backup og meta

ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်မှု မြင့်တက်လာခြင်း

ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်မှု မြင့်တက်လာခြင်း

လတ်တလော စစ်တမ်းများအရ ဆယ်ကျော်သက်တွေကြားက ကိုယ်ဝန်ဆောင်မှုပြဿနာဟာ စိုးရိမ်ဖွယ်ရာအရှိန်နှုန်းနဲ့ တရှိန်ထိုးမြင့်တက်လျက်ရှိတယ်။

၂၀၁၂ မှာ တကမ္ဘာလုံးဆိုင်ရာကျောင်းက စုံစမ်းလိုက်ရာမှာတော့ အင်တာဗျူးလာရောက်ဖြေဆိုသော ဆယ်ကျော်သက်တွေမှာ အသက် ၁၃ နှင့် ၁၇ ကြားမှာရှိပါတယ်။ အနှီစစ်တမ်းက နိုင်ငံသားတွေကို မထင်ထားတဲ့ရလဒ်တစ်ခုပေးခဲ့ပါတယ် ဒါကတော့ အင်တာဗျူးလာဖြေတဲ့ ဆယ်ကျော်သက်တွေဟာ သူတို့ ၁၄ နှစ်မပြည့်သေးခင်မှာတင် လိင်ဆက်ဆံခဲ့ကြပါတယ်လို့ ဝန်ခံခဲ့ကြခြင်းဖြစ်ပါတယ်။

အဆိုပါ ပြဿနာအပေါ်တွင် မိဘတို့၏တာဝန်

၎င်းပြဿနာဟာ အစိုးရက ကျောင်းတွေ၊ အထူးသဖြင့် အလယ်တန်းကျောင်းတွေမှာ ပြည့်စုံကျယ်ပြန့်တဲ့ လိင်ပိုင်းဆိုင်ရာကျန်းမာရေးအသိပေးဖို့နောက်ကျတာကြောင့် ဆိုပြီး အစိုးရကိုအပြစ်တင်စောလို့မရပါဘူး။ ပထမဆုံးနဲ့ အဓိကတာဝန်က မိဘတွေဆီမှာပါ၊ သူတို့တွေက သူတို့ဆယ်ကျော်သက် သားတွေ သမီးတွေကို ခန္တာကိုယ်ရဲ့ အဖို အမ အင်္ဂါအစိတ်အပိုင်းတွေနဲ့ပက်သက်လို့ သင်ပြလမ်းညွှန်ပြောပြပေးသင့်တယ်ဆိုတာ သိဖို့လိုပါတယ်။

ဆယ်ကျော်သက်ကလေးတွေ လိင်ကိစ္စနဲ့ပတ်သတ်ပြီး

ဆုံးဖြတ်တာမှာ မိဘတွေရဲ့အခန်းကဏ္ဍကအရေးကြီးပါတယ်။ မိဘတွေနဲ့ သားသမီးတွေကြားက ရင်းနှီးမှုဟာ ဆယ်ကျော်သက်ကလေးတွေရဲ့ ရင့်ကျက်လာမှု၊ နားလည်သဘောပေါက်လာမှုတွေအပေါ် ကြီးမားတဲ့သက်ရောက်မှုရှိပါတယ်။ တကယ်လို့ ကလေးတွေဟာ အစောကတည်းက လိင်ဆက်ဆံမှု၊ အကာအကွယ်နဲ့လိင်ဆက်ဆံမှုတွေအကြောင်း သိရှိထားရင် ငယ်ရွယ်စဉ်လိင်ဆက်ဆံမှုတွေနဲ့ ကိုယ်ဝန်ရမှုတွေလိုမျိုး မကောင်းတဲ့နောက်ဆက်တွဲ ရလဒ်တွေကိုရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် အခြားသောဖြစ်နိုင်ချေရှိသည့် ကြမ်းတမ်းရိုင်းစိုင်းခြင်း၊ အရက်သေစာသောက်စားခြင်းတွေလို အန္တရာယ်များသော အမူအကျင့်တွေကိုလည်း လျှော့ချနိုင်ပါလိမ့်မယ်။

ဆယ်ကျော်သက်အရွယ်ကိုယ်ဝန်ဆောင်ခြင်းတွေဟာ မကြာခဏ လူမှုရေးပြဿနာ၊ လူမှုကွန်ရက်ရဲ့သက်ရောက်မှု၊ မဖွံ့ဖြိုးသေးသော ဒေသမှာနေထိုင်ခြင်း၊ ဆင်းရဲမှု၊ သွေးသားရင်းအချင်းချင်းဆက်ဆံမှု၊ အဓမ္မအကျင့်ခံရခြင်း စသည်တို့ကြောင့်လည်း မြင့်တက်တတ်ပါတယ်။ မိသားစုရဲ့ ပစ်ပယ်ထားမှုကလည်း တစ်ချက်အပါအဝင်ဖြစ်ပါတယ်။ ဆယ်ကျော်သက်မိန်းကလေးတွေဟာ ကိုယ်ဝန်ရရှိခြင်းအားဖြင့် မိဘတွေနဲ့ သူတို့အသိုင်းဝန်းတွေဆီကနေ အာရုံစိုက် ဂရုဏာသက်မှုကိုရှာဖွေတာမျိုးတွေတောင်ရှိလာတတ်ပါတယ်။

ရှောင်ရှားခြင်း သို့မဟုတ် သန္ဓေတားခြင်း

မိဘတွေဟာ သူတို့ရဲ့ဆယ်ကျော်သက်သမီးမိန်းကလေးတွေကို မလိုလားတဲ့ကိုယ်ဝန်ဆောင်ခြင်း၊ သန္ဓေမတားခြင်း ရဲ့ နောက်တက်တွဲရလဒ်တွေနဲ့ လိင်မှတဆင့်ကူးစက်တတ်သော ကူးစက်ရောဂါတွေရဲ့ ဆိုးရွားတဲ့အန္တရာယ်တွေကို သင်ပြထားသင့်ပါတယ်။

တချို့မိဘတွေက ဆယ်ကျော်သက်သားသမီးတွေကို ရှောင်ရှားဖို့ကိုပဲလမ်းပြညွှန်ကြားကြမယ်ဆိုပေမယ့် သန္ဓေတားခြင်းကိုလည်းလျစ်လျူမရှုသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လိင်ဆက်ဆံခြင်းကျန်းမာရေးအသိပေးမှုမှာ ရှောင်ရှားတာကအရေးကြီးတယ်ဆိုတာမှန်ပေမယ့် မိဘတွေက သားသမီးတွေအဲဒီအချက်ကိုလိုက်နာရဲ့လားဆိုတာ အမြဲတစေလိုက်ကြည့် မနေနိုင်ဘူးလေ။

လူတွေဟာ လိင်ဆက်ဆံခြင်းနဲ့ပတ်သတ်လာရင် မိဘတွေဆီက မသင်ယူထားရင် တခြားလူတွေဆီက သင်ယူမှာ အသေအချာမို့လို့ မလိုလားတဲ့ကိုယ်ဝန်ဆောင်မှုတွေ၊ ကလေးငယ်လေးတွေရဲ့ သေဆုံးမှုတွေ၊ အန္တာရယ်များတဲ့ကိုယ်ဝန်ဖျက်ချမှုနဲ့ ကလေးစွန့်ပစ်မှုတွေလို ဒုက္ခတွေကို ရှောင်ရှားနိုင်ဖို့အတွက် မိဘတွေဆီကသင်ယူတာကသာ ပိုပြီးသင့်တော်ပါလိမ့်မည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Teenage pregnancy on the rise in Malaysia. https://my.theasianparent.com/teenage-pregnancy-on-the-rise/.

Accessed March 04, 2017

ယခုပုံစံ

12/05/2022

Dr.Aye Myat Myat Noe မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်မေမေ မီဆို သောက်လို့ရမလား!

ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား!



Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement