backup og meta

ကလေးနို့မပြတ်ခင် ကိုယ်ဝန်ရနိုင်ပါသလား

ကိုယ်ဝန်ဆောင်ခြင်းကအမျိုးသမီးတစ်ယောက်ရဲ့ ခန္တာကိုယ်မှာ မြင်ရသောပြောင်းလဲခြင်းတွေအပြင် မမြင်နိုင်သောအပြောင်းအလဲတွေလည်း ဖြစ်ပေါ်စေပါတယ်။ ခန္တာကိုယ်ရဲ့ပြောင်းလဲခြင်းတွေနဲ့ ကိုက်ညီသွားအောင် ဟော်မုန်ူတွေကလည်းတက်ခြင်း ကျခြင်းတွေဖြစ်ပေါ်သွားပါတယ်။

‘ပရိုလက်တင်’ဟုခေါ်သောဟော်မုန်းတမျိုးကကလေးကိုမွေးဖွားပြီးသောအခါ စောင့်ရှောက်နိုင်အောင် မိခင်ရဲ့ခန္တာကိုယ်မှာရင်သားများဖွံ့ထွားလာခြင်းနဲ့ နို့ရည်ထွက်ခြင်းတို့ကိုလုပ်ဆောင်ပေးပါတယ်။ ကလေးမွေးပြီးတဲ့အခါမှာမိခင်ရဲ့ဦးနှောက်ဟာကလေးစားသောက်တဲ့ပုံစံကိုသိရှိပြီးကလေးကြီးပြင်းလာတာနဲ့အမျှ နို့ထွက်နှုန်းကိုလည်း မြှင့်တင်ပေးတတ်ပါတယ်။ နို့တိုက်ကျွေးနေချိန်မှာဓမ္မတာဟာရပ်တန့်နေတာမျိုး၊ ဆင်းသော်လည်းပုံမှန်မဟုတ်တာမျိုးကြောင့် နို့တိုက်နေစဉ် ကလေးရဖို့ကမလွယ်ကူပါဘူး။

နို့တိုက်နေစဉ်ကိုယ်ဝန်ရနိုင်ပါသေးသလား

နို့တိုက်နေစဉ်အတွင်းမှာလည်းအကာအကွယ်မဲ့လိင်ဆက်ဆံမှုဖြင့် ကလေးရနိုင်ပါတယ်။ နို့တိုက်နေစဉ်မှာမျိုးပွားနိုင်စွမ်းလျော့နည်းနေတာကြောင့် ဖြစ်နိုင်ချေနည်းခြင်းသာဖြစ်ပါတယ်။ ဒါဆို နို့တိုက်ခြင်းဟာအမျိုးသမီးတို့ရဲ့ မျိုးပွားနိုင်စွမ်းတနည်းသားဥကြွေခြင်းကိုဘယ်လိုအနှောင့်အယှက်ပေးနေတာပါလဲ။

နို့တိုက်နေစဉ်အတွင်းမှာအမျိုးသမီးတွေရဲ့ခန္တာကိုယ်က ပရိုလက်တင်ဟော်မုန်း(နို့ထွက်စေသောဟော်မုန်း)တွေအများကြီးထုတ်ပေးပြီး ထိုဟော်မုန်းဟာသားဥကြွေဖို့ကိုအားပေးသောဟော်မုန်းတွေကိုတားဆီးပါတယ်။ ဒါကြောင့် ကလေးကိုနို့တိုက်တာများလေလေ၊ နောက်တစ်ကြိမ်ကိုယ်ဝန်ဆောင်နိုင်ဖို့ ကြာလေလေပါပဲ။

ကလေးညအိပ်နေတဲ့အချိန်မျိုးမှာဆိုရင်တော့ ပရိုလက်တင်ဟော်မုန်းကျဆင်းနေတတ်ပြီးမိခင်ရဲ့ခန္တာကိုယ်ကိုခဏအနားပေးထားပါတယ်။ မိခင်ဟာကလေးကိုမိခင်နို့အစား ဖြည့်စွတ်စာအစားထိုးကျွေးပြီဆိုလျှင်တော့ မျိုးပွားနိုင်စွမ်းဟာပုံမှန်ပြန်ဖြစ်သွားပါပြီ။ သို့သော်လည်းသားဥကြွေခြင်းပုံမှန်ပြန်ဖြစ်ရန်မှာ ၃လမှ ၈လအထိကြာမြင့်နိုင်ပါတယ်။ ကလေးကိုမကြာခဏနို့တိုက်ကျွေးလျှင်တော့ နို့ဟော်မုန်းကအလိုအလျောက်ကိုမြင့်တက်နေမှာဖြစ်ပြီးအချိန်အလိုက်ပြန်လည်ကျဆင်းသွားသော်လည်းရာသီသွေးပေါ်ဖို့တော့ တစ်နှစ်နီးပါးကြာမြင့်နိုင်ပါတယ်။

နို့တိုက်နေစဉ် သားဥကြွေမကြွေ ဘယ်လိုသိနိုင်မလဲ

နို့တိုက်နေစဉ် ကိုယ်ဝန်ဆောင်ဖို့မဖြစ်နိုင်တာဟာ.. ရာသီဓမ္မတာလာခြင်းမရှိလို့သားဥကြွေတာကိုမသိနိုင်လို့ပါပဲ။ များသောအားဖြင့် ကလေးမွေးပြီးစမှာလအနည်းငယ်ကြာအောင် ဓမ္မတာပျောက်ဆုံးနေတတ်သော်လည်းဒါဟာသင်ကမြုံသွားပြီလို့ ဆိုလိုတာမဟုတ်ပါဘူး။ တကယ်တော့ ကလေးမွေးပြီးပထမဆုံးသွေးမပေါ်ခင်တင်ပဲသင့်ခန္တာကိုယ်ကသားဥကြွေပါတယ်။ ဒါကြောင့်မျိုးပွားနိုင်မှုရဲ့လက္ခဏာတွေကိုသတိပြုထားဖို့တော့လိုအပ်တယ်။

  • မိန်းမကိုယ်မှ အကျိအချွဲဆင်းခြင်းဟာသားဥကြွေခြင်းရဲ့ ပထမလက္ခဏာဖြစ်ပါတယ်။ မိန်းမကိုယ်မှဆင်းတဲ့ အရည်ဟာ ဖြူဖြူပျစ်ပျစ်မှ အရောင်မဲ့ပြီးပုံမှန်အတိုင်းပြန်ကျဲလာရင် သင့်မျိုးပွားနိုင်စွမ်းပြန်တက်လာတာဖြစ်နိုင်ပါတယ်။
  • ကိုယ်အပူချိန်အနည်းငယ်တက်လာခြင်းဟာလည်းသားဥကြွေတာကိုပြနိုင်တယ်။ နေ့စဉ်ကိုယ်အပူချိန်ကိုတိုင်းထားပြီးအနည်းငယ်တက်လာတာကိုသတိထားမိရင် သားဥကြွေတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
  • အရောင်ပုံမှန်မဟုတ်တဲ့အရည်ဆင်းခြင်းဟာလည်းမျိုးပွားနိုင်မှုကိုပြတာဖြစ်နိုင်တယ်။ အမျိုးသမီးအများစုရဲ့ မီးဖွားပြီးနောက် ပထမဆုံးဓမ္မတာဟာပုံမှန်အနီရောင်သွေးအစားအညို သို့မဟုတ် ပန်းရောင်ဆင်းတာဖြစ်တတ်ပါတယ်။ ဒီလိုအရောင်ပြောင်းခြင်းဟာသင့်သားအိမ်ကပုံမှန်ဓမ္မတာကိုစတင်ဖို့အရှိန်ယူနေပြီလို့ ဆိုလိုပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Easy Ways of Getting Pregnant While Breastfeeding. http://www.newhealthadvisor.com/getting-pregnant- while-breastfeeding.html

Accessed March 16, 2017.

Breastfeeding While Pregnant. http://americanpregnancy.org/breastfeeding/breastfeeding-while- pregnant/
Accessed March 16, 2017.

ယခုပုံစံ

23/09/2022

Dr.Aye Myat Myat Noe မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် ခေါင်းကိုက်ရောဂါအကြောင်း

ကိုယ်ဝန်ဆောင်ခြင်း နှင့် အလှအပပိုင်းဆိုင်ရာနည်းလမ်းများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr.Aye Myat Myat Noe မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 23/09/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement