brand logo
Discover
Health Tools
Communities

Share

မမျိုးဥအိမ် ရေအိတ်တည်ခြင်း နဲ့ ကိုယ်ဝန်ရခြင်း မရခြင်း ။ ။

ဒီတစ်ခေါက်တော့ မမျိုးဥအိမ် ရေအိတ်တည်ခြင်း နဲ့ ကိုယ်ဝန်ရခြင်း မရခြင်း ။ ။ အကြောင်းလေး ပြောပြပေးချင်ပါတယ်။

မမျိုးဥအိမ် ရေအိတ်တည်ခြင်း နဲ့ ကိုယ်ဝန်ရခြင်း မရခြင်း ။ ။

မမျိုးဥအိမ် ရေအိတ်တည်ခြင်း ပြဿနာဟာ မိန်းကလေး တော်တော်များများမှာ ဖြစ်လေ့ရှိတဲ့ ပြဿနာတစ်ခုပါ။ ဖြစ်လေ့ရှိကြတဲ့ဆိုပေမယ့် မမျိုးဥအိမ်မှာ ရေအိတ်တည်တဲ့ ပြဿနာ ကိုယ့်မှာရှိနေတယ်ဆိုတဲ့အကြောင်း သိတဲ့ မိန်းကလေးတွေက နည်းပါတယ်။ အများစုကတော့ အာထရာဆောင်းရိုက်ရင်းနဲ့မှ မတော်တဆ တွေ့သွားတတ်ကြတာများပါတယ်။ ကြားဖူးကြတာရှိတယ်မလား။ မမျိုးဥအိမ်မှာ ရေအိတ်တည်ရင် ကိုယ်ဝန်ရဖို့ အနှောင့်အယှက်ရှိနိုင်တဲ့ ဆိုတဲ့ အကြောင်းတွေ။ ဒါတွေက အမှန်ပဲလား။

မျိုးဥအိမ်ကရေအိတ်နဲ့ ကိုယ်ဝန်အကြောင်း မပြောခင် မမျိုးဥအိမ်မှာ ရေအိတ်တည်တာ ဘယ်လိုဖြစ်တာလဲဆိုတဲ့အကြောင်း အရင်သိဖို့လိုအပ်ပါတယ်။

အမျိုးသမီးတစ်ယောက်ရဲ့ မျိုးပွားအင်္ဂါအစိတ်အပိုင်းမှာ မက်မွန်သီး နဲ့ ပုံစံရော၊ အရွယ်အစားပါ အတူတူ လောက် ရှိတဲ့ မျိုးဥအိမ် ၂ခုရှိပါတယ်။ မျိုးဥအိမ် တစ်ခုက သားအိမ် ရဲ့တစ်ဖက် တစ်ချက်စီမှာ တည်ရှိပါတယ်။ မျိုးဥတွေဟာ မျိုးဥအိမ် ထဲမှာ ကြီးထွားလာပြီး လစဉ် ဓမ္မတာ စက်ဝန်းကာလအတွင်းမှာ မျိုးဥအိမ်က ထွက်ရှိပါတယ်။

မျိုးဥအိမ် ရေအိတ် ဆိုတာ မျိုးဥအိမ်အတွင်းနဲ့ မျိုးဥအိမ် မျက်နှာပြင်ပေါ်မှာ ဖြစ်တတ်တဲ့ အရည်တွေပြည့်နေတဲ့ အိတ်ကိုခေါ်တာပါ။ မျိုးဥအိမ်ရေအိတ်တွေရဲ့ အရွယ်အစားကတော့ အမျိုးမျိုးရှိပြီး ပဲစေ့အရွယ်ကနေ လိမ္မော်သီးထက်ကြီးတဲ့ အရွယ်အထိ ရှိပါတယ်။ မျိုးဥအိမ်ရေအိတ်တည်တယ်ဆိုတာ ကင်ဆာရောဂါဖြစ်တာ လည်း မဟုတ်သလို အများစုက ကျန်းမာရေးအတွက် အန္တရာယ်လည်း မရှိတတ်ကြပါဘူး။

မျိုးဥအိမ် အမျိုးအစားများ

( ၁ ) Functional Cysts ( ရာသီစက်ဝန်းကြောင့်ဖြစ်ရတဲ့ ပုံမှန်ရေအိတ်)

  • Follicular cyst – မမျိုးဥထွက်လာဖို့ မျိုးဥကိုသိမ်းထားတဲ့ follicles လေးတွေ မပေါက်ကွဲဘဲ ကြီးလာတဲ့ပြဿနာ
  • Corpus Luteal cyst – follicle အဆင့်မှ ကော်ပတ်စ် လူတီယမ် (corpus luteum) အဆင့်ထိ ကြီးထွားလာပြီးနောက် တစ်ခါတစ်ရံ အရည်များက corpus luteum အထဲ စုမိနေတဲ့အခါ ရေအိတ် ဖြစ်လာနိုင်ပါတယ်။

( ၂ ) ပုံမှန်မဟုတ်ရောဂါကြောင်ဖြစ်သော ရေအိတ်များ

  • Dermoid Cyst – မျိုးဥအိမ် အရည်အိတ်အတွင်း ဆံပင်တွေ၊ သွားတွေရှိတဲ့အလုံးတည်တဲ့ပြဿနာ
  • Cystadenomas – Cystadenomas ဆိုတာ မျိုးဥအိမ်ရဲ့အပေါ်ယံ အလွှာပေါ်မှာ ဖြစ်ပွားလေ့ရှိတဲ့ ကျန်းမားရေး ဆိုးကျိုး မပေးတဲ့ အကျိတ်မျိုး ဖြစ်ပါတယ် Cystadenomas ရေအိတ် ၈၀ ရာခိုင်နှုန်းကတော့ ကျန်းမာရေး အန္တရာယ်မရှိကြဘဲ ၁၀ ရာခိုင်နှုန်းကတော့ အန္တရာယ်ပေးနိုင်တဲ့ အကျိတ်တွေ ဖြစ်နိုင်သလို ကျန်၁၀ကတော့ အန္တရာယ် ဖြစ်စေနိုင်တာက တစ်ဝက်၊ အန္တရာယ်တစ်ဝက်မျိုးနဲ့ ဖွဲ့စည်းထားပါတယ်။
  • Endometriomas – ဒီရေအိတ်တွေကတော့ သားအိမ် (uterus ) ရဲ့ အနားသတ်ဆဲလ်တွေက သားအိမ် အပြင်ဘက် ကြီးထွားတဲ့အခါ ဖြစ်ပေါ်တဲ့ ရေအိတ်တွေပါ။
  • Polycystic Ovary Syndromeဒါကတော့ သားဥအိမ်ပတ်လည်မှာ အရည်အိတ် အများကြီးတည်တဲ့ ပြဿနာတစ်ခုပါ။

မျိုးဥအိမ် ရေအိတ်နဲ့ ကိုယ်ဝန် ။ ။

တချို့ကြားဖူးနေကြသလို မျိုးဥအိမ်မှာ ရေအိတ်တည်ပြီဆိုတာနဲ့ ကလေးမရနိုင်တော့ဘူးဆိုတာ ၁၀၀ ရာခိုင်နှုန်း မှန်ကန်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ မျိုးဥမှာ ရေအိတ်ရှိပေမယ့်လည်း ကိုယ်ဝန်ရသွားတဲ့သူတွေ အများကြီးပါ။ ကိုယ်ဝန် ရခြင်း မရခြင်းဟာ ကိုယ်ဖြစ်နေတဲ့ မျိုးဥအိမ် ရေအိတ် အမျိုးအစားပေါ် မူတည်နေတဲ့ အရာပါ။ ခုပြောပြမယ့် မျိုးဥအိမ်ရေအိတ်တည်တဲ့ အမျိုးအစားတွေက ကိုယ်ဝန်ရဖို့ ခက်ခဲတာကို ဖြစ်စေတတ်ပါတယ်။

Endometriomasဒီရေအိတ်တွေကတော့ သားအိမ် (uterus ) ရဲ့ အနားသတ်ဆဲလ်တွေက သားအိမ် အပြင်ဘက် ကြီးထွားတဲ့ အခါ ဖြစ်ပေါ်တဲ့ ရေအိတ်တွေဖြစ်တာကြောင့် မမျိုးဥပြွန်ကို သွားပိတ်ပြီး ကိုယ်ဝန်ရနိုင်ချေကို လျော့ကျစေပါတယ်။ ဒါပေမယ့် Endometriomas ရေအိတ်တည်နေတဲ့သူတိုင်း ကလေးမရနိုင်ဘူးလို့ ပြောလို့မရပေမယ့် ကလေးမရတဲ့အမျိုးသမီး ၅၀ ရာခိုင်နှုန်းမှာ Endometriomas အရည်အိတ်ရှိနေတတ်ပါတယ်။ ဒီတော့ Endometriomas ကို ကာကွယ်ချင်ရင် လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ အရက်ကိုရှောင်ပါ။ ကဖင်းဓာတ်အများကြီးပါတဲ့ အချိုရည်တွေကို ကော်ဖီတွေကို လျှော့ပါ။

Polycystic Ovary Syndrome – ဒီ သားဥအိမ်ပတ်လည်မှာ အရည်အိတ်တည်တဲ့ ပြဿနာဟာ အမျိုးသမီးတွေ ကလေးမရနိုင်ခြင်းကို အများဆုံး ဖြစ်စေတဲ့အကြောင်းတစ်ခုပါ။ သားဥအိမ်မှာ အရည်အိတ်တွေ အများကြီးတည်နေတဲ့အခါ ပုံမှန်ထွက်ရမယ့် ဟော်မုန်းတွေ မထွက်တော့တာကြောင့် မမျိုးဥကို ထုတ်ပေးမယ့် Follicle လည်းမကွဲတော့ဘဲ အတွင်းမှာ အရည်တွေစုလာ၊ မမျိုးဥလေးလည်း ထွက်မလာ၊ ရာသီမှန်အောင် ထိန်းထားပေးတဲ့ progestrone ဟော်မုန်းလည်း ထွက်မလာတော့တာကြောင့် ကိုယ်ဝန်ရဖို့ ခက်ခဲသွားတာ ဖြစ်ရပါတယ်။

ကိုယ့်မှာ မျိုးဥအိမ်ရေအိတ်လည်းရှိတယ် ကိုယ်ဝန်လည်းရှိနေတယ်ဆိုရင် ဘယ်လိုလုပ်ရမလဲ ။ ။

ကိုယ်ဝန် စစချင်းကာလမှာ မျိုးဥအိမ်မှာ ရေအိတ်တည်တာမျိုးတွေ ဖြစ်တတ်တယ်ဆိုပေမယ့် အများအားဖြင့်တော့ စိုးရိမ်မရှိပါဘူး။ ဒါပေမယ့် ကိုယ်ဝန်တစ်လျှောက် ရေအိတ်ကဆက်ပြီး ကြီးထွားလာမယ်ဆိုရင် မီးဖွားချိန်မှာ အခက်အခဲဖြစ်နိုင်သလို၊ ရေအိတ်ပေါက်ကွဲသွားတတ်တာကြောင့် သားဖွားမီးယပ်ဆရာဝန်နဲ့ ကိုယ်ဝန်ကို အပ်ထားပြီး ပုံမှန်ကုသမှု ခံယူဖို့ လိုအပ်ပါတယ်။ ။

ရေးသားသူ – Dr. Thinl Yadanar

Hello Sayarwon Panel
Fact Checked by Hello Sayarwon Panel · Written by Hello Sayarwon Panel · Updated 02/02/2023

Was this article helpful?