ကိုယ်ဝန်ဆောင်မေမေ ဇီးပန်းသီး စားရင် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိစေနိုင်လဲ။

ကိုယ်ဝန်ဆောင်မေမေ ဇီးပန်းသီး စားရင် မေမေရာ ဘေဘီလေးပါ ကျန်းမာစေမှာပါ။ အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း ရရှိစေနိုင်ပါတယ်။
ဘေဘီလေးကို အကောင်းဆုံး ဖွံ့ဖြိုးစေနိုင်ပါတယ်
ဇီးပန်းသီးက ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝသလို ကိုယ်ဝန်ဆောင်ချိန်မှာ ဘေဘီလေးကို အကောင်းဆုံး ဖွံ့ဖြိုးစေနိုင်မယ် အာဟာရဓာတ်တွေ ပြည့်ဝစွာ ပါဝင်နေတာကြောင့် ဗိုက်ထဲက ဘေဘီလေးကို အကောင်းဆုံး ဖွံ့ဖြိုးစေမှာပါ။
အရိုးနဲ့သွားတွေ ကြံ့ခိုင်စေနိုင်တယ်
ဇီးပန်းသီးက ကယ်လ်ဆီယမ် ကြွယ်ဝတာကြောင့် အရိုးနဲ့ သွားတွေ သန်မာစေနိုင်သလို ဘေဘီလေးရဲ့ အရိုးတွေကိုလည်း အကောင်းဆုံး ဖွံ့ဖြိုးသန်မာစေပါတယ်။ ဘေဘီလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးစေဖို့ ထောက်ကူပေးသလို ဘေဘီလေးဆီ သွေးစီးဆင်းမှု ကောင်းစေဖို့လည်း ထောက်ကူပေးပါတယ်။
ဝမ်းချုပ်တာကို သက်သာစေနိုင်တယ်
ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်တာကို သက်သာစေဖို့အတွက် ဇီးပန်းသီး စားပေးလို့ ရပါတယ်။ ဇီးပန်းသီးက အမျှင်ဓာတ် ပါဝင်တာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီး ဇီဝကမ္မဖြစ်စဉ် ကောင်းစေသလို ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။
အိပ်ပျော်စေတယ်
ဇီးပန်းသီးလေးကို ရှေးယခင် ကာလတွေတုန်းက အိပ်မပျော်တာကို သက်သာစေဖို့နဲ့ ကောင်းကောင်း အိပ်ပျော်စေဖို့ တရုတ်လူမျိုးတွေက အသုံးပြုခဲ့ကြပါတယ်။ အသီးရော အစေ့ရောက အာရုံကြောစနစ်တွေကို ပြေလျော့စေပြီး ကောင်းကောင်း အိပ်ပျော်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အသီးကို ဒီအတိုင်း စားပေးလို့ ရသလို ဖျော်ရည်လုပ်ပြီး သောက်လို့လည်း ရပါတယ်။ ရေနွေးထဲ စိမ်သောက်ပေးလို့လည်း ရပါတယ်။
ကိုယ်ခံအား ကောင်းစေတယ်
ဇီးပန်းသီးမှာ ဗီတာမင် A နဲ့ C ပါဝင်နေတာကြောင့် ကိုယ်တွင်းက အဆိပ်အတောက်ဖြစ်စေတဲ့ အရာတွေကို ဖယ်ရှားပေးပါတယ်။ ကိုယ်တွင်းက ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပြီး ရာသီအဖျားတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ နာတာရှည် ရောင်ရမ်းတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။ အအေးမိတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။
နာကျင်ကိုက်ခဲတာကို သက်သာစေနိုင်တယ်
ဇီးပန်းသီးသတ္တုရည် နဲ့ ဇီးပန်းသီးအစေ့ကနေရတဲ့ အဆီက အရောင်ကျစေနိုင်ပြီး ကြွက်သားတွေ နာကျင်တာ အဆစ်တွေ နာတာကို သက်သာစေနိုင်ပါတယ်။ အဆစ်နာရောဂါ ရှိသူတွေနဲ့ သင့်တော်ပါတယ်။ အဆစ်တွေကို အရောင်ကျစေနိုင်ပါတယ်။
စိတ်ဖိစီးမှု ပြေလျော့စေတယ်
စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာတွေကို သက်သာစေဖို့အတွက် ဇီးပန်းသီးကို စားပေးလို့ရပါတယ်။ အာရုံကြောစနစ်ကို ကျန်းမာစေနိုင်သလို ကော်တီစောပမာဏကို ထိန်းညှိပေးနိုင်တာကြောင့် စိတ်ရောကိုယ်ပါ သက်သောင့်သက်သာဖြစ်စေပြီး စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာ၊ စိုးရိမ်စိတ် များတာတွေကို သက်သာစေနိုင်ပါတယ်။
သွေးသန့်စေနိုင်တယ်
ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတာကြောင့် သွေးထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ သွေးနဲ့ပတ်သက်တဲ့ ရောဂါတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။
ကိုယ်ဝန်ဆောင်မေမေ ဇီးပန်းသီးစားရင် မေမေရာ ဘေဘီလေးပါ အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း ရရှိစေနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။