backup og meta

ခါးထုံဆေးသုံး မီးဖွားခြင်း၏ အကျိုးကျေးဇူးနှင့် အန္တရာယ်များ

ခါးထုံဆေးသုံး မီးဖွားခြင်း၏ အကျိုးကျေးဇူးနှင့် အန္တရာယ်များ

ကိုယ်ဝန်ရှိနေတဲ့ မိခင်တစ်ယောက်အတွက် ကလေးမွေးစဉ်မှာ နာကျင်မှုသက်သာစေတဲ့ နည်းလမ်းတွေ အမြောက်အမြား ရှိကြပါတယ်။ အခုခေတ်မှာ အများဆုံးအသုံးပြုကြတဲ့နည်းလမ်းကတော့ အစွမ်းထက်ပြီး လူသုံးများတဲ့ epidural anaesthesia (ခါးထုံဆေး) ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဆေးကို လူတိုင်းမှာ အသုံးမပြုနိုင်ပါဘူး။ ဒါကြောင့် မိခင်တိုင်းဟာ ဒီနည်းလမ်းရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို သိရှိနားလည်ဖို့ အရေးကြီးပါတယ်။ ဒီတစ်ခေါက်တော့ ခါးထုံဆေးသုံး မီးဖွားခြင်း၏ အကျိုးကျေးဇူးနှင့် အန္တရာယ်များ အကြောင်း ပြောပြပေးချင်ပါတယ်။

ခါးထုံဆေးသုံး မီးဖွားခြင်း၏ အကျိုးကျေးဇူးနှင့် အန္တရာယ်များ

ခါးထုံဆေးသုံး မီးဖွားခြင်း၏ အကျိုးကျေးဇူးနှင့် အန္တရာယ်များ ကို အတူတူ တက်လေ့လာလိုက်ရအောင်နော်။

ခါးထုံဆေး (epidural) ဆိုတာဘာလဲ။

ခါးထုံဆေး ဟာ ကလေးမွေးစဉ်မှာ မိခင်ရဲ့ ကျောရိုးမှာရှိတဲ့ epidural space (ကျောရိုးဆစ်အာရုံကြောကို ဖုံးအုပ်ထားသောအလွှာ dura mater နဲ့ ကျောရိုးဆစ်ကြားနေရာ) အတွင်းကို ထိုးဆေးရတဲ့ ထုံဆေးဖြစ်ပြီး နာကျင်မှုကို သက်သာစေဖို့ သုံးတဲ့ ဆေးတစ်မျိုး ဖြစ်ပါတယ်။ ခါးထုံဆေးဟာ ကိုကိန်းကနေ ထုတ်ထားတဲ့ ဆေးတစ်မျိုး ဖြစ်ပြီး အမျိုးသမီးကိုယ်ခန္ဓာအတွင်း ဝင်ရောက်ပြီး ကျောရိုးမကို ထုံစေကာ နာကျင်မှုတွေကို ဦးနှောက်ကို ပို့ပေးခြင်းကို တားမြစ်ပေးပါတယ်။ တစ်ကိုယ်လုံးကို ထုံသွားမယ့်အစား ခါးထုံဆေး ဟာ ထိုးထားတဲ့နေရာ အနီးတစ်ဝိုက် ကိုယ်ခန္ဓာအောက်ပိုင်းမှာပဲ ထုံခြင်းကို ဖြစ်ပေါ်စေပြီး မိခင်ဟာ ကလေးမွေးတဲ့ အချိန်မှာ လုံးဝ သတိရှိနေမှာ ဖြစ်ပါတယ်။

များသောအားဖြင့် ကလေးမွေးတဲ့အချိန် သားအိမ်ခေါင်း ၄-၅ စင်တီမီတာ ပွင့်နေချိန်မှာသာ အသုံးပြုကြပါတယ်။

ခါးထုံဆေး အသုံးပြုခြင်းရဲ့ အကျိုးကျေးဇူးများ

  • ခါးထုံဆေးက အခြားဆေးတွေနဲ့ ယှဉ်ရင် နာကျင်မှု သက်သာစေတဲ့ အစွမ်းအထက်ဆုံးဆေးတစ်မျိုး ဖြစ်ပါတယ်။ အခြားဆေးတွေ အသုံးပြုတဲ့ အမျိုးသမီး ၁၀၀ မှာ ၂၈ ယောက်ဟာ ပထမတစ်ကြိမ်သုံးပြီး ဒုတိယ၊ တတိယ အကြိမ် ထပ်မံလိုအပ်နိုင်ပေမယ့် ခါးထုံဆေးကို အသုံးပြုတဲ့ အမျိုးသမီး အယောက် ၁၀၀ မှာ ၁ ယောက်ကသာလျှင် ခါးထုံဆေး နောက်တစ်ကြိမ် ထိုးဖို့ ထပ်လိုအပ်နိုင်ပါတယ်။
  • ခါးထုံဆေးက ကိုယ်ခန္ဓာအောက်ပိုင်းကိုသာ ထုံသွားစေတာမို့ မိခင်ဟာ ကလေးမွေးနေစဉ်အတွင်း သတိရှိနိုင်ပါတယ်။ ဒါကြောင့် သူမဟာ အသက်ရှူနည်း (သို့) အခြား သက်သောင့်သက်သာ ဖြစ်စေတဲ့ နည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။
  • အမျိုးသမီးတွေဟာ နာကျင်မှုကို မခံစားရတာကြောင့် သူမ ပင်ပန်းချိန်မှာ အနားယူနိုင်ပြီး ကလေးကို တွန်းထုတ်ဖို့ အားအင် ပိုမိုရရှိနိုင်ပါတယ်။
  • ခါးထုံဆေးက မိခင်ရဲ့ စိတ်ဖိစီးမှု၊ စိတ်ပူပန်မှု၊ မောပန်းမှု တွေကို သက်သာစေပြီး ကလေးမွေးတဲ့ ဖြစ်စဉ်ကို ပိုမို မြန်ဆန်စေနိုင်ပါတယ်။
  • ကလေးမျက်နှာက ပုံမှန် မိခင်ကျောရိုးဘက်ကို မျက်နှာမမူဘဲ ဗိုက်ဘက်ကို မျက်နှာမူထားတဲ့ အနေမထားမမှန်တဲ့ ပုံမျိုးဆိုရင်တောင် epidural injection နည်းက မိန်းမကိုယ် ကြွက်သားတွေကို ပြေလျော့စေလို့ ကလေးဆင်းရ လွယ်အောင် လုပ်ပေးနိုင်ပါတယ်။
  • နာကျင်တဲ့အခါမှာ သွေးပေါင်ချိန်တက်လေ့ရှိပါတယ်။ နဂိုတည်းက သွေးတိုးနေတဲ့ မေမေတို့ ဗိုက်နာတဲ့အချိန်ဆို သွေးပေါင်တက်တာ ပိုဆိုးတာပေါ့။ ခါးထုံဆေးက သွေးပေါင်ကျစေတာကြောင့် သွေးလည်းမတိုး အနာလည်း သက်သာစေပါတယ်။
  • အခန့်မသင့်လို့ ညှပ်ဆွဲမွေးတာ၊ ခွဲမွေးရတာမျိုးတွေ လိုအပ်လာရင် နဂိုတည်းက epidural injection နည်းသုံးထားတော့ လွယ်လွယ်ကူကူပဲ အချိန်တိုအတွင်း ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
  • တခြားလေ့လာချက်တွေ ပြောထားတာကတော့ ခါးထုံဆေးနဲ့ ကလေးမွေးတဲ့သူအများစုရဲ့ တင်ပဆုံထိန်းကြွက်သားဟာ ကလေးမွေးစဉ်အတွင်း ထိခိုက်မှု အများကြီး မဖြစ်ဖူးလို့ဆိုပါတယ်။

ခါးထုံဆေး ရဲ့ ဆိုးကျိုးများ

မိခင်ဟာ ခါးထုံဆေး ပမာဏများများ အသုံးပြုလေလေ ဆေးရဲ့ မလိုလားအပ်တဲ့ ဆိုးကျိုးတွေကို ခံစားရလေလေ ဖြစ်နိုင်ပါတယ်။

  • ပျို့ခြင်း၊ ခေါင်းမူးခြင်းတို့ ခံစားရနိုင်ပါတယ်။
  • ဖျားတတ်ပါတယ်။ ခါးထုံဆေး အသုံးပြုတဲ့ အမျိုးသမီးတွေဟာ အခြား နာကျင်မှုသက်သာဆေးတွေ အသုံးပြုသူတွေထက် ပိုမို ဖျားနာတတ်ပါတယ်။
  • ဆီးသွားရခက်နိုင်ပါတယ်။
  • ရက်အနည်းငယ် ကြာအောင် ခေါင်းအပြင်းအထန် ကိုက်တတ်ပါတယ်။ ထိုးဆေးက သိပ်နက်သွားရင် ဦးနှောက်ရည်ကြည်တွေ ယိုစိမ့်တာကြောင့် ခေါင်းကိုက်ရတာပါ။
  • ခါးဆစ်ရိုးထဲ ထုံဆေးထိုးသွင်းရတာဖြစ်တဲ့အတွက် ခါးနာတာ၊ ချမ်းတုန်တာနဲ့ မူးဝေတာမျိုးတွေကို ယာယီခံစားရတတ်ပါတယ်။
  • ခါးထုံဆေးကြောင့် မိခင်ရဲ့ သွေးပေါင်ချိန် ကျသွားတတ်ပြီး ကလေးနှလုံးခုန်နှုန်းပါ နှေးလာခဲ့မယ်ဆိုရင် အရေးပေါ်ခွဲမွေးရတာမျိုး ရှိနိုင်ပါတယ်။
  • ရှိတော့ရှိပေမယ့် ရှားပါးတဲ့ ကိစ္စတစ်ခုကတော့ ဆေးထိုးနေတဲ့ အချိန်အတွင်း အာရုံကြောတွေကို ထိခိုက်မိသွားတာမျိုးတွေလည်း ရှိတတ်ပါတယ်။
  • ခါးထုံဆေးတွေကြောင့် အောက်ပိုင်း ထုံနေတာမျိုးက ကလေးမွေးပြီး အချိန်တော်တော်ကြာတဲ့အထိ ဆက်ရှိနေတတ်ပါတယ်။

အားနည်းချက်၊ အားသာချက်တွေ ရှိတာကြောင့် ခါးထုံဆေး သုံးဖို့ လိုမလို ဆိုတာကို မမွေးခင်မှာ ဆရာဝန်နဲ့ တိုင်ပင်ထားသင့်ပါတယ်။

[embed-health-tool-due-date]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Pregnancy and birth: Epidurals and painkillers for labor pain relief https://www.ncbi.nlm.nih.gov/pubmedhealth/PMH0072751/ Accessed December 15, 2016

Pain relief in labour https://raisingchildren.net.au/pregnancy/labour-birth/vaginal-caesarean-birth/pain-relief-in-labour Accessed December 15, 2016

Is a Painless Childbirth Possible? https://www.healthxchange.sg/women/pregnancy/is-painless-childbirth-possible Accessed December 15, 2016

Pain relief in labour https://www.nhs.uk/pregnancy/labour-and-birth/what-happens/pain-relief-in-labour/#:~:text=Pethidine%20injections%20in%20labour,to%20work%20after%20the%20injection. Accessed December 15, 2016

​​Pregnancy: Myths About Epidural Pain Relief​ https://www.healthxchange.sg/women/pregnancy/pregnancy-myths-epidural-pain-relief Accessed December 15, 2016

ယခုပုံစံ

23/02/2023

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မွေးဖွားရန်ဗိုက်နာခြင်းနှင့် သာမန်အနာပြခြင်းကို ဘယ်လိုခွဲမလဲ

ကလေးမီးဖွားရလွယ်ကူစေမယ့် နည်းလမ်းများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Hello Sayarwon Panel


Hello Sayarwon Panel မှ ရေးသားသည်။ · 23/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement