backup og meta

ကိုယ်ဝန်ဆောင်စဉ်မှာ ပင်လယ်စာတွေစားသုံးခြင်းဟာ အန္တရာယ်ကင်းပါသလား

ကျွန်ုပ်တို့အားလုံးသိထားကြတဲ့အတိုင်းပဲ ကိုယ်ဝန်ဆောင်စဉ်မှာအစာအာဟာရ မျှတအောင် စားသုံးဖို့ဟာ အရမ်းအရေးကြီးပါတယ် ။ အချို့အစားအစာတွေဟာ ကိုယ်ဝန်ဆောင်နေစဉ် မှာရှောင်ကျဉ်ကြရပါတယ် ။ အချို့ပင်လယ်စာများဆိုလျှင် မစားရမယ့်စာရင်းရဲ့ထိပ်ဆုံးမှာ ပါဝင်ပါတယ် ။ ပုံမှန်အားဖြင့်တော့ ပင်လယ်စာတွေဟာ စိတ်ချရပြီး အာဟာရများစွာ ပါဝင်ပါတယ် ။ သို့သော်လည်း အချို့မစားရမယ့် ချွင်းချက်အနည်းငယ်တော့ ရှိပါတယ်။

ကိုယ်ဝန်သည်တွေဟာ ဘာကြောင့်ငါးကိုစားဖို့လိုအပ်တာလဲ။

ကိုယ်ဝန်ဆောင်နေတဲ့အမျိုးသမီးတွေဟာ တစ်နေ့ကို ငါး ၂၀၀ ဂရမ် ကနေ ၃၅၀ ဂရမ် ပတ်ဝန်းကျင်အထိစားပေးသင့်ပါတယ် ။ ငါးတွေပင်လယ်စာတွေစားသုံးပေးခြင်းဟာ လိုအပ်ပါတယ် ။ ဘာလို့လဲဆိုတော့သူတို့ဟာ ပိရိုတိန်း၊ သံဓါတ်နဲ့အိုမီဂါ ဓါတ်တွေကြွယ်ဝလို့ပါပဲ။ တစ်ခြားရောဂါများမရှိတဲ့ကိုယ်ဝန်သည်များဟာ သွေးအားနည်းခြင်းမှကာကွယ်နိုင်ရန် တစ်နေ့ကို သံဓါတ် ၂၇ မီလီဂရမ် နည်းဆုံးသောက်သုံးသင့်ပါတယ်။ ကလေးဖွင့်ဖြိုးမှုကို အားပေးရန်အတွက်လည်း တစ်နေ့ကို ပရိုတိန်း ၇၁ ဂရမ် စားသုံးရန်လိုအပ်ပါတယ် ။ ငါးဟာဆိုရင် ဦးနှောက်နဲ့အာရုံကြောဖွံ့ဖြိုးမှုကို အားပေးပြီးတော့သွေးပေါင်တက်ခြင်း ၊ ကိုယ်အလေးချိန်မပြည့်ခြင်းနဲ့ လမစေ့ပဲမွေးခြင်းတို့မှကာကွယ်ပေးနိုင်တဲ့အိုမီဂါဓါတ်ကြွယ်ဝစွာပါဝင်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ်မှာဘယ်လိုပင်လယ်စာတွေကိုရှောင်ကျဉ်သင့်သလဲ။

မာကျူရီဓါတ်ပါသောငါးများ

မာကျူရီဆိုသည်မှာငါမန်း ၊ ဓါးရှည်နှုတ်သီးငါး ၊ တိုက်ခိုက်တတ် သောငါးများ မှာပါဝင်တဲ့အလွန်အဆိပ်ပြင်းတဲ့အရာတစ်ခုဖြစ်ပါတယ်။ မာကျူရီပါဝင်တဲ့ငါးကိုစားသုံးမိတဲ့ကိုယ်ဝန်သည်အမျိုးသမီးများတွင် ကလေးရဲ့ဦးနှောက်ကိုပျက်ဆီးစေနိုင်ပြီး ဖွံ့ဖြိုးမှုကိုနှေးကွေးစေပါတယ် ။ တူနာငါးဟာ အခြားငါးများထက်တော့ မာကျူရီပါဝင်မှုနှုန်းနည်းပါတယ် ။ ဒါပေမယ့် သင်ဟာအသင့်အတင့်ပဲစားသုံးသင့်ပါတယ်။

ကြာရှည်ခံအောင်ထားသောပင်လယ်စာများ

ကြာရှည်ခံအောင်လုပ်ထားတဲ့ပင်လယ်စာတွေဟာ ကိုယ်ဝန်ဆောင်စဉ်မှာမစားသုံးသင့်ပါဘူး။ ဒါတွေကို အသင့်စားသုံးခြင်းဟာ သင့်ကိုဦးနှောက်ရောင်ရမ်းခြင်းကိုူ ဖြစ်စေပါတယ် ။ စည်သွပ်ဘူးများနဲ့လာတဲ့ပင်လယ်စာများကို သေသေချာချာချက်ပြုတ်ပြီးမှာစားသုံးခြင်းဟာ စိတ်ချရပါတယ်။

အစိမ်းစားကြသော အခွံမာပင်လယ်စာများ

ကိုယ်ဝန်ဆောင်များသာမဟုတ်ပဲ ပုံမှန်လူများတွင်လည်း အခွံမာအစားအစာတွေအစိမ်းစားမိတဲ့အခါ ကျန်းမာရေးပြဿနာတွေဖြစ်ပေါ်လာကြပါတယ်။ ပင်လယ်စာများကြောင့်ဖြစ်တဲ့ဖျားနာခြင်းအများစုဟာ ကမာကောင် ၊ ခုံးကောင်၊ ယောက်သွားကောင်တို့ကိုမချက်ပြုတ်ပဲစားသုံးခြင်းကြောင့် ဖြစ်ပေါ်လာရပါတယ် ။ ချက်ပြုတ်ခြင်းဟာ ပင်လယ်စာထဲမှာပါလာတဲ့ရောဂါပိုးတွေ၊ ဘတ်တီးရီးယားတွေကို သတ်နိုင်ပါတယ် ။ ဒါကြောင့် ကိုယ်ဝန်ဆောင်စဉ်မှာ အခွံမာအကောင်များကို အစိမ်းလိုက်စားသုံးခြင်းမှရှောင်ကျဉ်ကြရပါမယ် ။

ငါးနဲ့ပင်လယ်စာတွေဟာ ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကိုအားပေးတဲ့အားဟာရများစွာပါသော့လည်း တစ်ချိန်တည်းမှာပဲသူတို့နဲ့ပါလာတဲ့မာကျူရီဟာ ဦးနှောက်ပျက်စီးမှုနဲ့PCBs ဓါတ်တွေကိုဖြစ်ပေါ်စေပါတယ် ။ ဒါကြောင့်အ ချုပ်ဆိုရလျှင် ကိုယ်ဝန်သည်များဟာ ငါးနဲ့ပင်လယ်စာတွေကိုမရှောင်ရှားသင့်ပါဘူး ။ ဒါပေမယ့် ငါးကိုသေသေချာချာရွေးချယ်၍သေသေချာချာ ချက်ပြုတ်စားသောက်ရန်လိုအပ်ပါတယ်။

Hello health group သည် ကျန်းမာရေးဆိုင်ရာအကြံပေးခြင်း ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းတို့ကို မပြုလုပ်ပေးပါ။

[embed-health-tool-due-date]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Is it safe to eat fish and other seafood when I’m pregnant?. http://www.babycenter.com/404_is-it-safe-to-eat-fish-and-other-seafood-when-im-pregnant_1380503.bc. Accessed December 30, 2016.
Seafood Do’s and Don’ts When Pregnant. http://www.eatright.org/resource/health/pregnancy/what-to-eat-when-expecting/seafood-dos-and-donts-when-pregnant. Accessed December 30, 2016.
Should You Eat Fish During Pregnancy?. http://www.fitpregnancy.com/nutrition/prenatal-nutrition/should-you-eat-fish-during-pregnancy. Accessed December 30, 2016.

ယခုပုံစံ

20/09/2022

Phyo Wai Yan မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Phyo Wai Yan မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 20/09/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement