backup og meta

မိခင်နို့တိုက်ခြင်းက ရင်သားတွဲကျခြင်းကို မလွဲမသွေဖြစ်စေနိုင်သလား

မိခင်နို့တိုက်ခြင်းက ရင်သားတွဲကျခြင်းကို မလွဲမသွေဖြစ်စေနိုင်သလား

ကလေးနို့တိုက်ခြင်းဟာ ရင်သားတွဲကျစေမယ်ဆိုတဲ့ ယုံတမ်းစကား ရှိခဲ့ပြီး ဒါဟာ မိခင် အသစ်တွေအတွက် ကြောက်မက်ဖွယ် ကောင်းပါတယ်။ တကယ်လို့ သင်ဟာ ကလေးကို နို့တိုက်ချင်ပေမယ့် ဒါကို စိတ်ပူနေတယ်ဆိုရင် စိတ်မပူပါနဲ့တော့။ သုတေသနတွေက ကလေးနို့တိုက်ခြင်းဟာ ရင်သားရဲ့ ပုံပန်းသဏ္ဍာန်ကိုရော၊ အရွယ်အစားကိုပါ အကျိုးသက်ရောက်မှု မရှိဘူးလို့ ဆိုကြပါတယ်။

ဘာကြောင့် သိပ္ပံပညာကဒီလို ပြောတာလဲ။

သင်ဒါကို သတိထားမိပြီး ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်မှာ ရင်သားတွေကို ထောက်ပံ့ပေးရတဲ့ အရွတ်တွေဟာ ဆန့်လာတာကြောင့် ရင်သားတွေဟာ ပြည့်လာပြီး လေးလံလာပါလိမ့်မယ်။ ဒီလို ဆွဲဆန့်ခြင်းဟာ သင်ကလေးကို နို့တိုက်သည်ဖြစ်စေ၊ မတိုက်သည်ဖြစ်စေ ကလေးမွေးပြီးချိန်မှာ ရင်သားတွဲကျခြင်းရဲ့ အဓိက တရားခံဖြစ်နိုင်ပါတယ်။ နောက်တစ်ကြိမ် ကိုယ်ဝန် ရှိတိုင်းမှာ ဒါဟာ ပိုပြီး သိသာ ထင်ရှားလာနိုင်ပါတယ်။ အသက်ကြီးခြင်းနဲ့ ဆေးလိပ်သောက်ခြင်းဟာလည်း အရေပြားရဲ့ ကျုံ့နိုင်ဆန့်နိုင်စွမ်းကို နည်းပါးစေတာကြောင့် ရင်သားတွဲကျခြင်းကို ဖြစ်စေနိုင်ပါတယ်။ ကိုယ်အလေးချိန်များခြင်း၊ ရင်သားကြီးခြင်းတွေကလည်း အတူတူပါပဲ။ ဒါကြောင့် ရင်သားတွဲကျခြင်းအတွက် ကလေးနို့တိုက်ခြင်းကိုသာ အပြစ်တင်ခြင်း မပြုသင့်ပါဘူး။

ဘရာတွေဟာ ရင်သားတွဲကျခြင်းကို ကာကွယ်နိုင်ပါသလား။

ရင်သား ပင့်တင့်ပေးတဲ့ ဘရာတွေဟာ ရင်သားတွဲကျခြင်းကို ကာကွယ်နိုင်တယ်လို့ ယုံကြည်ကြပါတယ်။ ဒါပေမယ့် ဒါကို ထောက်ခံပေးမယ့် သက်သေတော့ မရှိပါဘူး။ တကယ်လို့ အိပ်တဲ့အချိန်မှာ ဘရာဝတ်ခြင်းဟာ သင့်ကို သက်တောင့်သက်သာ ဖြစ်စေတယ်ဆိုရင် ဝတ်ပါ။ ဒါပေမယ့် ဒါဟာ သင့်ရင်သားတွေအတွက် စိတ်ချရတယ်လို့တော့ မမျှော်လင့်ပါနဲ့။ ဒါပေမယ့် ကျွမ်းကျင်သူတွေက လေ့ကျင့်ခန်းလုပ်တဲ့အခါ ရင်သား တုန်ခါမှု များခြင်းကနေ ကာကွယ်ဖို့ အထူးဘရာ တွေ ဝတ်ဆင်ဖို့တော့ အကြံပြုထားကြပါတယ်။

သေးငယ်တဲ့ ရင်သားတွေကရော တွဲကျနိုင်ပါသလား။

ဖြစ်နိုင်ပါတယ်။ ရင်သားသေးငယ်တဲ့ အမျိုးသမီးတွေဟာလည်း ကလေးနို့တိုက်သည်ဖြစ်စေ၊ မတိုက်သည်ဖြစ်စေ တွဲကျနိုင်ပါတယ်။ ရင်သားတွဲကျခြင်းဟာ သင့်ရဲ့ ရင်သားတစ်ရှူးနဲ့ အဆီ အချိုးအစားပေါ်မှာ မူတည်ပါတယ်။ တကယ်လို့ သင့်မှာ အဆီနဲ့ ယှဉ်ရင် ရင်သားတစ်ရှူးတွေ များနေတယ်ဆိုရင် သင့်ရဲ့ ရင်သားသိပ်သည်းမှု များတာကြောင့် ရင်သားသိပ်သည်းမှု နည်းသူတွေနဲ့ ယှဉ်ရင် ရင်သားတွဲကျနှုန်းနည်းပါးမှာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်းဟာ ကူညီပေးပါသလား။

အဖြေကတော့ ကူညီမပေးနိုင်ပါဘူး။ ရင်သားတွေမှာ ကြွက်သား မပါဝင်ပါဘူး။ ဒါကြောင့် ရင်သားကို ပြန်လည်တင်းရင်းစေတဲ့ လေ့ကျင့်ခန်း မရှိပါဘူး။ ဒါပေမယ့် ရင်ဘတ်လေ့ကျင့်ခန်းတွေကတော့ အနည်းငယ် ကူညီပေးနိုင်ပါတယ်။ ရင်သားပတ်ပတ်လည်က ကြွက်သားတွေကို မြှင့်တင်ခြင်းဟာ ရင်သားတွေကို အနည်းငယ် ကြည့်ကောင်းစေမှာ ဖြစ်ပါတယ်။

ရင်သားတွဲကျခြင်းကို ဘယ်လိုသက်သာအောင် လုပ်မလဲ။

ရင်သားတွဲကျခြင်းဟာ ကလေးမွေးပြီးချိန်မှာ ရှောင်လွှဲလို့မရပေမယ့် ဒါကို နည်းပါးစေမယ့် နည်းလမ်းတွေတော့ရှိပါတယ်။

  • ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း
  • ကိုယ်အလေးချိန် အလျင်အမြန် တက်ခြင်း၊ ကျခြင်းကို ရှောင်ကျဉ်ခြင်း
  • ဆေးလိပ်ဖြတ်ခြင်း တွေပဲ ဖြစ်ပါတယ်။

မိခင်တစ်ယောက် အနေနဲ့ ကလေးနို့တိုက်ခြင်းဟာ ကလေးငယ်အတွက် အကောင်းဆုံးဖြစ်ပါတယ်။ သင့်ကလေးကို ပြုစုပျိုးထောင်ပေးတဲ့အချိန်မှာ ရင်သားတွဲကျမှာကြောက်တဲ့ စိတ်တွေ မဝင်လာသင့်ပါဘူး။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-due-date]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Are sagging breasts inevitable after breast-feeding? http://www.mayoclinic.org/healthy-lifestyle/womens-health/expert-answers/sagging-breasts/faq-20058322 Accessed November 10, 2016.

5 Myths About Breast Sagging That Need To Go Away. http://www.prevention.com/health/sagging-breasts-myths Accessed November 10, 2016.

Do Breasts Regain Firmness After Breast-feeding? http://www.livestrong.com/article/489302-do-breasts-regain-firmness-after-breast-eeding/ Accessed November 10, 2016.

ယခုပုံစံ

23/09/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်မေမေ မီဆို သောက်လို့ရမလား!

ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား!


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement