backup og meta

ပထမကလေးမွေးပြီးနောက်တစ်ကြိမ် ကိုယ်ဝန်ရရန် သင် ဘာကြောင့် ခက်ခဲနေတာလဲ

ပထမကလေးမွေးပြီးနောက်တစ်ကြိမ် ကိုယ်ဝန်ရရန် သင် ဘာကြောင့် ခက်ခဲနေတာလဲ

စုံတွဲများသည် မိသားစုတွင် ကလေးတစ်ယောက်ထက် ပိုလိုချင်ကြသည်။ သို့သော် တစ်ခါတစ်ရံတွင် သူတို့၏ ဆုတောင်းသည် အလွယ်တကူ မပြည့်ဝတတ်ပါ။ အဘယ်ကြောင့်ဆိုသော် ပထမကလေး မွေးပြီးနောက်ပိုင်း ကိုယ်ဝန်ထပ်ဆောင်ရန် အခက်အခဲကြုံရသောကြောင့် ဖြစ်သည်။ ထိုအခြေအနေကို ယခင် ကလေးမွေးဖူးသော်လည်း နောက်ထပ် ကိုယ်ဝန်ဆောင်နိုင်စွမ်းမရှိခြင်း (Secondary infertility) ဟု ခေါ်ပါသည်။ ၎င်းသည် တစ်ခါမျှ ကိုယ်ဝန်မဆောင်နိုင်ခြင်း၊မြုံခြင်းထက် ပိုအဖြစ်များပါသည်။ ထိုကိစ္စဖြစ်ရခြင်း၏ နောက်ကွယ်တွင် အကြောင်းရင်းများစွာ ရှိပါသည်။

သင့်မျိုးပွားစနစ်တွင် ဖြစ်နိုင်ချေရှိသော ပြဿနာများ

ယေဘုယျအားဖြင့် သင်၏ ကိုယ်ဝန်ရနိုင်စွမ်းသည် အသက်အရွယ်အလိုက် ကျဆင်းသွားသည်။ အထူးသဖြင့် အသက် ၃၅ နှစ်နှင့် အထက်မှာပေါ့။ တစ်ဖက်တွင်လည်း သင်ကလေးမမွေးခင် (သို့) မွေးပြီးတွင် သင့် မျိုးပွားစနစ်၌ အခြားသော ပြဿနာများရှိကောင်းရှိနိုင်ပြီး ထိုပြဿနာက တဖြည်းဖြည်းပိုဆိုးလာတာဖြစ်နိုင်သည်။ သင့်ကိုယ်ဝန်ဆောင်နိုင်စွမ်းကို နှောင့်ယှက်နေသော ဖြစ်နိုင်ချေ အခြေအနေများအားလုံးကို သိရှိဖို့ သင့်ဆရာဝန်နဲ့ တိုင်ပင်ဖို့ အရေးကြီးပါသည်။ မမျိုးဥပြဿနာ၊ သားအိမ် (သို့) သားဥပြွန် ပျက်စီးမှု၊ မျိုးပွားအင်္ဂါရောင်ရမ်းမှု၊ သားအိမ်အလုံး ပိတ်ဆို့မှု စသည့်ပြဿနာများအပါအဝင်ပေ့ါ။ ထို့ပြင် အသက်အရွယ်နှင့် ဆီးချိုသွေးချိုရောဂါပေါ်လိုက်ပြီး ကိုယ်ဝန်ပျက်ကျနိုင်ချေ များတတ်သည်။

သင့်အိမ်ထောင်ဖက် နှင့် ဖြစ်နိုင်သော ပြဿနာများ

အသက် ၃၅ နှစ်ဆိုသောအရွယ်သည် အမျိုးသား ၊ အမျိုးသမီး နှစ်ဦးလုံးအတွက် မျိုးအောင်နိုင်ချေ ကျဆင်းသွားသော အရွယ်ဖြစ်သည်။ အကယ်၍ သင့်အိမ်ထောင်ဖက်သည် အသက် ၃၅ နှစ် နှင့် အထက်ဖြစ်လျှင် သူ၏ ဟော်မုန်း၊ ပြွန်လမ်းကြောင်း နှင့် သုက်ပိုးတို့သည် ပိုမိုအားနည်းလာသည်။ သို့မဟုတ်ပါက သူ့တွင် ကျန်းမာသော သုက်ပိုးအရေအတွက်နည်းခြင်း (သို့) အရည်အသွေးမမီသော သုက်ပိုးများရှိနေခြင်း တို့ကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ အရည်အသွေးညံ့သော သုက်ပိုးဆိုသည်မှာ မမျိုးဥဆီရောက်ဖို့ ခရီးဝေးကို သွားရန် လုံလောက်သော သန်စွမ်းမှုမရှိသည့် သုက်ပိုးကို ဆိုလိုသည်။

ဘဝနေထိုင်မှုပုံစံပြောင်းလဲခြင်း

ဘဝနေထိုင်မှုပုံစံသည် ကိုယ်ဝန်ရရှိစေရန် အလွန်အရေးကြီးသော ကဏ္ဍမှ ပါဝင်သည်။ ယခင်ကလေးရပြီးနောက်ပိုင်း ကိုယ်ဝန်ထပ်မဆောင်နိုင်ခြင်း၏ ပြဿနာသည် နေထိုင်မှုပုံစံပြောင်းလဲသွားခြင်းကနေလည်း စတင်ဖြစ်နိုင်သည်။ အဝလွန်ခြင်း၊ ပိန်ကပ်ခြင်း နှစ်မျိုးစလုံးသည် မျိုးအောင်နိုင်စွမ်းကို ထိခိုက်သောကြောင့် သင့်အတွက် အသင့်တော်ဆုံး ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားဖို့ အရေးကြီးသည်။ ထို့ပြင် အရက် နှင့် ဆေးလိပ်သည်လည်း မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေသော အချက်များဖြစ်ပါသည်။

အခြား အမျိုးအမည်မသိသော အကြောင်းရင်းများ

အထက်တွင် ဖော်ပြခဲ့သော အချက်များအပြင် စုံတွဲအများစုသည် အကြောင်းရင်းမရှိဘဲ ကိုယ်ဝန်ထပ်မရနိုင်သော ပြဿနာကို ကြုံနေရဆဲဖြစ်သည်။ သို့ရာတွင် ထိုလူဦးရေ၏ ၁၅ ရာခိုင်နှုန်းသည် တစ်နှစ်နောက်ပိုင်းတွင် ကိုယ်ဝန်ရရှိအောင်မြင်ပြီး ၃၅ ရာခိုင်နှုန်းက နှစ်နှစ်နောက်ပိုင်းတွင် ကိုယ်ဝန်ထပ်ရသွားကြသည်။ အသက် ၃၀ အောက် စုံတွဲများသည် အသက် ၃၀ အထက် စုံတွဲများထက် ပိုပြီး အခွင့်အလမ်းများသည်။ အကယ်၍ အချိန်တစ်ခုကြာသည်အထိ သင့်အားစိုက်မှုများ အရာမထင်ခဲ့လျှင် ဝမ်းနည်းစွာပင် ထိုအချိန်သည် သင်လိုချင်သော မိသားစုအရေအတွက်ကို လက်လျှော့သင့်သော အချိန်ဖြစ်ပါသည်။

ယခင်ကလေးမွေးဖူးသော်လည်း နောက်ပိုင်းကိုယ်ဝန်ထပ်မရခြင်း (Secondary infertility) ကို ဖြစ်စေသော အကြောင်းများစွာရှိပါသည်။ သို့သော် သင့်ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး သတင်းအချက်အလက် နှင့် မှန်ကန်သော ဖြေရှင်းနည်းအတွက် မျိုးပွားမှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်နှင့် ပြသတိုင်ပင်ဖို့ အရေးကြီးပါသည်။

Hello health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Secondary infertility: what is it? http://www.babycentre.co.uk/a563459/secondary-infertility-what-is-it. Accessed August 12, 2016.

ယခုပုံစံ

12/05/2020

Dr. K Zin Thwe မှ ရေးသားသည်။

Poe Ei Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကယ်လ်စီယမ်သည် ကိုယ်ဝန်ဆောင်ချိန်တွင် ဘာကြောင့် အရေးကြီးတာလဲ

ဖောလစ်အက်စစ် သည် ကိုယ်ဝန်ဆောင်စဉ် ဘာကြောင့် အရေးကြီးတာလဲ



Dr. K Zin Thwe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement