backup og meta

သင် ဘာလေးမွေးမလဲဆိုတာနဲ့ ပတ်သက်ပြီးရွေးချယ်နိုင်ပါသလား။

သင် ဘာလေးမွေးမလဲဆိုတာနဲ့ ပတ်သက်ပြီးရွေးချယ်နိုင်ပါသလား။

ကိုယ်ဝန်ဆောင်တဲ့အခါ ဘာလေးမွေးမလဲဆိုတာကလည်း စိတ်လှုပ်ရှားစရာကောင်းတဲ့ မေးခွန်းတစ်ခုပါ။ အများစုက ဒီမေးခွန်းရဲ့ အဖြေကို အယ်ထွာဆောင်းရိုက်ရင် သိရပါပြီ။ တချို့က ဘာလေးလဲမွေးမလဲဆိုတာကို သိချင်တာအပြင် သားလေးလား သမီးလေးလားဆိုတာကိုပါ ရွေးချယ်ချင်ကြပါတယ်။ ဒါဆို သင် ဘာလေးမွေးမလဲဆိုတာနဲ့ ပတ်သက်ပြီးရွေးချယ်နိုင်ပါသလား။ ဆိုတာကို လေ့လာလိုက်ရအောင်နော်။

သင် ဘာလေးမွေးမလဲဆိုတာနဲ့ ပတ်သက်ပြီးရွေးချယ်နိုင်ပါသလား။

သင် ဘာလေးမွေးမလဲဆိုတာနဲ့ ပတ်သက်ပြီးရွေးချယ်နိုင်ပါသလား။ ဆိုတော့ ဘာလေးမွေးမလဲဆိုတာက ၅၀/၅၀ပါ။ ကိုယ်လိုချင်တဲ့ ကလေးရဲ့ လိင်ကို ရွေးချယ်ဖို့ ဟိုးအရင်တည်းက မိရိုးဖလာနည်းလမ်းတွေကို သုံးခဲ့ကြပါတယ်။ အခုခေတ်မှာလည်း သိပ္ပံနည်းကျ နည်းတွေကို သုံးနေကြပါတယ်။အလုပ်ဖြစ်တာ ရှိသလို မဖြစ်တာလည်း ရှိပါတယ်။ ဘယ်နည်းတွေလဲဆိုတာ ဆက်ကြည့်ရအောင်။

သင် ဘာလေးမွေးမလဲဆိုတာကို ဘယ်လိုရွေးချယ်နိုင်သလဲ။

ရှေးလူကြီးများရဲ့ အကြံပေးချက်များ

ဘာလေးမွေးမလဲဆိုတာ ရွေးချယ်နိုင်ဖို့ ရှေးလူကြီးတွေက သူတို့ရဲ့ လျို့ဝှက်နည်းတွေကို လက်ဆင့်ကမ်းခဲ့ကြပါတယ်။ ခေတ်အဆက်ဆက် နေရာဒေသနိုင်ငံအလိုက် နည်းလမ်းတွေကတော့ မျိုးစုံပဲ ဖြစ်ပါတယ်။

ဂျာမန်အိပ်ရာဝင်ပုံပြင်တွေမှာဆိုရင် သမီးမိန်းကလေးလိုချင်ရင် အိပ်ရာအောက်မှာ သစ်သားဇွန်းတစ်ချောင်းထားအိပ်လို့ ပြောထားပါတယ်။ ဒါ့ပြင် လိင်မဆက်ဆံခင်  နာရီဝက်အလိုမှာ ကော်ဖီသောက်ခိုင်းတာမျိုးတွေလည်း ရှိပါတယ်။

လိင်ဆက်ဆံခြင်း နည်းလမ်းများ

တချို့သော လိင်ဆက်ဆံခြင်း နည်းလမ်းတွေကလည်း ဘာလေးမွေးမလဲဆိုတာကို ဆုံးဖြတ်ပေးနိုင်တယ်လို့ ဆိုကြပါတယ်။

ရှက်တယ်လ်စ်နည်းလမ်း (Shettles method)

Shettles နည်းလမ်းက ကလေးရဲ့ လိင်ကို ရွေးချယ်မှုအတွက် လူသိအများဆုံး သဘာဝနည်းလမ်း တစ်ခု ဖြစ်ပါတယ်။ ဒီနည်းလမ်းအရ

ယောက်ျားလေး လိုချင်ရင်

  • သားဥကြွေမယ့်ရက်နဲ့ တတ်နိုင်သမျှ နီးကပ်အောင် လိင်ဆက်ဆံပါ။ သဘောတရားကတော့ Y ခရိုမိုဆုန်း (သားလေးမွေးစေတဲ့ မျိုးဗီဇ) ပါတဲ့ သုက်ပိုးက X ခရိုမိုဆုန်းပါတဲ့ သုက်ပိုးထက် ပိုမြန်တာကြောင့် သားဥအိမ်ဆီကို မြန်မြန်ရောက်နိုင်တာကြောင့် ဖြစ်ပါတယ်။
  • နက်နဲတဲ့ ထိုးသွင်းမှုပါတဲ့ လိင်ဆက်ဆံမှုပြုပါ။ သားအိမ်ခေါင်းနဲ့ နီးကပ်လေလေ Y ခရိုမိုဆုန်း သုက်ပိုးအတွက် ပိုအကျိုးရှိပါတယ်။ Y ခရိုမိုဆုန်းက မြန်မြန်သွားနိုင်ပေမယ့် အသက်တိုတာကြောင့် မျိုးဥနဲ့ အနီးဆုံးရောက်အောင် ပို့ပေးရတာ ဖြစ်ပါတယ်။
  • အမျိုးသားတွေနဲ့ တစ်ချိန်တည်း (သို့) စောပြီး လိင်စိတ်အထွတ်အထိပ် ရောက်တဲ့ အမျိုးသမီးတွေဟာ မိန်းမကိုယ်အတွင်းမှာ အယ်လ်ကာလီအရည်တွေ ပိုထွက်ပြီး Y ခရိုမိုဆုန်းသုက်ပိုးအတွက် ပိုအကျိုးရှိပါတယ်။

မိန်းကလေး လိုချင်ရင်

  • သားဥမကြွေခင် ၂-၃ရက် စောပြီး လိင်ဆက်ဆံခြင်း၊ သားဥမကြွေခင်ရက်အနည်းငယ်ကနေ သားဥကြွေအပြီး ၂ ရက်အထိ လိင်ဆက်ဆံမှုကို ရှောင်ကြဉ်ပါ။ (X ခရိုမိုဆုန်းက သားဥဆီရောက်ဖို့ သွားတာ နှေးပါတယ်။)
  • တိမ်သော ထိုးသွင်းမှု လုပ်ပါ။

ဝှီးလန်းစ်နည်းလမ်း(Whelans methods)

ဒီနည်းလမ်းကတော့ Shettles နည်းလမ်းနဲ့ ဆန့်ကျင်ဘက် ဖြစ်ပါတယ်။ သူက သားဥမကြွေခင် ရှေ့ရက် အစောပိုင်းတွေမှာ ဖြစ်တဲ့ ဓာတုပြောင်းလဲမှုတွေက သားလေးမွေးစေမယ့် သုက်ကောင်ကို အားပေးတယ်လို့ ယူဆပါတယ်။ ဒါကြောင့် သားလေးလိုချင်ရင် သားဥမကြွေခင်  ၄−၆ရက်ကြိုပြီး အတူနေခိုင်းပါတယ်။ သမီးလေးလိုချင်ရင်တော့ သားဥကြွေချိန်မတိုင်မီ ၂−၃ရက်အတွင်း လိင်ဆက်ဆံမှုပြုလုပ်သင့်တယ်လို့ ဆိုပါတယ်။

အဆင့်မြင့်နည်းလမ်းများ

MidroSort လို့ခေါ်တဲ့ နည်းလမ်းကို အသုံးပြုလို့ရနိုင်ပါတယ်။ ဒီနည်းလမ်းက အမျိုးသား သုက်ရည်မှာပါတဲ့ သုက်ပိုးတွေကို လေဆာ ရောင်ခြည်၊ ဆိုးဆေး နဲ့ စက်တွေကို အသုံးပြုပြီး Xနဲ့ Y ခရိုမိုဆုန်းတွေ ခွဲထုတ်လိုက်ပါတယ်။ အဲ့ဒီကနေမှ သားလိုချင်ရင် Y ခရိုမိုဆုန်း၊ သမီးလိုချင်ရင် X ခရိုမိုဆုန်း ဆိုပြီး အမျိုးသမီးကိုယ်ထဲကို IVF နည်းနဲ့ ပြန်ထည့်လိုက်ပါတယ်။

၂၀၀၂ ခုနှစ်မှာတော့ မိန်းကလေးလိုချင်တဲ့ စုံတွဲတွေ ကြားမှာ ၉၁ ရာခိုင်နှုန်း အောင်မြင်မှု ရှိခဲ့ပြီး ယောက်ျားလေးလိုချင်တဲ့ စုံတွဲတွေ ကြားမှာတော့ ၇၃ ရာခိုင်နှုန်း အောင်မြင်မှု ရှိခဲ့ပါတယ်။

ဒီနည်းအပြင် ကလေးမှာ မျိုးဗီဇချို့ယွင်းချက် ပါမပါ ကြိုတင်စစ်ဆေးတဲ့ နည်းလမ်းတွေကိုလည်း သုံးနိုင်ပါတယ်။ ကလေးရဲ့ မျိုးဗီဇကို စစ်ဆေးရင်း ကလေးရဲ့ လိင်ကိုပါ ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။

ဒီနည်းလမ်းတွေထဲမှာ ရှေးလူကြီးတွေရဲ့ နည်းလမ်းတွေနဲ့ လိင်ဆက်ဆံခြင်းတွေ နည်းလမ်းတွေက သိပ်တော့ မသေချာလှပါဘူး။ အဆင့်မြင့်နည်းလမ်းတွေကကုန်ကျစရိတ်များပေမယ့် တခြားနည်းတွေနဲ့ ယှဉ်ရင်တော့ အနည်းငယ်ပိုတိကျပါတယ်။

ရေးသားသူ− Aye Myat Myat Noe

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

The science behind sex selection. http://www.babycentre.co.uk/a1014303/the-science-behind-sex-selection.Accessed : 10 December 2016

Karabinus DS, Marazzo DP, Stern HJ et al. 2014. The effectiveness of flow cytometric sorting of human sperm (MicroSort®) for influencing a child’s sex. Reproductive Biol Endocrinol 12: 106. www.ncbi.nlm.nih.gov [Accessed May 2020]

The Shettles Method of Sex Selection https://embryo.asu.edu/pages/shettles-method-sex-selection Accessed Dec 2022

The Whelan Method of Sex Selection https://embryo.asu.edu/pages/whelan-method-sex-selection#:~:text=According%20to%20Whelan’s%20method%2C%20couples,and%20six%20days%20before%20ovulation. Accessed Dec 2022

Gender Selection and IVF: What You Need to Know https://www.parents.com/getting-pregnant/gender/selection/ivf-and-gender-selection-what-you-need-to-know/ Accessed Dec 2022

ယခုပုံစံ

10/01/2023

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင့်ရင်သွေးလေး သားသားလား၊ မီးမီးလား ဘယ်တော့ခွဲခြားနိုင်ပြီလဲ

သားသားလေးလား မီးမီးလေးလား ဘယ်လိုသိနိုင်မလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 10/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement