brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

မျိုးအောင်နိုင်စေမယ့် အာဟာရဓါတ်များ

ဆေးဝါးနည်းပညာတွေအပြင် သင့်ရဲ့ မျိုးအောင်နိုင်စွမ်းကို တိုးတက်စေမယ့် အကောင်းဆုံးနည်းလမ်းကတော့ စားသောက်မှုပုံစံပြောင်းလဲခြင်းပါပဲ။ စားနေကျ အစားအသောက်တွေကို အနည်းငယ်ပြောင်းလဲပြီး နေ့စဉ်နေ့တိုင်းဖြည်းဖြည်းချင်း တစ်ဆင့်ချင်းစီပြောင်းလဲပါ။ ဒီနောက်မှာတော့ ကိုယ်ဝန်ရနိုင်မယ့်အခွင့်အရေးတွေ အများကြီးတိုးလာပါလိမ့်မယ်။

မျိုးအောင်နိုင်စေမယ့် အာဟာရဓါတ်များ

သင့်ရဲ့ အစားအသောက်တွေထဲမှာ မရှိမဖြစ်ထည့်ထားရမယ့် ပစ္စည်း ၅မျိုးရှိပါတယ်။ ဒီအရာတွေက သင့်ကို အာဟာရတန်ဖိုးမြင့်စေပြီး မျိုးအောင်နိုင်စွမ်းကို တိုးမြှင့်ပေးမယ့် စွမ်းအင်ရင်းမြစ်ကြီးပါပဲ။

ဗီတာမင်နဲ့ သတ္တုဓါတ်တွေ

  • ဗီတာမင် D : နောက်ဆုံးလေ့လာချက်တွေမှာတော့ မျိုးမအောင်တဲ့အမျိုးသမီး ၆၇ယောက်မှာ ၇%ကသာ ဗီတာမင် D လယ်ဗယ်ပုံမှန်ဖြစ်နေပါတယ်။ မျိုးဥကြွေခြင်းကို ထိန်းချုပ်ပေးတဲ့ sex hormones တွေကို သင့်ခန္ဓါကိုယ်က ဖန်တီးပေးဖို့အတွက် ဗီတာမင် D ကို လိုအပ်ပါတယ်။
  • ဗီတာမင် E : သူကတော့ သုက်ပိုးတွေရဲ့ကျန်းမာရေးနဲ့ လှုပ်ရှားရွေ့လျားနိုင်စွမ်းကို တိုးတက်စေပါတယ်။ ဒါက သုက်ပိုးနဲ့ မျိုးဥရဲ့ DNAကို မပြောင်းလဲအောင် ကာကွယ်ပေးခြင်းဖြင့် ကလေးမှာ ပုံမှန်မဟုတ်တဲ့ကြီးထွားမှုဖြစ်နိုင်ခြင်းကို လျှော့ချပေးနိုင်ပါတယ်။
  • CoQ10 : CoQ10ကတော့ လူတွေအတွက် စွမ်းအင်ထုတ်လုပ်ပေးနိုင်ဖို့လိုအပ်တာပါ။ သူက မျိုးဥနဲ့ သုက်ပိုးကျန်းမာရေးကို Free radical ပျက်စီးခြင်းမှကာကွယ်ပေးနိုင်ပါတယ်။
  • ဗီတာမင် C : Fertility and Sterility ရဲ့ လေ့လာချက်တစ်ခုအရ ဗီတာမင် C ဟာ သုက်ပိုးရဲ့အရည်အသွေး၊လှုပ်ရှားမှု စတာတွေကိုတုးတက်စေသလို DNAတွေ ပျက်စီးခြင်းမှလည်းကာကွယ်ပေးပါတယ်။ အမျိုးသမီးတွေမှာ ဟော်မုန်းလယ်ဗယ်ကိုတိုးတက်စေပြီး သံဓါတ်စုပ်ယူမှုနဲ့ မျိုးအောင်မှုကို မြင့်တင်ပေးပါတယ်။ ဒါကြောင့် သူတို့တွေဟာ ကလေးပျက်ကျတာတွေနဲ့ Chromosomal ပြဿနာတွေဖြစ်နိုင်တာကို လျှော့ချပေးနိုင်ပါတယ်။
  • Lipoic acid : Lipoic acid ဟာ အမျိုးသမ်းတွေရဲ့ မျိုးပွားအင်္ဂါတွေကိုကာကွယ်ပေးတဲ့ အရေးကြီးတဲ့ antioxidantဖြစ်ပြီး သူတို့တွေဟာ သုက်ပိုးရဲ့ အရည်အသွေးနဲ့ လှုပ်ရှားနိုင်စွမ်းကိုလည်း တိုးတက်စေပါတယ်။
  • ဗီတာမင် B6 : သူကတော့ အမျိုးသမီးတွေမှာ Luteal Phase Defect နဲ့ ဟော်မုန်းထုတ်လွှတ်ခြင်းကို မှန်ကန်စေပါတယ်။ Luteal Phase Defect ဆိုတာကတော့ ရာသီစက်ဝန်းကို မှန်ကန်စေတဲ့အခြေအနေပါ။
  • ဗီတာမင် B12 : သူကတော့ သားအိမ်နံရံတွေကိုသန်စွမ်းစေတာကြောင့် သန္ဓေအောင်နိုင်ချေတွေကို တိုးတက်စေပါတယ်။
  • ဖောလစ်အက်ဆစ်၊ ဖောလိတ် : ဒီဗီတာမင်ဟာ မွေးရာပါချွတ်ယွင်းချက်တွေဖြစ်ခြင်းကိုကာကွယ်ပေးပြီး လမစေ့ဘဲမွေးဖွားခြင်း၊အချင်းကွာခြင်းနဲ့ preeclampsia စတဲ့ ကိုယ်ဝန်နောက်ဆက်တွဲ ပြဿနာတွေကိုကာကွယ်ပေးပါတယ်။
  • သံဓါတ် : သံဓါတ်မလုံလောက်ခြင်းဟာ မျိုးဥကျန်းမာရေးအားနည်းစေပြီး မျိုးဥကြွေတာမဖြစ်တာမျိုးဖြစ်နိုင်ပါတယ်။
  • Selenium : ဒါကတော့ ဥတွေနဲ့သုက်ပိုးတွေကို Free radicals တွေကနေ ကာကွယ်ပေးနိုင်တဲ့ antioxidant ပါ။
  • ဇင့် : ဇင့်ဓါတ်လုံလောက်ခြင်းဟာ သုက်ပိုးလယ်ဗယ်မြင့်စေပြီး သုက်ပိုးအထီးရဲ့ စွမ်းရည်၊လုပ်ဆောင်ချက်နဲ့ ပုံသဏ္ဍာန်တွေကို တိုးတက်စေပါတယ်။
  • Essential fatty acid : Omega 3 အက်ဆစ်တွေက မျိုးအောင်ခြင်းကို အားပေးပြီး ခန္ဓါကိုယ်ထဲက ဟော်မုန်းတွေကို မှန်ကန်စေပါတယ်။

ပရိုတိန်း

ပရိုတိန်းကြွယ်ဝစွာပါဝင်တဲ့စားစရာတွေဟာ မျိုးအောင်ခြင်းအတွက် အပေါင်းလက္ခဏာဆောင်တဲ့သက်ရောက်မှုတွေရှိတယ်လို့ Annual Clinical Meeting of the American College of Obstetricians ad Gynecologist ရဲ့ လေ့လာချက်ကဆိုပါတယ်။ ပရိုတိန်းလယ်ဗယ်မြင့်နေတဲ့အမျိုးသမီးတွေဟာ အရည်အသွေးပိုကောင်းတဲ့မျိုးဥတွေနဲ့ သန္ဓေသားလောင်းတွေကို ပိုင်ဆိုင်ကြပါတယ်တဲ့။

အဆီ

သင့်ခန္ဓါကိုယ်ထဲက အဆီပမာဏတိုးလာတာနဲ့အမျှ သကြားဓါတ်ကလည်းလိုက်တိုးလာပါတယ်။ သကြားဓါတ်ကို ဖြတ်တောက်ဖို့အတွက် သင့်ခန္ဓါကိုယ်က အင်ဆူလင်တွေထုတ်ပေးနိုင်ဖို့ အပြင်းအထန်ကြိုးစားရပါတယ်။ အဆီတွေကဆက်ပြီးတိုးလာတဲ့အခါမှာ ခန္ဓါကိုယ်က သကြားဓါတ်တွေကိုထိန်းဖို့ အင်ဆူလင်အလုံအလောက် မထုတ်ပေးနိုင်တော့ပါဘူး။ အင်ဆူလင်လယ်ဗယ်မြင့်တက်လာခြင်းဟာ သားဥကြွေခြင်းကို ထိခိုက်နိုင်တဲ့ ဇီဝဖြစ်စဉ်ပျက်စီးမှု (metabolic disturbances)တွေကိုဖြစ်ပေါ်စေပါတော့တယ်။

Antioxidants

ခန္ဓါကိုယ်ထဲက Free radicalတွေဟာ သင်နဲ့ သင့်လက်တွဲဖော်ရဲ့ မျိုးပွားဆဲလ်တွေ (မျိုးဥ (ova) ၊သုက်ပိုး၊ သားအိမ်ရဲ့ဆဲလ်တွေ၊ မျိုးဥတွေ၊ သိုင်းရွိုက်တွေ၊ pituitary အစရှိသဖြင့်) ကို ဖျက်ဆီးပစ်နိုင်ပါတယ်။ Free radicals တွေဟာ အဆိပ်ဓါတ်တွေ၊ စိတ်ဖိစီးမှုတွေ၊ Pesticides တွေ၊ ဖျားနာခြင်းတွေ၊စိတ်လှုပ်ရှားလွန်ခြင်းတွေနဲ့ နေရောင်ခြည်နဲ့ထိတွေ့မှုများလွန်းခြင်းတွေကနေ ဖြစ်ပေါ်လာတာပါ။

အမျှင်ဓါတ်

အစာခြေခြင်းနဲ့ ဟော်မုန်းညီမျှခြင်းတွေအတွက် အမျှင်ဓါတ်ကတော့ မရှိမဖြစ်ပါပဲ။ သူတို့တွေဟာ သွေးတွင်းသကြားဓါတ်ကိုထိန်းညှိပေးပြီး ဒါတွေက အင်ဆူလင်လယ်ဗယ်ကိုလည်း အကျိုးသက်ရောက်စေပါတယ်။ အမျှင်ဓါတ်မြင့်မားစွာပါဝင်တဲ့အစာတွေကို စားသုံးခြင်းက လူတိုင်းအတွက် အရေးကြီးပါတယ်။ ဒါပေမယ့် Polycystic ovary syndromeတွေ၊ endometriosis ရှိသူတွေနဲ့ ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားနေသူတွေအတွက် အထူးကိုအရေးကြီးတာပါ။ အမျှင်ဓါတ်တွေ မြင့်မားစွာစုစည်းနေတာက PCOSလို မျိုးအောင်ခြင်းကိုလျော့ကျစေတဲ့ပြဿနာတွေ နဲ့အခြားသော ခုခံအားဆိုင်ရာပြဿနာတွေ ကို လျှော့ချပေးနိုင်ပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Wathun Myat Chal မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 16/05/2022 ဖြစ်ပါသည်။