brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကိုယ်ဝန်ဆောင်မေမေ ပျားရည် စားလို့ရလား

ကိုယ်ဝန်ဆောင်ချိန်မှာ အစားအသောက် အနေအထိုင် အစစအရာရာ ဂရုစိုက်ရပါတယ်။ ဒီကာလမှာ တစ်ခုခု စားမယ်စဉ်းစားလိုက်တိုင်း တည့်ပါးမလားလို့ စဉ်းစားမိတာက အရင်ဟုတ်။ ဒီလိုစဉ်းစားမိတဲ့အထဲမှာ ကိုယ်ဝန်ဆောင်မေမေ ပျားရည် စားလို့ရလား …. ဆိုတဲ့ မေးခွန်းလေးရော ပါလား။ ဒါဆိုရင်တော့ ဒီမေးခွန်းလေးရဲ့ အဖြေကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

ကိုယ်ဝန်ဆောင်မေမေ ပျားရည် စားလို့ရလား

ကိုယ်ဝန်ဆောင် မေမေ ပျားရည် စားလို့ရလား

ကိုယ်ဝန်ဆောင်မေမေ ပျားရည် စားလို့ရလား … ဆိုတော့ ရပါတယ်။ ပျားရည်က ပိုးမွှားကင်းပြီး ပျားရည် စစ်စစ်ဖြစ်ဖို့တော့ လိုပါမယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ပျားရည်စားတာက မေမေ့ကို ထိခိုက်စေတာမျိုး မရှိသလို ဗိုက်ထဲက ဘေဘီလေးကို ထိခိုက်စေတာမျိုးလည်း မရှိပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ ပျားရည်စားလို့ရပေမယ့် ဘေဘီလေးကိုတော့ အသက် ၁ နှစ် မပြည့်မချင်း မကျွေးပါနဲ့နော်။

ကလေးလေးတွေကို အသက် ၁ နှစ် မပြည့်ခင်မှာ ပျားရည် ကျွေးတာက အစာခြေစနစ်ကို ဘက်တီးရီးယားကြောင့် ထိခိုက်စေနိုင်လို့ပါ။

ဘယ်လောက်ပမာဏ စားရမလဲ

ပျားရည်ကို တစ်နေ့ကို လက်ဖက်ရည်ဇွန်း ၄ ဇွန်းထက်မပိုတဲ့ ပမာဏ စားပေးလို့ ရပါတယ်။ ပျားရည်က အချိုဓာတ်ပါပြီးသား ဖြစ်တာကြောင့် ပျားရည်စားမယ်ဆိုရင် သကြားလျှော့စားပါ။ ဒါမှမဟုတ် သကြားအစားထိုးအနေနဲ့ စားနိုင်ပါတယ်။

မေမေက ကိုယ်အလေးချိန်များသူဖြစ်နေမယ်ဆိုရင် အလွန်အကျွံမစားပါနဲ့။ ပျားရည်က သကြားပါဝင်တာကြောင့် များများစားရင် နောက်ပိုင်းမှာ ကိုယ်အလေးချိန် တက်စေနိုင်ပါတယ်။

နောက်တစ်ခုကတော့ ကိုယ်ဝန်ဆောင် ဆီးချိုရှိမယ်ဆိုရင် ပျားရည် မစားခင်မှာ သွေးချိုတိုင်းသင့်ပါတယ်။ တက်နေချိန်ဆိုရင်တော့ မစားပါနဲ့။ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးချိုမြင့်တက်တာ၊ အဝလွန်တာတွေက မေမေရော ဘေဘီလေးကိုပါ ထိခိုက်စေနိုင်တာကြောင့်ပါ။

ဒါ့ပြင် အလွန်အကျွံစားတဲ့အခါ တချို့ကိုယ်ဝန်ဆောင်တွေမှာ ဗိုက်ရစ်တာ၊ ဝမ်းလျှောတာ၊ လေပွတာ၊ ဝမ်းဗိုက်ပြဿနာလေးတွေ ဖြစ်တတ်တာကြောင့် သင့်တင့်တဲ့ ပမာဏပဲ စားသင့်ပါတယ်။

ပျားရည်မှာ ဘာတွေ ပါလဲ

ကိုယ်ဝန်ဆောင်မေမေ ပျားရည် စားလို့ရလား

ပျားရည်ဟာ အဓိကအားဖြင့်တော့ ရေ ၁၇ ရာခိုင်နှုန်းနဲ့ သကြားဓာတ် ၂ မျိုးဖြစ်တဲ့ ဖရက်စ်တို့ ၃၈ ရာခိုင်နှုန်း နဲ့ ဂလူးကို့စ် ၃၁ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ဒါတွေအပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ အခြားသော အကျိုးပြု အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။

ကိုယ်ဝန်ဆောင် မေမေ ပျားရည် စားပေးမယ်ဆိုရင်

ပျားရည်ကို ရိုးရာဆေး တစ်မျိုးအဖြစ် တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြဆဲပါ။ ဝမ်းချုပ်တာကစလို့ အစာမကြေတာ၊ အသံဝင်တာ၊ ချောင်းဆိုးတာတွေအတွက် နည်းအမျိုးမျိုးနဲ့ အသုံးပြုနေကြဆဲပါ။ အားရှိအောင် ကိုယ်အလေးချိန် တိုးအောင်ဆိုပြီး စားတာမျိုးလည်း ရှိပါတယ်။ ဒီလို ဆေးဖက်ဝင်မှုအစွမ်းတွေကြောင့် စားသုံးဖြစ်နေတဲ့ ပျားရည်ကို ကိုယ်ဝန်ဆောင် မေမေ စားပေးမယ်ဆိုရင်

  • ကိုယ်ခံအား ကောင်းစေတယ်
  • အိပ်ပျော်စေတယ်
  • အအေးမိတာ၊ ချောင်းဆိုးတာ သက်သာစေတယ်

အအေးမိတာ၊ ချောင်းဆိုးတာမျိုး ကျန်းမာရေးပြဿနာတွေကို သက်သာချင်ဆိုရင် ပျားရည် သောက်ပေးလို့ ရပါတယ်။ ပျားရည်က ပိုးသေစေတဲ့ သတ္တိရှိတာကြောင့် အအေးမိဖျားနာတာနဲ့ ချောင်းဆိုးတာကို သက်သာစေနိုင်ပါတယ်။

  • လည်ချောင်းနာတာ သက်သာစေတယ်

  • ဓာတ်မတည့်မှု ခံနိုင်ရည်ရှိစေတယ်
Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 07/09/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။