backup og meta

ဆောင်းပါး ကူညီပံ့ပိုးသူ May May Club

သန္ဓေတားဆေးသောက်နေရင်း ကိုယ်ဝန်ရသွားလျှင် သင့်ကလေးကို ထိခိုက်နိုင်ပါသလား

နာမည်အကြီးဆုံးသန္ဓေတားဆေး ဖြစ်နေဦးတော့ သင့်အတွက် ၉၉.၉% သာ အကျိုးသက်ရောက်မှုရှိမည်ဖြစ်ပြီး ကျန်ရှိနေသော ဝ.၀၁ %သည် ဆေးသောက်နေရင်း ကလေးရသွားနိုင်ချေရှိပါသည်။

သန္ဓေတားဆေးသောက်နေရင်း ကိုယ်ဝန်ရသွားလျှင် သင့်ကလေးကို ထိခိုက်နိုင်ပါသလား

ထိုကိစ္စသည် အမျိုးသမီးများတွင် ရင်ဆိုင်ရတတ်သည်။ သင်သောက်နေသော သန္ဓေတားဆေးများကြောင့် သင့်ကလေးကို ထိခိုက်မည်ကို စိုးရိမ်နေပါသလား။ အစိုးရိမ်မလွန်ပါနှင့်။ စိုးရိမ်စိတ်များကို ဘေးဖယ်ထားလိုက်ပါ။

သိပ္ပံပညာက ဘာပြောသလဲ။

ကိုယ်ဝန်တားဆေးသောက်နေရင်းကိုယ်ဝန်ရှိသွားလျှင့် မွေးလာသော ကလေးသည် ပေါင်မပြည့်ခြင်း၊ လမစေ့ခြင်း နှင့် ဆီးလမ်းကြောင်းပြသနာများဖြစ်နိုင်သည်ဟု လေ့လာမှုအချို့က ဆိုထားသော်လည်း လက်တွေ့တွင်မူ အထောက်အထားပြစရာ မရှိပါ။

ကိုယ်ဝန်အစောပိုင်းတွင် ကိုယ်ဝန်ရှိမှန်းမသိဘဲ ကိုယ်ဝန်တားဆေးများကို သောက်ခြင်းသည် မွေးရာပါချို့ယွင်းချက်များကို ဖြစ်နိုင်ချေများစေကြောင်းလည်း မတွေ့ရပါ။

သို့သော် အချို့သော လေ့လာမှုများ၏ အဆိုအရ Progestrogen ပါသော ဆေးများသည် သားအိမ်ပြင်ပနေရာတွင် နေရာမှားသန္ဓေတည်ခြင်းကို ဖြစ်စေနိုင်သည်ဟု ဆိုပါသည်။

သနေ္ဓတားဆေးသောက်နေရင်း ကိုယ်ဝန်ရသွားလျှင် သင်ဘာလုပ်သင့် သလဲ။

သန္ဓေတားဆေးများသည် သင့်ကလေးကို မထိခိုက်နိုင်ဟုဆိုသော်လည်း သင်သည် ကိုယ်ဝန်ရှိနေပြီဟုသိသောအခါ ဆေးကို ချက်ချင်းရပ်ပစ်လိုက်ရန် လိုပါသည်။ ထို့နောက် သင်ကိုယ်ဝန်ရှိကြောင်း သေချာစေရန် စစ်ဆေးပါ။ ကိုယ်ဝန်ရှိကြောင်း သေချာပါက ဆေးကို လုံးဝရပ်လိုက်ပါ။

ကိုယ်ဝန်ကို စစ်ဆေးရန် အဆင်မပြေပါက သင့်တွင်ကိုယ်ဝန်ရှိကြောင်း တိကျစွာမသိရသေးခင်တွင် အကာအကွယ်အနေဖြင့် ကွန်ဒုံးကို သုံးပါ။

အရေးပေါ်သနေ္ဓတားဆေးများကို သောက်ခြင်းသည် ကလေးပျက်ကျခြင်းကို ဖြစ်စေနိုင်ပါသလား။

လူအများစုသည် အရေးပေါ်သန္ဓေတားဆေးများသောက်ခြင်းဖြင့် ကိုယ်ဝန်ကို အပြီးသတ်တားလိုက်နိုင်မည်ဟု ယုံကြည်ကြသည်။ မည်သည့် ကိုယ်ဝန်တားဆေးကမှ သန္ဓေသားကို မထိခိုက်နိုင်ပါ။ ကိုယ်ဝန်တာဆေးများသည် မျိုးဥကြွေခြင်းကို ဖြစ်စေသော ဟော်မုန်းကို ဆန့်ကျင်ပေးသည့် ဟော်မုန်းဆေးများသာဖြစ်ပါသည်။

ဟော်မုန်များကြောင့် မျိုးဥမကြွေတော့သည့်အပြင် သားအိမ်ခေါင်းတွင်ရှိသော ချွဲအလွှာကို ထူလာစေခြင်းဖြင့် ကိုယ်ဝန်မရှိအောင်တားပေးသောဆေးများဖြစ်သောကြောင့် သန္ဓေသားကို သက်ရောက်မှုမရှိသော ဆေးများဖြစ်သည်။

ထို့ကြောင့် သင်သည်ကလေးမလိုချင်သောကြောင့် ကိုယ်ဝန်ရှိမှန်းသိရက်နှင့် တားဆေးများကို ဆက်သောက်နေလည်း သင့်ကိုယ်ဝန် ပျက်ကျသွားမည်မဟုတ်ပါ။

အချုပ်ဆိုရသော် မမျှော်လင့်ထားဘဲ ကိုယ်ဝန်ရသွားခြင်းမျိုးသည် အဖြစ်များပါသည်။ ထိုသို့ဖြစ်လာလျှင် သင့်မိသားစု၊ ဆရာဝန်တို့နှင့် တိုင်ပင်ကာ အကောင်းဆုံးသော နည်းလမ်းကိုရှာပါ။

ကိုယ်ဝန်ရှိလာသောအခါ ရွေးချယ်မှုများပြုလုပ်ရာတွင် မှန်သည် မှားသည် ဆိုသော အတွေးများထက် သင့်ကိုယ်သင် အကောင်းဆုံးနေထိုင်သွားရန်သာ တွေးပါ။

[embed-health-tool-due-date]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Do birth control pills cause birth defects if taken during early pregnancy?http://www.mayoclinic.org/healthy-lifestyle/pregnancy-week-by-week/expert-answers/birth-control-pills/faq-20058376 Accessed November 9, 2016.
Taking the Birth Control Pill While Pregnant. https://www.verywell.com/will-taking-the-pill-while-pregnant-harm-the-baby-906925 Accessed November 9, 2016.

ယခုပုံစံ

23/06/2022

Dr. K Zin Thwe မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် ခေါင်းကိုက်ရောဂါအကြောင်း

ကိုယ်ဝန်ဆောင်ချိန်တွင် ဆီးခဏခဏသွားခြင်း


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. K Zin Thwe မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 23/06/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ