backup og meta

ဆောင်းပါး ကူညီပံ့ပိုးသူ May May Club

ဘယ်နှကြိမ်ထိ ဗိုက် ခွဲမွေး လို့ရလဲ

မိသားစုအစီအစဉ်လေး ဆွဲကြတဲ့အခါ ကလေး ၂ယောက်၊ ၃ယောက် ယူမယ်။ ဒါပေမယ့် ဗိုက်အနာမခံချင်လို့ ခွဲပဲမွေးမယ်လို့ တွေးထားကြသူတွေ ရှိပါတယ်။ ဒါနဲ့ တစ်ဆက်တည်း ဘယ်နှကြိမ်ထိ ခွဲမွေး လို့ရသလဲဆိုတာပါ ပါလာပါတယ်။ ၃ကြိမ်ထိပဲ ခွဲလို့ရတယ်။ ဒီထက်ကျော်ရင် ခွဲလို့မရဘူးလို့ ကြားဖူးကြမယ်လို့ ထင်ပါတယ်။

ဘယ်နှကြိမ်ထိ ဗိုက် ခွဲမွေး လို့ရလဲ

ဘယ်နှကြိမ်ထိ ဗိုက် ခွဲမွေး လို့ရသလဲ။

တကယ်တော့ ဘယ်နှကြိမ်ထိ ခွဲလို့ရတယ်ဆိုတာ တိတိကျကျ မရှိပါဘူး။ ၆ခါအထိ ခွဲမွေး ကြပြီး ဘာမှမဖြစ်တဲ့သူတွေပဲ ရှိသလို၊ ၂ခါမြောက်ခွဲအမွေးမှာ ပြဿနာတက်သွားကြတဲ့သူတွေလည်း ရှိပါတယ်။

ဒါကြောင့် ဘယ်နှကြိမ်ထိပဲ ခွဲမွေးလို့ရတယ်လို့ အတိအကျပြောလို့မရပါဘူး။ ယေဘုယျအားဖြင့်တော့ ခွဲမွေးတဲ့ အကြိမ်ရေများလေလေ၊ နောက်ဆက်တွဲ ပြဿနာတွေ ကြုံနိုင်လေဆိုတာကိုတော့ သတိထားသင့်ပါတယ်၊၊ သားဖွားမီးယပ်ဆရာဝန်တွေကတော့ ၂-၃ကြိမ်ထက် ပိုမခွဲသင့်ဘူးလို့ အကြံပေးကြပါတယ်။

ခွဲမွေး လို့ရမရ ဘယ်လိုသိနိုင်မလဲ။

အရင်ဆုံးတော့ ကိုယ်ဝန်က အန္တရာယ်နည်းတဲ့ ကိုယ်ဝန်လား။ ရိုးရိုးမွေးလို့ရတဲ့ ကိုယ်ဝန်လားဆိုတာ အရင်စမ်းသပ်မေးမြန်းရပါတယ်။ အဆင်ပြေတယ်။ ရိုးရိုးမွေးလည်း ရတယ်။ ဒါပေမယ့် မိခင်က ရိုးရိုးမမွေးချင်ဘူး ခွဲမွေးချင်တယ်ဆိုမှ မိခင်ရဲ့ ဆန္ဒအတိုင်း လုပ်ပေးတာပဲ ဖြစ်ပါတယ်။

ခွဲမွေးမယ် မမွေးဘူးဆိုတာ ဆရာဝန်နဲ့ မိခင်တို့ရဲ့ ဆုံးဖြတ်ချက်တစ်ခုတည်း မဟုတ်ပါဘူး။ ကိုယ်ဝန်အနေအထားလည်း ပါပါသေးတယ်။ တချို့ကိုယ်ဝန်တွေက ခွဲမွေးမှ ဖြစ်မယ့်အခြေအနေမို့လို့ မွေးလိုက်ရတာတွေ ရှိပါတယ်။ မိခင်က ရိုးရိုးမွေးချင်ပါတယ်ဆိုရင်တောင် မရပါဘူး။

တစ်ခါခွဲမွေးပြီး နောက်တစ်ခါ ခွဲမွေးလို့ရမရ

ဒါက လက်ရှိကိုယ်ဝန်အပေါ် မူတည်ပါတယ်။ ခုနကပြောခဲ့တဲ့အချက်တွေနဲ့ပဲ ဆုံးဖြတ်ရမှာပါ။ ပိုကောင်းတာကတော့ ကိုယ်ဝန်မယူခင်တည်းက ဆရာဝန်နဲ့ တိုင်ပင်ပြီး ဘယ်လိုမျိုးမွေးရင်ကောင်းမလဲ။ ထပ်ပြီး ခွဲမွေးလို့ အဆင်ပြေနိုင်ပါ့မလားဆိုတာကို ကြိုတိုင်ပင်ထားသင့်ပါတယ်။

ခွဲမွေးလို့ရတဲ့အကြိမ်ရေ အတိအကျမရှိဘဲ မိခင်နဲ့ ကိုယ်ဝန်အနေအထားနဲ့သာ ဆိုင်တဲ့အတွက် ဖြစ်ပါတယ်။

ဒါဆို ခွဲမွေးပြီး ရိုးရိုးပြန်မွေးရင်ရော

ဒါကို vaginal birth after cesarean (VBAC) လို့ ခေါ်ပါတယ်။ ဒီလို ခွဲမွေး ပြီး ရိုးရိုးမွေးတာကလည်း အန္တရာယ်ရှိပါတယ်။  အခန့်မသင့်ရင် အရင်ခွဲထားတဲ့နေရာကနေ သားအိမ်ကွဲတတ်ပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ ကြိုတိုင်ပင်ရပါတယ်၊၊

ဒါပေမယ့် ရှေ့က တစ်ခါပဲ ခွဲမွေးဖူးတယ်ဆိုရင်တော့ ရိုးရိုးမွေးလို့ ရနိုင်ပါတယ်၊၊ အရင်ခွဲထားတဲ့ ချုပ်ရိုးအခြေအနေကိုလည်း ကြည့်ရပါမယ်၊၊ ရိုးရိုးပြန်မွေးမယ်ဆိုရင် အရေးပေါ်ခွဲစိတ်လို့ရတဲ့ ဆေးရုံမှာပဲ မွေးသင့်ပါတယ်၊၊ ဒါမှ ရိုးရိုးမွေးရင်းနဲ့ အခြေအနေမဟန်ရင် တန်းပြီး ခွဲမွေးနိုင်အောင် ဖြစ်ပါတယ်၊၊

ဒီတစ်ခါ ရိုးရိုးမွေးတာ အောင်မြင်ရင် ၃ယောက်မြောက်ကိုယ်ဝန်မှာလည်း ရိုးရိုးမွေးလို့ ရနိုင်ခြေ ရှိပါတယ်၊၊

၂ခါနဲ့အထက် ခွဲမွေးထားတဲ့ မိခင်တွေကတော့ ရိုးရိုးပြန်မမွေးသင့်ဘူးလို့ American College of Obstetricians and Gynecologistsက ဆိုပါတယ်။ ရှေ့မှာ ထပ်ခါ ထပ်ခါ ခွဲမွေးထားတဲ့အခါ ရိုးရိုးပြန်မွေးရင် သားအိမ်ကွဲနိုင်ခြေများလို့ပါ၊၊

ထပ်ခါ ထပ်ခါ ခွဲမွေးမယ်ဆိုရင် ဒီအချက်တွေကို သတိထားပါ။

ကလေးမွေးတယ်ဆိုပေမယ့် ခွဲစိတ်နည်းပဲ ဖြစ်လို့ ခဏခဏ ခွဲရင် ဒီအချက်တွေ ဖြစ်လာနိုင်ခြေက မြင့်လာမှာပါ။ ခွဲမွေးတဲ့ အကြိမ်ရေများလေလေ ဖြစ်နိုင်ခြေ မြင့်လေလေပဲ ဖြစ်ပါတယ်၊၊

Takeaway

ဘယ်နှကြိမ်ပဲ ခွဲမွေးလို့ရတယ်ဆိုတာ အတိအကျမရှိပါဘူး။ ဒါပေမယ့် ရှေ့တစ်ခေါက် ခွဲမွေးထားဖူးရင် ဒီတစ်ခေါက် ဘယ်လိုမွေးသင့်လဲဆိုတာကို ကိုယ်ဝန်မယူခင်တည်းက ဆရာဝန်နဲ့ ကြိုတိုင်ပင်သင့်ပါတယ်။
အရင်တစ်ခါ ကိုယ်ဝန်ဆောင်တုန်း၊ မွေးတုန်းက ဘယ်လိုပြဿနာတွေ ရှိလဲဆိုတာပေါ် မူတည်ပြီး အကြမ်းဖျင်း ပြောပြပေးလို့ရပါတယ်။ ကိုယ်ဝန်ဆောင်တဲ့ တောက်လျှောက်လည်း ဆက်တိုက် စောင့်ကြည့်ဖို့ လိုပါတယ်။ သားအိမ်ခွဲကြောင်းအဟောင်းက ကွဲနိုင်ခြေရှိလား။ ဒီကိုယ်ဝန်အနေအထားက ခွဲမွေးမှ ဖြစ်မှာလား။ ရိုးရိုးမွေးလို့ ဖြစ်နိုင်လားဆိုတာကို ဆက်ပြီး စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

[embed-health-tool-due-date]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.parents.com/pregnancy/giving-birth/how-many-c-sections-can-a-woman-have/

https://www.mayoclinic.org/tests-procedures/c-section/expert-answers/c-sections/faq-20058380

https://www.verywellfamily.com/how-many-cesareans-are-safe-2758501

 

ယခုပုံစံ

10/08/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးကိုဗိုက်ခွဲမွေး ဖို့ချည်း စဉ်းစားနေမယ်ဆို ဒါတွေသိထားသင့်တယ်နော်

ခွဲမွေးထားတဲ့မေမေ တို့ရေ ဒါလေးတွေသိထားဖို့လိုပါမယ်နော်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/08/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ