backup og meta

ကိုယ်ဝန်ဆောင် ဆယ်ကျော်သက် သမီးငယ်ကိုကူညီပါ

ကိုယ်ဝန်ဆောင်ရခြင်းဟာ အမျိုးသမီးတစ်ယောက်အတွက် အခက်ခဲဆုံးအတေ့ွအကြုံဖြစ်ရပ်ပါ။ ထိုမိခင်လောင်းဟာ ဆယ်ကျော်သက်ဆိုရင် ပိုခက်ခဲတာပေါ့။ တကယ်လို့ သင့်ဆယ်ကျော်သက်သမီးငယ်ဟာ ထိုကဲ့သို့အခက်အခဲကို ရင်ဆိုင်နေရတယ်ဆိုရင်တော့ သင့်ဆီကနေ မေတ္တာတွေ အားပေးမှုတွေ နင့်နေအောင်လိုအပ်ပါလိမ့်မယ်။

အမြဲသူ့အတွက်ရှိနေပေးပါ

ဆယ်ကျော်သက်အရွယ် ကိုယ်ဝန်ဆောင်ရခြင်းဟာ ထိုကာယကံရှင်မိန်းကလေးနဲ့ သူ့မိသားစုအတွက်သာမက သက်ဆိုင်တဲ့ကောင်လေးအတွက်ပါ အိပ်မက်ဆိုးတစ်ခုပါ။ ဒေါသတွေ၊ အပြစ်တင်စိတ်တွေအပြီးမှာ သင့်သမီးငယ်ဟာ စိတ်ဓါတ်ကျမှုနဲ့ စိုးရိပ်ကြောင့်ကြမှုတွေ ကြုံနေရမှာပါ။ ဒါကြောင့် သူ့ကိုစကားပြောကြည့်ပြီး သူ့ရွေးချယ်မှုကို နားလည်ကူညီပေးဖို့ အရေးကြီးပါလိမ့်မယ်။

ထိုကိုယ်ဝန်နဲ့ပတ်သက်လို့ဘာလုပ်နိုင်မလဲ

•ကလေးကိုပျိုးထောင်ခြင်း

ဆယ်ကျော်သက်မိခင်အများစုဟာ သူတို့ကလေးကို ဆက်လက်ပျိုးထောင်တတ်ပါတယ်။ တချို့က ကလေးဖခင်နဲ့ လက်ထပ်လိုက်ကြသော်လည်း တချို့ကတစ်ဦးတည်းအဖြစ်သာ ရပ်တည်ပါတယ်။

သင်ရော၊ သင်တို့မိသားစုရော သမီးဖြစ်သူကို ကူညီနိုင်မယ်ဆိုရင်တောင်မှ ကလေးတစ်ယောက်ကို ပျိုးထောင်ရင်း ကျောင်းပြီးအောင်တက်ဖို့၊ အလုပ်ကောင်းကောင်းရဖို့ဆိုတာ ဘယ်လိုမှမလွယ်ပါဘူး။ ဒါကြောင့် သမီးဖြစ်သူက ကလေးကိုမွေးမြူမယ်လို့ ဆုံးဖြတ်မယ်ဆိုရင် ဘာတွေတွေ့ကြုံလာရမယ်၊ ဘာတွေကစောင့်ကြိုနေမယ်ဆိုတာ အရင်သိပါစေ။

•မွေးစားဖို့ ပေးလိုက်မယ်

ကလေးကိုမွေးစားဖို့ ပေးပစ်လိုက်မှာက နောက်ထပ်ရွေးစရာတစ်ခုပါ။ သမီးကထိုသို့ဆန္ဒရှိတယ်ဆိုရင်တော့ မွေးစားဖို့ပေးပစ်တာဟာဘယ်လိုမျိုးဆိုတာနဲ့ နောက်ပိုင်းကြုံလာရမယ့် စိတ်ဒုက္ခတွေကို သိထားစေဖို့လိုအပ်ပါတယ်။

တကယ်လို့ကလေးကိုမွေးချင်တယ် ပြောလာရင်ဘယ်လိုလုပ်မလဲ

ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်းဟာ ပုံမှန်အမျိုးသမီး ကိုယ်ဝန်ဆာင်ခြင်းထက် အများကြီးပိုအန္တရာယ်များပါတယ်။ ဆယ်ကျော်သက်မိခင်တွေဟာ နေ့မစေ့လမစေ့မွေးတာ၊ ပေါင်မပြည့်လေးတွေမွေးတာများတတ်ပါတယ်။ ဒါကြောင့် သမီးက ကလေးကိုမွေးဖို့ဆန္ဒရှိတယ်ဆိုရင် သင်ကူညီနိုင်မှာကတော့ :

-ကိုယ်ဝန်စောင့်ရှောက်ဖို့၊ ဗိုက်အပ်ဖို့အတွက် သေချာစီစဉ်ပေးပါ၊ သင့်သမီးနဲ့ သူ့ကလေး ကျန်းမာရေးအတွက် အမြဲမပျက်ကြည့်ရှုစောင့်ရှောက်နေဖို့ ကူညီပေးနိုင်အောင်ပါ။

-လိုအပ်ပါကလိင်ဆက်ဆံခြင်းမှ ကူးစက်တတ်တဲ့ရောဂါတွေကို ရှာဖွေစစ်ဆေးကုသပေးပါ။

-အာဟာရပြည့်ဝစွာစားသောက်ပါစေ

-တက်တက်ကြကြွနေဖို့လည်း အားပေးပါ။

-ကိုယ်ဝန်ဆောင်ချိန်မှာ အရက်သေစာတွေရဲ့ မကောင်းတဲ့အချက်တွေကိုပြောပြပေးပါ၊ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း မှီဝဲသမျှ ဆေးတိုင်းဟာ (ဆေးဆိုင်တွေမှအလွယ်တကူဝယ်ယူလို့ရသော အကိုက်အခဲပျောက်ဆေးကဲ့သို့ဆေးတွေတောင်မှ) ဆရာဝန်ခွင့်ပြုချက်ယူရပါမယ်။

-မီးဖွားမှုသင်တန်းတွေကို တက်ရောက်ပါစေ၊ ထိုသင်တန်းတွေက အတွေ့အကြုံမရှိသေးတဲ့ မိခင်လောင်းတွေအတွက် အထောက်အကူဖြစ်စေပါတယ်။ သမီးဖြစ်သူအတွက် ကိုယ်ဝန်ဆောင်ရန်၊ မီးဖွားရန် နဲ့ နို့်တိုက်တတ်ရန် ပြင်ဆင်ဖို့အခွင့်အရေးတွေရပါလိမ့်မယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Teenage pregnancy: Helping your teen cope. http://www.mayoclinic.org/healthy-lifestyle/tween-and-teen-health/in-depth/teen-pregnancy/art-20048124 Accessed April 6, 2017

ယခုပုံစံ

12/05/2022

Dr.Aye Myat Myat Noe မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်မေမေ မီဆို သောက်လို့ရမလား!

ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား!


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr.Aye Myat Myat Noe မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement