တချို့ရှားရှားပါးပါး အခြေအနေတွေမှာ ဆီးထဲ ပရိုတင်း ဒါမှမဟုတ် သွေးပါနေခဲ့ရင် အဖြေမှားနိုင်ပါတယ်။ ဒါ့အပြင် အချို့သော ဆေးတွေကို သုံးစွဲနေရင်လည်း ကိုယ်ဝန် ရှိ မရှိ စစ်ဆေးတဲ့ အဖြေတိကျမှုကို ထိခိုက်စေပါတယ်။
အိမ်မှာ ဘယ်လိုစစ်ဆေးမလဲ။
ဒီစစ်ဆေးမှုဟာ အလွန်ရိုးရှင်းပြီး လမ်းညွှန်ချက်အတိုင်း အတိအကျလိုက်နာမယ်ဆိုရင် မှန်ကန်တိကျတဲ့ အဖြေကို ပေးပါလိမ့်မယ်။ စစ်ဆေးမှု ပြုလုပ်ဖို့ နည်းလမ်းအများအပြားရှိပါတယ်။ ဒါကတော့ လက်ကိုအသုံးပြုစရာမလိုတဲ့ စစ်ဆေးမှုပြုလုပ်ပုံပါ။
အဆင့် ၁ – အောက်ပါ နည်းလမ်းတွေထဲက တခုကို ရွေးချယ်နိုင်ပါတယ်။
- မနက်စောစော သွားတဲ့ ဆီးကို ခွက်တခုထဲမှာ ထည့်ပြီး ဆီးစစ်တံကို ဆီးထဲ နှစ်ပါ။
- ဆီးစစ်တံကို ဆီးသွားရာ လမ်းကြောင်းအောက်မှာ တိုက်ရိုက်ခံပါ။
- ဆီးကို ခွက်တခုထဲထည့်ပါ။ အစက်ချတဲ့ dropper လေးကို သုံးပြီး ဆီးစက်လေးတွေကို ဆီးစစ်တံပေါ် ချပေးပါ။
အဆင့် ၂ – ရလဒ်ပေါ်လာချိန်ထိ မိနစ် အနည်းငယ် စောင့်ဆိုင်းပါ။
အဆင့် ၃ – အဖြေကို ဖတ်ပါ။ သင်သုံးတဲ့ ပစ္စည်းပုံစံ အမျိုးအစားပေါ်မူတည်ပြီး အဖြေဖော်ပြတဲ့ ပုံကတော့ အနည်းငယ် ကွဲလွဲမှု ရှိနိုင်ပါတယ်။ တကယ်လို့ သင့်မှာ ကိုယ်ဝန် ရှိနေတယ်ဆိုရင် အဖြေက အောက်မှာပြထားတဲ့ ပုံစံတွေထဲက တမျိုးမျိုး ဖြစ်နိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။