backup og meta

ကလေးယူရာတွင်မှားလေ့ရှိသော အချက် ၁၀ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Kaung Thar မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးယူရာတွင်မှားလေ့ရှိသော အချက် ၁၀ချက်

    အိမ်ထောင်သည် တော်တော်များများဟာ ကလေးယူဖို့ကြိုးစားတဲ့ နေရာမှာတူညီတဲ့အမှားမျိုးရှိနေတတ်ကြပါသည်။ ဒီအချက်တွေကြောင့် သင့်ရဲ့ကြိုးစားခြင်းရလဒ်ကို မပြောင်းလဲပါစေနှင့်။

    (၁) လိင်ဆက်ဆံမှုလုံလောက်စွာမရှိခြင်း

    သင့်အနေနှင့် အမျိုးသား၏ သုတ်ပိုးကို ထိန်းသိမ်းသည့်အနေနှင့် လိင်ဆက်ဆံ အကြိမ်ရေတွက်နည်းခြင်း(သို့)မမျိုးဥ ကြွေချိန်တွင်သာ လိင်ဆက်ဆံခြင်းဟာ ကိုယ်ဝန်ရခြင်းလွယ်ကူစေသည်ဟုထင်ပါလိမ့်မည်။ သို့သော် ရက်များစွာ လိင်ဆက်ဆံ မှုမရှိခြင်းကတော့ ကိုယ်ဝန်ရစေခြင်းကို ကြန့်ကြာစေပါသည်

    (၂) လိင်ဆက်ဆံမှုများခြင်း

    လိင်ဆက်ဆံမှုများခြင်းဟာ ကလေးရခြင်းကို မြန်စေသည်ဟူသော အယူအဆများလည်းရှိပါသည်။

    အကြိမ်ရေများများဆက်ဆံတာက သုက်ပိုးတွေရဲ့ အင်အားကို မလျော့သွားစေပေမယ့် ကလေးရအောင်လုပ်တဲ့နေရာမှာ ပြဿနာတွေတော့ ဖြစ်စေတာပါပဲ။

    (၃) ဆက်ဆံခြင်းနည်းတစ်မျိုးတည်းသာ အသုံးပြုခြင်း

    အများအားဖြင့် အမျိုးသမီးက အောက်မှ နေ၍ တင်ပါးမြင့်ဆက်ဆံခြင်းဟာ ကလေးရနိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းလို့ ယုံကြည်ကြပါတယ်။ အဲဒါက မှားပါတယ်။ သင်ဖြစ်ဖြစ် သင့်အဖော်ဖြစ်ဖြစ် အပေါ်မှာနေတာသော်လည်းကောင်း ပုံစံအသစ်ကို စမ်းသပ်ကြည့်တာသော်လည်းကောင်းလုပ်ပေမယ့်လည်း ရလဒ်ကတော့ အတူတူပါပဲ။

    (၄) အမျိုးသမီးအားအပြစ်တင်ခြင်း

    အိမ်ထောင်ရှင် စုံတွဲတွေ ကလေးယူခြင်းကြိုးစားချိန်ကြာမြင့်လာပါက စုံတွဲအပါအဝင် လူအများစုက အမျိုးသမီးမှာ တစ်ခုခုမှားယွင်းနေတယ်လို့ ယူဆကြတတ်ပါတယ်။ အမျိုးသားအများစုမှာ မိမိကြောင့် ဖြစ်နိုင်သည်ကို ဝန်မခံတတ်ခြင်းမှာလည်း မှားယွင်းသော အယူအဆဖြစ်ပါသည်။

    (၅) မမျိုးဥ ကြွေချိန်တွက်ချက်မှုမှားယွင်းခြင်း

    မမျိုးဥ ကြွေချိန်ကို အတိအကျတွက်ရန်မှာ မလွယ်ကူလှပါ။ အမျိုးသမီးအများစုမှာ ရာသီလာပြီးပထမရက်မှ စတင်၍ နောက်၁၄ရက်တွင် မျိုးဥ ကြွေသည်ဟု ယုံကြည်ထားကြသည်။ သို့သော် ရာသီစက်ဝန်းသည် အပြောင်းအလဲရှိနိုင်ပြီး မျိုးဥကြွေခြင်းသည် လတိုင်းမှာ အချိန်တစ်သမတ်တည်းမရှိပါ။ အမျိုးသမီးတော်တော်များများကတော့ မျိုးဥကြွေတဲ့လက္ခဏာတွေပေါ်မူတည်ပြီး သိနိုင်တယ်လို့ ထင်မှတ်မှားကြပါသေးတယ်။

    (၆) မမျိုးဥ ကြွေသော ရက်အတိအကျတွင် လိင်ဆက်ဆံခြင်း

    မမျိုူဥ ကြွေသောရက်မှသာ အတူနေပါက မမျိုးဥ၏ ရှင်သန်ချိန် ၂၄နာရီသာရှိတာမို့ အကယ်၍ မျိုးဥကြွေချိန် တွက်ချက်ခြင်းမှားယွင်းသွားပါက အခွင့်အရေးကောင်းကို လက်လွတ်သွားမည်စိုး၍ ဖြစ်ပါသည်။ သုတ်ပိုးသည် ရှင်သန်ချိန် သုံးရက်မှ ငါးရက်ထိရှိသည့်အတွက် မျိုးဥ မကြွေခင် ရက်များမှာ အတူနေခြင်းက ပို၍ အခွင့်အလမ်းများစေပါသည်

    (၇) ချော့မွေ့ဆီသုံးစွဲခြင်း

    လိင်ဆက်ဆံရန်ချောမွေ့ဆီ သုံးစွဲခြင်းက သုတ်ပိုး မျိုးဥဆီရောက်ရန် ခက်ခဲစေပါသည်။ ဒါကြောင့် ရွေးချယ်ဝယ်ယူရာတွင် သုတ်ပိုး မထိခိုက်စေသော(သို့) သဘာဝ ချောဆီ (သံလွင်ဆီ)ကို သုံးစွဲသင့်ပါသည်။

    (၈) ကျွမ်းကျင်ပညာရှင်ဆီ အလျင်စလိုသွားခြင်း

    ၂လ ၃လခန့် ကိုယ်ဝန်ရရန်ကြိုးစားပြီးလျှင် အိမ်ထောင်ရှင်စုံတွဲများမှာ စိုးရိမ်ပူပန်များလာတတ်ကြပါသည်။ ဒီအခြေအနေဟာ ချက်ခြင်း ကျွမ်းကျင်ပညာရှင်ဆီ သွားရန်မလိုသေးပါဘူး။ အကောင်းဆုံးအခြေအနေမျိုးမှာတောင် စုံတွဲတွေဟာ ကိုယ်ဝန်ရဖို့အတွက် လပေါင်းများစွာ စောင့်ဆိုင်းရတတ်ပါတယ်။

    (၉) အကူအညီအချိန်မီ မယူခြင်း

    ကိုယ်ဝန်ရရန် ကူညီပေးနိုင်သောဆရာဝန်ဆီသို့ မြန်မြန်ရောက်တာက နောက်ကျမှ ရောက်တာထက်တော့ ကောင်းပါသေးတယ်။ ဥပမာ အသက် ၃၅နှစ်ကျော်ပါက ၆လခန့် မိမိဘာသာကြိုးစားကြည့်၍ မရပါလျှင် ဆရာဝန်ဆီသို့ သိပ်နောက်မကျခင်သွားဆွေးနွေးသင့်ပါသည်။

    (၁၀) မိမိကျန်းမာရေးကို မေ့ထားခြင်း

    ကလေးရရန်ကြိုးစားနေသော စုံတွဲတိုင်း မျိုးပွားအဂါၤ ကျန်းမာရေးကိုသာ အလေးထားပြီး အလုံးစုံကျန်းမာရေးကို မေ့လျော့ထားတတ်ကြသည်။ ဒါပေမယ့် ကိုယ်အလေးချိန်တက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ စိတ်ဖိစီးမှုများခြင်းတို့ကလည်း ကိုယ်ဝန်ရရန် ခက်ခဲစေတာမို့ မေ့မထားသင့်ပါ။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Kaung Thar မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement
    advertisement iconadvertisement