backup og meta

တစ်ခါ ကိုယ်ဝန်ဆိပ်တက်ဖူးရင် နောက်ကိုယ်ဝန်ထပ်ယူသင့်လား ။ မယူသင့်တော့ဘူးလား။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 23/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တစ်ခါ ကိုယ်ဝန်ဆိပ်တက်ဖူးရင် နောက်ကိုယ်ဝန်ထပ်ယူသင့်လား ။ မယူသင့်တော့ဘူးလား။

    ကိုယ်ဝန်ဆိပ်တစ်ခါ တက်တယ် ဆိုတဲ့ ပြဿနာဟာ ကိုယ်ဝန်ဆောင် တော်တော်များများ ကြုံတွေ့ရတတ်တဲ့ ပြဿနာ တစ်ခုပါ။ တစ်ခါကိုယ်ဝန်ဆိပ် တက်ဖူးပြီး ကိုယ်ဝန် တစ်ခုခု ချွတ်ချော်သွားပြီ ဆိုတာနဲ့ ခေါင်းထဲ ရောက်လာတဲ့ မေးခွန်းကတော့ နောက် ကိုယ်ဝန် ထပ်ယူသင့်လား ။ယူရင် ဒါမျိုး ထပ်ဖြစ်မှာလား ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ ဘယ်သူကတော့  ကိုယ်ဝန် ရပြီးကာမှ ပြန်ပြီး ပျက်ကျသွားတာမျိုး လိုချင်မလဲနော်။ ကိုယ်ဝန် ဆောင်ရတာ လွယ်တဲ့ အလုပ်မှ မဟုတ်တာ။ ဒီတော့ တစ်ခါ ကိုယ်ဝန်ဆိပ်တက်ဖူးရင် နောက်ကိုယ်ဝန်ထပ်ယူသင့်လား ။ မယူသင့်တော့ဘူးလားဆိုတဲ့ အကြောင်းလေးတွေ ပြောပြပေးချင်ပါတယ်။ ချိန်ဆလို့ ရတာပေါ့။ ။

    တစ်ခါ ကိုယ်ဝန်ဆိပ်တက်ဖူးရင် နောက်ကိုယ်ဝန်ထပ်ယူသင့်လား ။ မယူသင့်တော့ဘူးလား။

    လေ့လာချက်တွေ အရ အရင်တုန်းက ကိုယ်ဝန်ဆိပ် တစ်ခါ တက်ဖူးခဲ့ရင် နောက် ကိုယ်ဝန်မှာ ကိုယ်ဝန်ဆိပ် တက်နိုင်ခြေ ၂၀ ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။ နောက်ကိုယ်ဝန်မှာ ကိုယ်ဝန်ဆိပ် တက်နိုင်ခြေ အနည်းအများ ကတော့ အရင်က ဖြစ်ဖူးတဲ့ ကိုယ်ဝန်ဆိပ် တက်ခြင်း ဘယ်လောက် ပြင်းထန်လဲ ဆိုတာနဲ့ ကိုယ်ဝန်သည်တွေရဲ့ နေထိုင် စားသောက်မှု ပုံစံပေါ် မူတည်ပြီး ကွဲပြားသွားပါတယ်။

    ဒါကြောင့် အရင် ကိုယ်ဝန်မှာ ကိုယ်ဝန်ဆိပ် တက်ဖူးခဲ့ရင် နောက်တစ်ခေါက် ဆောင်တဲ့ ကိုယ်ဝန်ကို ဆရာဝန်နဲ့ သေချာ အပ်ထားပြီး ကိုယ်ဝန်ဆိပ် တက်နိုင်ခြင်း ရှိ၊ မရှိကို အမြဲ စောင့်ကြည့် နေသင့်ပါတယ်။

    ပထမကိုယ်ဝန်တုန်းက ကိုယ်ဝန်ဆိပ်တက်၊ ဒုတိယကိုယ်ဝန်ကျ ကိုယ်ဝန်ဆိပ်တက်တာမျိုး မဖြစ်ရင် နောက်ကိုယ်ဝန်တွေဆို စိတ်ချရပြီလား။ ။

    ပထမကိုယ်ဝန်တုန်းက ကိုယ်ဝန်ဆိပ်တက်ပြီး ဒုတိယကိုယ်ဝန်ကျ ကိုယ်ဝန်ဆိပ်မတက်ဖူးပေမယ့် နောက်ကိုယ်ဝန်တွေမှာ ကိုယ်ဝန်ဆိပ်တက်နိုင်ချေရှိပါသေးတယ်။ ဒါကြောင့် ကိုယ်ဝန်တိုင်းကို ဆရာဝန်နဲ့ သေချာအပ်သင့်ပါတယ်။ ဒါမှ ကိုယ်ဝန်ဆိပ်တက်တဲ့ လက္ခဏာတွေပြလာရင် အမြန်ဆုံး ကုသမှုခံယူနိုင်မှာပါ။

    ကိုယ်ဝန်ဆိပ်တက်ဖူးပြီး နောက်ကိုယ်ဝန်ထပ်ယူမယ်လို့ ဆုံးဖြတ်ထားရင် ဘာတွေ သိထားရမလဲ ။ ။

  • ယုံကြည်စိတ်ချရတဲ့ သားဖွားမီးယပ်ဆရာဝန်တစ်ယောက်ဆီမှာ ကိုယ်ဝန်ကို တောက်လျှောက်အပ်ထားသ့င်ပါတယ်။
  • နောက်ကိုယ်ဝန်မဆောင်ခင်တည်းက ကိုယ့်ဆီမှာ ကိုယ်ဝန်ဆိပ်တက်ခြင်းကို ထပ်ဖြစ်စေနိုင်တဲ့ အကြောင်းအရာတွေ ရှိလားမရှိဘူးလားဆိုတာကို သေချာစစ်ဆေးထားသင့်ပါတယ်။ ကလေးလိုချင်တာကိုပဲ မကြည့်ပါနဲ့။ ကိုယ့်ကျန်းမာရေးအတွက်လည်း ကိုယ်ဂရုစိုက်စေချင်ပါတယ်။
  • ကလေးထပ်ယူတော့မယ်လို့ဆုံးဖြတ်လိုက်တဲ့အခါ ကိုယ့်ဘေးမှာ ကိုယ့်ကို အစစအရာရာ ပံ့ပိုးပေးနိုင်တဲ့ မိသားစုတွေ ရှိနေဖို့လိုအပ်ပါတယ်။ ဒါမှသင့်ရဲ့ စိုးရိမ်ပူပန်မှုတွေကို သူတို့က ပြေလျော့ပေးနိုင်မှာပါ။
  • ကိုယ်ဝန်ထပ်မယူသင့်တော့ဘူးလို့ အကြံပေးခံရတဲ့အခါ

    ကိုယ်က ကလေးထပ်လိုချင်ပေမယ့် ခုပြနေတဲ့ ဆရာဝန်က ကလေးထပ်မယူသင့်တော့ဘူးလို့ ပြောတဲ့အခါ အရမ်းကြီး စိတ်မပျက်သွားပါနဲ့ဦး။ သေချာတိုင်ပင်ပြီး ဖြစ်လာနိုင်တဲ့ ကောင်းကျိုး ဆိုးကျိုးများကို သေချာချိန်ဆပြီးမှ ဆုံးဖြတ်ပါ။

    ကလေးလိုချင်တယ်ဆိုပေမဲ့ ကိုယ်ဝန်ဆိပ်တက်ခြင်းက မိခင်ရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ ပြဿနာတစ်ခုဆိုတာ မမေ့သင့်ပါဘူး။ ကိုယ့်ရဲ့ ကျန်းမာရေး အခြေအနေကို တစ်ခါ ပြန်ချိန်ဆပြီး နောက်ကိုယ်ဝန်ဆောင်သင့် မဆောင့်သင့် အကြံပေး စစ်ဆေးနိုင်တာ ဆရာဝန်တွေပါပဲ။ ဖြစ်နိုင်ခြေပေါ် မူတည်ပြီး ဆရာဝန်နဲ့ ကိုယ်ဝန်ဆောင် မိခင်နဲ့ အကောင်းဆုံး အဖြေရှာကြဖို့ လိုပါတယ်။

    ရေူသားသူ- Dr Thin Yadanar @ Frances

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 23/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement