backup og meta

အရပ်ပုသောအမျိုးသမီးများ ဘာကြောင့် ခွဲမွေးဖို့ လိုအပ်သလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 10/10/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရပ်ပုသောအမျိုးသမီးများ ဘာကြောင့် ခွဲမွေးဖို့ လိုအပ်သလဲ

    အရပ်ပုသော အမျိုးသမီးများ (အရပ် ၁.၅ မီတာအောက်) သည် ကလေးမွေးသော အခါ ဘယ်လိုမွေးရမလဲဆိုတာကို စဉ်းစားကြလိမ့်မည်။ အများစုက သူတို့၏ အရပ်ကြောင့် ရိုးရိုးမွေးရမည့်အစား ခွဲမွေးရလိမ့်မည်ဟု ထင်နေကြသည်။ တကယ်တော့ သိပ္ပံနည်းကျ လေ့လာမှုများအရ အရပ်နှင့် မွေးဖွားမှုနည်းလမ်းကြား ဆက်နွယ်မှု အထောက်အထားများ မရှိပါ။ ထိုသို့ဆိုလျှင် အချို့အမျိုးသမီးများ ရိုးရိုးမမွေးဘဲ ဘာကြောင့် ခွဲမွေးရသလဲဆိုသော အကြောင်းရင်း အချို့ကို ဤဆောင်းပါးတွင် ရှင်းလင်းဖော်ပြထားပါသည်။

    အရပ်ပုသော အမျိုးသမီးများ ခွဲမွေးဖို့ လိုအပ်သလား။

    ခွဲမွေးဖို့ ရွေးချယ်ရသော ပထမဦးဆုံးအကြောင်းရင်းမှာ မိခင်တင်ပါးဆုံအရိုးကွင်း အရွယ်အစားနှင့် ကလေး အရွယ်အစား အချိုး မမျှတသောကြောင့် ဖြစ်သည်။ အရပ်ပုသော အမျိုးသမီးများသည် အများအားဖြင့် တင်ပါးဆုံးအရိုးကွင်း သေးပြီးကျဉ်းတတ်သည်။ ထို့ကြောင့် တင်ပါးဆုံးအရိုးကွင်း ကြီးပြီးကျယ်သော အမျိုးသမီးများထက် မွေးဖွားရ ပိုခက်တတ်သည်။

    သို့သော် မီးဖွားစဉ် ဆရာဝန်က သားအိမ်ခေါင်း ပွင့်မပွင့်၊ ကျဉ်းမကျဉ်းကို သေချာလေ့လာပါသည်။ ကလေးဦးခေါင်းအရွယ်အစား နှင့် သားအိမ်ညှစ်အားကိုလည်း ကြည့်ပါသည်။ မီးဖွားဖို့ အခက်အခဲတစ်စုံတစ်ရာ ရှိမှသာလျှင် ခွဲမွေးဖို့ ထောက်ခံပါသည်။ သင့်ကလေး အနေအထား ၊ နှလုံးခုန်သံ တစ်စုံတစ်ရာ ပြဿနာရှိလျှင်လည်း ခွဲမွေးဖို့လိုအပ်ပါလိမ့်မည်။ အထက်ပါ အချက်အားလုံးသည် သင့် ခန္ဓာကိုယ် အရွယ်အစားနှင့် သက်ဆိုင်မှုမရှိပါ။

    ခွဲမွေးခြင်းအကြောင်း သင်ဘာတွေသိဖို့ လိုအပ်သလဲ။

    သင်ခွဲမွေးဖို့ လိုအပ်သော အခြေအနေမျိုးတွင် သင့်အတွက် အကူအညီဖြစ်စေမည့် အချက်အလက်အချို့ကို အောက်တွင် ဆက်လက် ဖော်ပြထားပါသည်။

    ပထမဦးဆုံး သင်မွေးဖွားမည့်ရက်ကို သတိထားရမည်။ ထိုရက်မတိုင်ခင် ရက်သတ္တပတ် များစွာထဲက ဆေးရုံသို့ သွားပြပြီး ဗိုက်အပ်ထားရမည်။ မမွေးခင် ညတွင် သင်ပြင်ဆင်ရမည့် အရာများစွာ ရှိပါသည်။ သင်ခွဲမွေးမည့် အချိန်တွင် ခါး ထုံဆေးထိုးရမည်။ ခါးနေရာတွင် ဆေးထိုးပြီးသောအခါတွင် သင်ခွဲစိတ်နေစဉ်တစ်လျှောက် ထုံသွားလိမ့်မည်။ ထို့နောက် ခွဲမွေးပြီးနောက် ၂၄ နာရီအတွင်း အိမ်သာထသွားခြင်းကို ရှောင်ရှားနိုင်ရန် ဆီးပိုက်ထည့်ရမည်။

    ဆီးပိုက်ထည့်ခြင်းသည် သက်သောင့်သက်သာ မဖြစ်သောကြောင့် ဆီးပိုက်မထည့်ခင် ခါးထုံဆေးထိုးပေးရန် ဆရာဝန်ကို အကူအညီတောင်းပါ။ ထို့နောက်တွင် အစာအိမ် အက်ဆစ်အရည်များကို ရှင်းလင်းဖို့ ဆေးပေးလိမ့်မည်။ သင်သည် အအန်ပျောက်ဆေးကိုလည်း တောင်းနိုင်သည်။ ခါးထုံဆေး မထိုးခင် ထိုဆေးအသုံးပြုခြင်းဖြင့် ပျို့အန်ခြင်းကို ကာကွယ်ပေးသည်။

    ထို့ပြင် ခွဲစိတ်မှုမတိုင်ခင် သင့်ဆရာဝန်၏ ထောက်ခံချက်ဖြင့် သွေးစစ်မှု အချို့ပြုလုပ်ရမည်။ သင့်သွေးအခြေအနေကို စစ်ဆေးခြင်းဖြင့် ခွဲစိတ်စဉ် သွေးသွင်းဖို့ လိုအပ်နိုင်သည့် ဖြစ်တောင့်ဖြစ်ခဲ အခြေအနေမျိုးအတွက် ကြိုတင်ပြင်ဆင်ထားဖို့ အကူအညီပေးသည်။ သင်ခွဲစိတ်မည့်နေရာကိုလည်း သန့်ရှင်းသင့်ပါသည် (ဆီးခုံမွေးရိတ်ခြင်း)။ ခွဲစိတ်မည့်နေရာ ရှင်းလင်းဖို့အတွက် သူနာပြုဆရာမက သင့်အစား ပြုလုပ်ပေးနိုင်ပါတယ်။ ထိုနည်းအားဖြင့် ခွဲစိတ်မှုစတင်သောအခါတွင် သင်သည် နာကျင်မှုကို ခံစားရမည်မဟုတ်ပါ။

    နောက်ဆုံးအရာမှာ ဆေးရုံတက်ဖို့ အိတ်ပြင်ဆင်ခြင်းပဲဖြစ်ပါတယ်။ ထိုအိတ်ထဲတွင် အဝတ်မှစပြီး သွားပွတ်တံအထိ သင်လိုအပ်သည်များကို ထည့်ဖို့ စီစဉ်ထားသင့်ပါသည်။

    အချုပ်ဆိုရသော် သင်သည် အရပ်ပုနေသည်ဆိုသော အကြောင်းတစ်ခုတည်းနှင့် ခွဲမွေးရမည်ကို စိတ်ပူနေဖို့ မလိုအပ်တော့ပါဘူး။ သို့သော် ခွဲမွေးခြင်းနှင့် ပတ်သက်ပြီး များများသိရှိထားပါက သင့်ရင်သွေးလေးကို ကြိုဆိုဖို့ ပိုမိုကောင်းမွန်စွာ ပြင်ဆင်နိုင်ရန် ကူညီပေးပါသည်။ သင့်ဆရာဝန်ကို မေးခွန်းများမေးပြီး သင်စိတ်ပူနေသော အရာများကို ပြောဆိုမျှဝေခြင်းဖြင့် သင့်မွေးဖွားမှုသည် ပိုမို အဆင်ပြေချောမွေ့ပါလိမ့်မည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. K Zin Thwe မှ ရေးသားသည်။ · 10/10/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement