backup og meta

စိတ်ဖိစီးမှုက ကိုယ်ဝန်ပျက်ကျစေသလား


Dr . Phyu Mon Latt မှ ရေးသားသည်။ · 01/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ဖိစီးမှုက ကိုယ်ဝန်ပျက်ကျစေသလား

    စိတ်ဖိစီးမှုဟာ ကိုယ်ဝန်ပျက်ကျမှုကို ဖြစ်စေတယ်ဆိုတဲ့ စိုးရိမ်မှုဟာ ကိုယ်ဝန်ရှိနေတဲ့ မိခင်တွေကြားမှာ တိုးပွားလာတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအချက်နဲ့ ပတ်သက်တဲ့ မှန်ကန်မှု အနည်းငယ်လည်း ရှိနိုင်ပါတယ်။

    စိတ်ဖိစီးမှုဟာ ကိုယ်ဝန်ပျက်ကျမှုကို ဖြစ်ပေါ်စေပါသလား။

    အဖြေကတော့ ဘယ်လို စိတ်ဖိစီးမှုမျိုးလဲ ဆိုတာပေါ် မူတည်ပါတယ်။ နေ့စဉ် ဖြစ်နေကျ သာမန်စိတ်ဖိစီးမှုဟာ သင့်ကလေးငယ်ကို ထိခိုက်မှု မဖြစ်စေပါဘူး။ အနည်းဆုံးတော့ သိပ္ပံပညာရှင်တွေက ဒီလို ယုံကြည်ကြပါတယ်။ သင် အလုပ်သွားတဲ့လမ်းမှာ သင့်ကို လန့်သွားစေတဲ့ အရာတစ်ခုခုကြောင့်တော့ ကလေးပျက်ကျ ခြင်း မဖြစ်နိုင်ပါဘူး။ ဒါ့ပြင် ပြင်းထန်တဲ့ စိတ်ဖိစီးခြင်းတွေကိုတော့ လင်မယား ကွာရှင်းခြင်း၊ ချစ်သူ သေဆုံးခြင်းနဲ့ ငွေးရေးကြေးရေး ပြဿနာတွေကြောင့် ဖြစ်နိုင်ပြီး ဒါဟာ သင့်ကလေးငယ်ရဲ့ ကျန်းမာရေးကို ဆိုးကျိုး ဖြစ်စေနိုင်ပါတယ်။ သုတေသနတစ်ခုက စိတ်ပိုင်းဆိုင်ရာ ဖိအားများခြင်းကို အချိန်အကြာကြီး ကြုံတွေ့ရသူတွေမှာ ကလေးအသေမွေးနှုန်း ၈၀ ရာခိုင်နှုန်းများတယ်လို့ ဆိုပါတယ်။ အခြားလေ့လာမှုတွေက ပြင်းထန်တဲ့ စိတ်ဖိစီးမှု ပမာဏဟာ အချိန်မတိုင်မီ ကလေးမွေးနှုန်းနဲ့ နောက်ပိုင်းမှာ နာတာရှည်ရောဂါ ဖြစ်နှုန်းကို မြင့်တက်စေတယ်လို့ ဆိုပါတယ်။

    ကိုယ်ဝန်ရှိနေစဉ် စိတ်ဖိစီးမှုကို ဘယ်လိုကျော်လွှားမလဲ။

    အရာရာကို သင်တစ်ယောက်တည်း မခံစားပါနဲ့။ တကယ်လို့ တစ်စုံတစ်ခုက သင့်ကို စိတ်ညစ်စေတယ်ဆိုရင် သင့်အိမ်ထောင်ဖက်ကို ပြောပြသင့်ပါတယ်။ ခံစားချက်တွေကို မျှဝေခြင်းဟာ စိတ်သက်သာရာမရမှုကို သက်သာစေပြီး စိတ်ဖိစီးမှုကိုလည်း လျော့ပါးစေနိုင်ပါတယ်။

    ကျန်းမာတဲ့ အစားအသောက်တွေကို စားသောက်ပါ။

    စိတ်ဖိစီးမှုဟာ သင့်အစာစားချင်စိတ်ကို ထိခိုက်စေသလိုပဲ ကျန်းမာစွာ စားသောက်မှု မရှိခြင်းဟာလည်း စိတ်ပူခြင်းကို တိုးမြှင့်စေနိုင်ပါတယ်။ သင့်ဆရာဝန်ကို ကိုယ်ဝန်ဆောင်စဉ်မှာ ကျန်းမာတဲ့ အစားအသောက်တွေကို မေးမြန်းသင့်ပြီး ဒါတွေကို စားသောက်သင့်ပါတယ်။ ဗီတာမင်၊ သတ္တုဓါတ်နဲ့ အိုမီဂါသရီးဖက်တီးအက်ဆစ်တွေဟာ စိတ်ကို ကြည်လင်စေပါတယ်။ အိုမီဂါသရီးဖက်တီးအက်ဆစ်များများ စားခြင်းဟာ စိတ်ကျရောဂါ ဖြစ်နှုန်းကို လျော့ကျစေပါတယ်။

    တက်ကြွစွာ နေထိုင်ပါ။

    တက်ကြွစွာနေထိုင်ခြင်းဟာ စိတ်ဖိစီးမှုကို ကျော်လွှားစေနိုင်ပါတယ်။ ရေကူးခြင်းဟာ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အကောင်းဆုံးလေ့ကျင့်ခန်း ဖြစ်ပါတယ်။ ရေကူးခြင်းဟာ သင့်အဆစ်တွေပေါ် ဖိအားများစေခြင်း မရှိပဲ ကိုယ်ခန္ဓါအတွက် ကောင်းကျိုးဖြစ်စေပါတယ်။ ကောင်းမွန်တဲ့ ရေကန်တစ်ခုကို မရှာနိုင်ရင် လမ်းမိနစ် ၂၀ လောက် လျှောက်ခြင်းဟာလည်း အကျိုးရှိပါတယ်။ အပြင်ထွက်ပြီး လေကောင်းလေသန့်ရှူပါ။ အလုပ်မှာ ဆိုရင်တော့ ခဏတာနားနေချိန်လေးတွေ သတ်မှတ်ပြီး မိနစ် အနည်းငယ် လမ်းလျှောက်သင့်ပါတယ်။

    နှိပ်နယ်ပါ။

    နှစ်ပေါင်းများစွာကတည်းက နှိပ်နယ်ခြင်းဟာ စိတ်ဖိစီးမှုကို သက်သာစေတဲ့ အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ကျွမ်းကျင်သူထံသွားခြင်း (သို့) သင့်ချစ်သူကို နှိပ်နယ်ခိုင်းခြင်းတွေ ပြုလုပ်သင့်ပါတယ်။ အနံ့ကုထုံးပေးပြီး နှိပ်နယ်ခြင်းဟာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် ပိုမို ကောင်းမွန်ပါတယ်။

    အမှန်အတိုင်းပြောရရင်တော့ ကိုယ်ဝန်ပျက်ကျမှုရဲ့ အကြောင်းရင်းဟာ ကွဲပြားခြင်း မရှိပါဘူး။ ကိုယ်ဝန်ပျက်ကျမှု အများစုဟာ ခရိုမိုဆုန်းမူမမှန်ပြဿနာများကြောင့် ပထမ သုံးလပတ်မှာ အဖြစ်များပြီး ဒါကို သင်ဘာမှ မလုပ်နိုင်ပါဘူး။ ဒါကြောင့် စိတ်ပူခြင်းကို လျှော့ချပြီး ကိုယ်ဝန်ဆောင်ခြင်းကို ပျော်ရွှင်အောင်နေပါ။ ကျန်းမာတဲ့ လူမှုနေထိုင်မှုပုံစံကြောင့် သင်ဟာ အဆင်ပြေမှာ ဖြစ်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 01/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement