိစေနိုင်လဲ။

ကိုယ်ဝန်ဆောင်မေမေ ဇီးပန်းသီး စားရင် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိစေနိုင်လဲ။

ကိုယ်ဝန်ဆောင်မေမေ ဇီးပန်းသီး စားရင် မေမေရာ ဘေဘီလေးပါ ကျန်းမာစေမှာပါ။ အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း ရရှိစေနိုင်ပါတယ်။

ဘေဘီလေးကို အကောင်းဆုံး ဖွံ့ဖြိုးစေနိုင်ပါတယ်

ဇီးပန်းသီးက ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝသလို ကိုယ်ဝန်ဆောင်ချိန်မှာ ဘေဘီလေးကို အကောင်းဆုံး ဖွံ့ဖြိုးစေနိုင်မယ် အာဟာရဓာတ်​တွေ ပြည့်ဝစွာ ပါဝင်နေတာကြောင့် ဗိုက်ထဲက ဘေဘီလေးကို အကောင်းဆုံး ဖွံ့ဖြိုးစေမှာပါ။

အရိုးနဲ့သွားတွေ ကြံ့ခိုင်စေနိုင်တယ်

ဇီးပန်းသီးက ကယ်လ်ဆီယမ် ကြွယ်ဝတာကြောင့် အရိုးနဲ့ သွားတွေ သန်မာစေနိုင်သလို ဘေဘီလေးရဲ့ အရိုးတွေကိုလည်း အကောင်းဆုံး ဖွံ့ဖြိုးသန်မာစေပါတယ်။ ဘေဘီလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးစေဖို့ ထောက်ကူပေးသလို ဘေဘီလေးဆီ သွေးစီးဆင်းမှု ကောင်းစေဖို့လည်း ထောက်ကူပေးပါတယ်။

ဝမ်းချုပ်တာကို သက်သာစေနိုင်တယ်

ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်တာကို သက်သာစေဖို့အတွက် ဇီးပန်းသီး စားပေးလို့ ရပါတယ်။ ဇီးပန်းသီးက အမျှင်ဓာတ် ပါဝင်တာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီး ဇီဝကမ္မဖြစ်စဉ် ကောင်းစေသလို ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

အိပ်ပျော်စေတယ်

ဇီးပန်းသီးလေးကို ရှေးယခင် ကာလတွေတုန်းက အိပ်မပျော်တာကို သက်သာစေဖို့နဲ့ ကောင်းကောင်း အိပ်ပျော်စေဖို့ တရုတ်လူမျိုးတွေက အသုံးပြုခဲ့ကြပါတယ်။ အသီးရော အစေ့ရောက အာရုံကြောစနစ်တွေကို ပြေလျော့စေပြီး ကောင်းကောင်း အိပ်ပျော်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အသီးကို ဒီအတိုင်း စားပေးလို့ ရသလို ဖျော်ရည်လုပ်ပြီး သောက်လို့လည်း ရပါတယ်။ ရေနွေးထဲ စိမ်သောက်ပေးလို့လည်း ရပါတယ်။

ကိုယ်ခံအား ကောင်းစေတယ်

ဇီးပန်းသီးမှာ ဗီတာမင် A နဲ့ C ပါဝင်နေတာ​ကြောင့် ကိုယ်တွင်းက အဆိပ်အတောက်ဖြစ်စေတဲ့ အရာတွေကို ဖယ်ရှားပေးပါတယ်။ ကိုယ်တွင်းက ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပြီး ရာသီအဖျားတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ နာတာရှည် ရောင်ရမ်းတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။ အအေးမိတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

နာကျင်ကိုက်ခဲတာကို သက်သာစေနိုင်တယ်

ဇီးပန်းသီးသတ္တုရည် နဲ့ ဇီးပန်းသီးအစေ့ကနေရတဲ့ အဆီက အရောင်ကျစေနိုင်ပြီး ကြွက်သားတွေ နာကျင်တာ အဆစ်တွေ နာတာကို သက်သာစေနိုင်ပါတယ်။ အဆစ်နာရောဂါ ရှိသူတွေနဲ့ သင့်တော်ပါတယ်။ အဆစ်တွေကို အရောင်ကျစေနိုင်ပါတယ်။

စိတ်ဖိစီးမှု ပြေလျော့စေတယ်

စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာတွေကို သက်သာစေဖို့အတွက် ဇီးပန်းသီးကို စားပေးလို့ရပါတယ်။ အာရုံကြောစနစ်ကို ကျန်းမာစေနိုင်သလို ကော်တီစောပမာဏကို ထိန်းညှိပေးနိုင်တာကြောင့် စိတ်ရောကိုယ်ပါ သက်သောင့်သက်သာဖြစ်စေပြီး စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာ၊ စိုးရိမ်စိတ် များတာတွေကို သက်သာစေနိုင်ပါတယ်။

သွေးသန့်စေနိုင်တယ်

ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတာ​ကြောင့် သွေးထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ သွေးနဲ့ပတ်သက်တဲ့ ရောဂါတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

ကိုယ်ဝန်ဆောင်မေမေ ဇီးပန်းသီးစားရင် မေမေရာ ဘေဘီလေးပါ အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း ရရှိစေနိုင်ပါတယ်။

[embed-health-tool-due-date]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ber/Jujube: Nutrition, Health Benefits, Ayurvedic Uses, Recipes And Side Effects https://www.netmeds.com/health-library/post/ber-jujube-nutrition-health-benefits-ayurvedic-uses-recipes-and-side-effects Accessed Date 28 February 2022

How to eat milk jujube is very simple https://inf.news/en/food/0101700e534ca5e0245f05a422680718.html Accessed Date 28 February 2022

Eating Jujube (Ber) Fruit During Pregnancy https://www.beingtheparent.com/eating-jujube-ber-fruit-during-pregnancy/ Accessed Date 28 February 2022

Eating Jujubes During Pregnancy – Health Benefits And Risks https://www.motherbabycare.in/2021/02/jujube-ber-fruit-chinese-date-during-pregnancy.html Accessed Date 28 February 2022

ယခုပုံစံ

05/01/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်မေမေတွေ ညအိပ်ပျော်စေဖို့ ဘာစားရပါ့......

ကိုယ်ဝန်ဆောင်မေမေ နဲ့ တုပ်ကွေးကာကွယ်ဆေး


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 05/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement