backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

နေရာလွဲမှား သန္ဓေတည်ခြင်း (ectopic pregnancy) နဲ့ ပတ်သက်လို့ သိထားသင့်သည်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

နေရာလွဲမှား သန္ဓေတည်ခြင်း (ectopic pregnancy) နဲ့ ပတ်သက်လို့ သိထားသင့်သည်များ

ဒီခေတ်ကြီးမှာ နည်းပညာတွေ ဆန်းသစ်ထွန်းကား လာနေပေမယ့် ကျန်းမာရေး ပြဿနာတွေကတော့ မရိုးနိုင်အောင် ဖြစ်နေဆဲပါပဲ။ ကိုယ်ဝန်ဆောင်တာနဲ့ ပတ်သက်တဲ့ ပြဿနာတွေလည်း အပါအဝင်ပေါ့။ ဒီလို ပြဿနာတွေထဲက တစ်ခုက အသက်အန္တရာယ်ရှိတဲ့ အခြေအနေ တစ်ခုဖြစ်တဲ့ နေရာလွဲမှားသန္ဓေတည်ခြင်း (ectopic pregnancy) ပဲ ဖြစ်ပါတယ်။

ဒီ အခြေအနေဟာ ဆိုးရွားပြင်းထန်ပြီး အန္တရာယ်ရှိတဲ့အတွက် အမျိုးသမီး အများစုဟာ နေရာလွဲမှား သန္ဓေတည်မှာကို စိုးရိမ်ကြပါတယ်။ ဒါဟာ သူတို့ အလွန် မဟုတ်ပါဘူး။ နေရာလွဲမှားသန္ဓေတည်ခြင်းဟာ အသက်ဆုံးရှုံးတဲ့အထိ ဒုက္ခပေးနိုင်လို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် နေရာလွဲမှား သန္ဓေတည်ခြင်း (ectopic pregnancy) နဲ့ ပတ်သက်ပြီး သိထားသင့်တာလေးတွေကို ဒီဆောင်းပါးမှာ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

နေရာလွဲမှားသန္ဓေတည်ခြင်း (ectopic pregnancy) ဆိုတာဘာလဲ။

ပုံမှန်အားဖြင့် မမျိုးဥဟာ ဖိုသုက်ပိုးနဲ့ ထိတွေ့ပေါင်းစပ်ပြီးတဲ့နောက် မျိုးအောင်သွားတဲ့ ဥကလေးဟာ သားအိမ်မှာ တွယ်ကပ်ကာ တဖြည်းဖြည်းနဲ့ ကြီးထွားဖွံ့ဖြိုးလာရတာ ဖြစ်ပါတယ်။ ဒါပေမယ့် မျိုးအောင်သွားတဲ့ ဥကလေးဟာ သားအိမ်ထဲမှာ မဟုတ်ဘဲ တခြားနေရာတွေ(ဥပမာဗိုက်ထဲမှာ)မှာ ကပ်တွယ်သွားတဲ့အခါ နေရာလွဲမှား သန္ဓေတည်ခြင်း (ectopic pregnancy) ဖြစ်ပေါ်လာရပါတော့တယ်။ ဒါဟာ အင်မတန်အန္တရာယ်ကြီးတဲ့ အခြေအနေ ဖြစ်တဲ့အတွက် စောစီးစွာ ကုသမှုခံယူဖို့ လိုအပ်ပါတယ်။

ရောဂါလက္ခဏာတွေက ဘာတွေလဲ။

နေရာလွဲမှားသန္ဓေတည်ခြင်းဟာ ကနဦးမှာ ဘာရောဂါလက္ခဏာမှ ထူးထူးခြားခြား ပြလေ့မရှိပါဘူး။ ဒါကြောင့် သင့်အနေနဲ့ ကိုယ်ဝန် ပထမ သုံးလပတ်မှာဆရာဝန်နဲ့ မှန်မှန် ပြသစစ်ဆေး သင့်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ အောက်ပါလက္ခဏာတွေကို ခံစားနေရတယ်ဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး aရာဂါအခြေအနေကို ဖော်ထုတ်ကာ ဆေးကုသမှု ခံယူရပါမယ်။

• သွေး အနည်းငယ် ဆင်းခြင်း။

• ပျို့အန်ခြင်း၊ ဗိုက်နာ/အောင့်ခြင်း။

• ဗိုက်ထဲက စူးစူးပြီး အောင့်ခြင်း။

• ခန္ဓါကိုယ် တခြမ်းနာခြင်း။

• မူးဝေခြင်း၊ မေ့လဲခြင်း။

• ဗိုက်အောက်ပိုင်း၊ ပုခုံး၊ လည်ပင်းဒါမှမဟုတ် စအိုနားတဝိုက်မှာ နာခြင်း စတာတွေပဲ ဖြစ်ပါတယ်။

ဘယ်လိုအမျိုးသမီးတွေမှာဒါမျိုးဖြစ်တတ်သလဲ။

pelvic inflammatory disease လို့ခေါ်တဲ့ မျိုးပွားအင်္ဂါပိုးဝင် ရောင်ရမ်းတာ ဖြစ်ဖူးသူတွေ

• အသက် သုံးဆယ်နဲ့ အထက် အမျိုးသမီးတွေ။

• ဝမ်းဗိုက်၊သားဥပြွန် ဒါမှမဟုတ် မျိုးပွားအင်္ဂါတွေ ခွဲစိတ်မှု ခံယူထားဖူးသူတွေ။

• ဆေးလိပ် အလွန်အကျွံ သောက်သူတွေ။

• သဘာဝမဟုတ်တဲ့ နည်းနဲ့ ကလေးရအောင် လုပ်တဲ့အခါ မျိုးအောင်ပြီးသား ဥကို သားဥပြွန်ထဲမှာ ထားခဲ့ခြင်းစတဲ့ အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။

ဘယ်လိုကုသမလဲ။

သားဥပြွန် အတွင်းဖက်မှာ ပျက်စီးနေပြီဆိုရင် သွေးအလွန်အကျွံ ထွက်တာကို တားဆီးဖို့အတွက် အရေးပေါ် ခွဲစိတ်ကုသမှုကို ချက်ချင်း ပြုလုပ်ရမှာ ဖြစ်ပြီးတချို့ လူနာတွေမှာတော့ သန္ဓေသား တစ်သျှူးကြီးထွားမှုကို ရပ်တန့်ဖို့အတွက် ဆေးဝါးတွေကို သုံးစွဲဖို့ လိုမှာဖြစ်တာကြောင့် ဘယ်လိုကုသမှုမျိုးက အသင့်တော်ဆုံးဖြစ်မလဲ သိရှိနိုင်ဖို့အတွက် ဆရာဝန်နဲ့  ပြသတိုင်ပင်ဆွေးနွေး ရပါမယ်။

ကိုယ်ဝန်ထပ်ရနိုင်သေးလား။

မပူပါနဲ့။ နေရာလွဲမှားသန္ဓေတည်တာ တခါ ဖြစ်ဖူးတယ် ဆိုရင်လည်း သင့်အနေနဲ့ ကလေး ရနိုင်ပါသေးတယ်။ ဒါပေမယ့် သင် ဘယ်လိုကုသမှုမျိုးကို ခံယူခဲ့ရတယ် ဆိုတာနဲ့ သင့်ရဲ့ ကျန်းမာရေး အခြေအနေတွေ ပေါ်တော့ မူတည်နေပါသေးတယ်။ အကောင်းဆုံးသော ကုသမှုကို ရရှိနိုင်ဖို့အတွက် သင့်ဆရာဝန်နဲ့ တိုင်ပင်ပါ။

နေရာလွဲမှားသန္ဓေတည်ခြင်းဟာ အရမ်း အန္တရာယ်ကြီးတဲ့ အခြေအနေ တစ်ခု ဖြစ်ပေမယ့် မှန်ကန်သင့်တော်တဲ့ ကုသမှုတွေလည်း အများကြီး ရှိနေတာမို့ အမျိုးသမီးတွေ အနေနဲ့ နောက်အကြိမ်တွေမှာ ကျန်းမာကောင်းမွန်တဲ့ ကိုယ်ဝန်တွေကို ရရှိနိုင်ဦးမှာပဲ ဖြစ်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement