brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကိုယ်ဝန်ရစေနိုင်သော ဆေးဝါးများ

အချိန်မတိုင်မီ မျိုးဥကြွေခြင်းအား ဟန့်တားပေးသော ဆေးဝါးများ

Gonadotropin ထွက်စေသော ဟော်မုန်းဆေးများ (GnRH ပေါင်းစပ်ဆေးများ)

ကိုယ်ဝန်ရစေနိုင်သော ဆေးဝါးများ

Gonadotropin ထွက်စေသော ဟော်မုန်း ဆန့်ကျင်ဆေးများ (GnRH ဆန့်ကျင်ဆေးများ)

အရေပြားအောက် ထိုးဆေးပုံစံနဲ့ ၃-၄ရက်ခန့် နေ့စဉ် ထိုးပေးနိုင်ပါတယ်။ GnRH ဆန့်ကျင်ဆေးဟာ gonadotrophin ဟော်မုန်းထုတ်လွှတ်ခြင်းကို တားဆီးပေးပါတယ်။ ဒါကြောင့် မျိုးဥ ကောင်းကောင်း မဖွံ့ဖြိုးခင်ထိ မျိုးဥကြွေခြင်းကို တားဆီးပေးပြီး ဖန်ပြွန်သန္ဓေသားအတွက် စုဆောင်းပေးနိုင်ပါတယ်။ Gonadotrophin ဆေးမထိုးခင် ရက်အနည်းငယ်ကြိုပြီး သုံးစွဲနိုင်ပါတယ်။

ကိုယ်ဝန်မတည်နိုင်ခြင်း ကုသရန် အခြားဆေးဝါးများ

Progesterone

Progesterone ဟာ သားအိမ်အတွင်း သန္ဓေတည်စေခြင်း၊ ဖန်ပြွန်သန္ဓေသား တည်စေခြင်း စတာတွေ ပြုလုပ်ပြီးချိန်မှာ သားအိမ်နံရံကို ထူစေပြီး ကိုယ်ဝန်ကို ထိန်းသိမ်းပေးဖို့ အများဆုံး သုံးစွဲကြပါတယ်။ အသားဆေး၊ မိန်းမကိုယ်ထည့်ဆေး၊ လိမ်းဆေး၊ သောက်ဆေး စတဲ့ပုံစံတွေနဲ့ သုံးစွဲနိုင်ပါတယ်။ hCG ဟော်မုန်းဆေးထိုးပြီးချိန်ဖြစ်ဖြစ်၊ သန္ဓေသားလောင်းဟာ သားအိမ်ထဲရောက်ပြီး ၂ရက်လောက်နေရင်ဖြစ်ဖြစ် ဒီဆေးကို သုံးပါတယ်။ ကိုယ်ဝန်ကို ကောင်းစွာ ထိန်းသိမ်းပေးနိုင်တဲ့ Progesterone ဟော်မုန်းဟာ အချင်းကနေ လုံလုံလောက်လောက် ထွက်လာချိန်မှာ ဆေးသုံးစွဲမှုကို ရပ်တန့်နိုင်ပါတယ်။

Medrol

Medrol ဟာ စတီးရွိုက်ဆေး အပျော့စားတမျိုးဖြစ်ပြီး သန္ဓေသားလောင်း ကပ်တွယ်ဖို့ သားအိမ်နံရံကို အရောင်ကျစေခြင်းအားဖြင့် ကူညီပေးပါတယ်။ (သားအိမ်နံရံ ရောင်ရမ်းခြင်းဟာ သန္ဓေသား တွယ်ကပ်ခြင်းကို တားဆီးပေးပါတယ်။) သောက်ဆေးအနေနဲ့ သုံးစွဲပြီး ဓမ္မတာကာလမှာ ၄ရက်အထိ သောက်ပေးနိုင်ပါတယ်။

Carbegoline သို့ Bromocriptine

ပရိုလက်တင်ဟော်မုန်းပမာဏကို ထိန်းညှိပေးပြီး သန္ဓေမအောင်ခြင်းရဲ့ အကြောင်းအရင်းဖြစ်တဲ့ pituitary အကျိတ်ပမာဏကို ကျဆင်းစေဖို့ အများဆုံး အသုံးပြုတဲ့ ဆေးဖြစ်ပါတယ်။ ကျန်းမာရေး အခြေအနေနဲ့ ကုသမှုအပေါ် တုံ့ပြန်ချက်အပေါ် မူတည်ပြီး ဆေးပမာဏကို သတ်မှတ်ပါတယ်။ သုံးစွဲနေကြ ပမာဏကတော့

တပတ်မှာ ၂ကြိမ် သောက်ဆေးအနေနဲ့ ဖြစ်ပါတယ်။

ကိုယ်ဝန်မဆောင်နိုင်တဲ့ အမျိုးသမီး ၁၈၃ ယောက် အပေါ် ၂၀၁၀မှာ လုပ်ခဲ့တဲ့ သုတေသနအရ သူတို့ဟာ သွေးထဲမှာ ပရိုလက်တင်မြင့်တက်ခြင်းကို တွေ့ရှိရပါတယ်။ ဒီအမျိုးသမီးများကို Carbegoline နဲ့ ကုသရာမှာ Bromocriptine နဲ့ ကုသခြင်းထက် ပိုပြီး ထိရောက်တယ်လို့ ဆိုပါတယ်။

အောင်မြင်မှုနှုန်း

အမျိုးသမီးများ ကိုယ်ဝန်ဆောင်နိုင်စေဖို့ ဆေးဝါးကုသခြင်းတွေဟာ အောင်မြင်နှုန်းများပြီး ၅၀%ရဲ့ အထက်မှာ ရှိပါတယ်။ ဒါပေမယ့် အမျိုးသားများအတွက် အောင်မြင်နှုန်းကတော့ အတော်လေး နိမ့်ကျပါတယ်။

ကိုယ်ဝန်ဆောင်နိုင်စေသောဆေးများ၏ ဖြစ်နိုင်ခြေ ဘေးထွက်ဆိုးကျိုးများ

– အမြွှာကိုယ်ဝန် ရနိုင်ခြေရှိခြင်း

– ကိုယ်ဝန်ပျက်ကျနိုင်ခြေ၊ လမစေ့မီ မွေးနိုင်ခြေ ရှိခြင်း

– ရင်သားနာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ အနီပျဉ်များပေါ်ခြင်း

– ဗိုက်အောင့်ခြင်း၊ လေပွခြင်း

– စိတ်အပြောင်းအလဲမြန်ခြင်း၊ စိတ်ဓါတ်ကျခြင်း

– သွေးပေါင်ချိန်ကျခြင်း (Bromocriptine၊ Cabergoline ဆေးများနဲ့ ကုသရာတွင်)

– မျက်နာနီမြန်းခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thant Zin မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။