backup og meta

ဖခင်စိတ်ကျရောဂါ ဖြစ်ခြင်းသည် ကလေးလမစေ့ဘဲ မွေးခြင်းနှင့် ဆက်စပ်နိုင်သည်

ဖခင်စိတ်ကျရောဂါ ဖြစ်ခြင်းသည် ကလေးလမစေ့ဘဲ မွေးခြင်းနှင့် ဆက်စပ်နိုင်သည်

ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်စိတ်ကျရောဂါ ဖြစ်ရင် ကလေးမှာ လမစေ့ဘဲ မွေးခြင်း၊ ပေါင်မပြည့်ဘဲ မွေးခြင်းများ ဖြစ်နိုင်ခြေ များစေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးမှု များခြင်းက လမစေ့ဘဲ ကလေး စောမွေးခြင်းကို ဖြစ်စေတဲ့ အဓိက အကြောင်းရင်း ဖြစ်ပါတယ်။ မိခင် စိတ်ဓာတ်ကျခြင်း လိုမျိုးပဲ ဖခင်မှာ စိတ်ဓာတ်ကျခြင်း ဖြစ်ပါက ကလေး စောမွေးခြင်းကို ဖြစ်စေနိုင်တယ်လို့ ယူဆချက်များ ရှိလာပါပြီ။

ဖခင်စိတ်ကျရောဂါ ဖြစ်ခြင်းသည် ကလေးလမစေ့ဘဲ မွေးခြင်းနှင့် ဆက်စပ်နိုင်သည် လို့ ယူဆရတဲ့ အကြောင်းအရင်းလေးကို ဆက်ကြည့်လိုက်ရအောင်နော်။

ဖခင်စိတ်ကျရောဂါ ဖြစ်ခြင်းသည် ကလေးလမစေ့ဘဲ မွေးခြင်းနှင့် ဆက်စပ်နိုင်သည်

ကလေးလေးတွေကို လမစေ့ဘဲ မွေးဖွားရတာက မိခင်စိတ်ဓာတ်ကျတာကြောင့်တင် မဟုတ်ဘဲ ဖခင်မှာ စိတ်ကျရောဂါ ဖြစ်ခြင်းနဲ့လည်း ဆက်စက်နေပါတယ်။

ဖခင် စိတ်ဓာတ်ကျခြင်း ဖြစ်တဲ့အခါ တွေ့ရတဲ့လက္ခဏာတွေက ဘာတွေလဲ။

သုတေသနများက ဖခင်စိတ်ဓာတ်ကျခြင်းနဲ့ ကလေးလမစေ့ဘဲမွေးခြင်းတို့ရဲ့ ဆက်စပ်မှုကို ရှာဖွေကြရာမှာ လမစေ့ဘဲမွေးတဲ့ ကလေး ၃၈ ရာခိုင်နှုန်းရဲ့ ဖခင်တွေက မျိုးအောင်တဲ့အချိန်မှာ  စိတ်ဖိစီးမှုများနေကြောင်း တွေ့ရပါတယ်။ ဖခင်ရဲ့ စိတ်ဓာတ်ကျခြင်းမှာ ဆက်စပ်နေသော လက္ခဏာအချို့က အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • မောပန်းခြင်း၊ ခေါင်းကိုက်ခြင်း၊ နာကျင်ခြင်း။
  • စိတ်တိုလွယ်ခြင်း၊ စိုးရိမ်ပူပန်မှုများခြင်း၊ ဒေါသထွက်ခြင်း။
  • လိင်စိတ်နည်းခြင်း။
  • အစားအသောက်ပျက်ခြင်း။
  • စိတ်ထိန်းချုပ်မှုနည်းခြင်း၊ အခြေအနေ တစ်ခုကို မကိုင်တွယ်နိုင်ခြင်း။
  • စွန့်စားလိုတဲ့ စိတ်ဖြစ်ခြင်း။
  • အိပ်တဲ့ ပုံစံပြောင်းလဲခြင်း၊ အိပ်မပျော်ခြင်း။
  • အခြားသူများနဲ့ အဆက်အသွယ်ပျက်ပြီး တစ်ယောက်တည်းဖြစ်နေခြင်း။
  • စိတ်ကျခြင်းကို မကုသဘဲ အရက်၊ ဆေးဝါးများသုံးစွဲခြင်း။

ဖခင်ရဲ့ စိတ်ဓာတ်ကျရောဂါက မမွေးသေးတဲ့ ကလေးအပေါ်မှာ ဘယ်လိုသက်ရောက်ပါသလဲ။

ကိုယ်ဝန်ဆောင် အမျိုးသမီးရဲ့ အဖော်ဖြစ်တဲ့  ဖခင် စိတ်ကျရောဂါ ဖြစ်ခြင်းက  အဲ့ဒီကိုယ်ဝန်ဆောင်အပေါ် များစွာ သက်ရောက်မှု ရှိတယ်လို့ သုတေသနပညာရှင်များက ယူဆကြပါတယ်။

ကိုယ်ဝန်ဆောင် အမျိုးသမီးရဲ့ အဖော်ဖြစ်တဲ့ ဖခင်က စိတ်ကျရောဂါ ဖြစ်နေမယ်ဆိုရင် ကိုယ်ဝန်ဆောင် မိခင်ကို  ကောင်းကောင်း ဂရုမစိုက်နိုင်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီအနေအထားမှာ ကိုယ်ဝန်ဆောင်မိခင်က ခင်ပွန်းဖြစ်သူအတွက် ပူပန်ရတာကြောင့် ကိုယ်ဝန်ကြောင့်အပြင် အအခြားသော စိုးရိမ်ပူပန်မှု များစေပါတယ်။ ဒီလို စိုးရိမ်မှုတွေက စိတ်ဖိစီးမှုကို ဖြစ်စေလာစေပါတယ်။

ဖခင်က စိတ်ဓာတ်ကျမှုက မိခင်အပေါ်မှာ ရိုက်ခတ်တာကြောင့် မိခင် စိတ်ကျရခြင်းရဲ့ အကျိုးဆက် အနေနဲ့ သန္ဓေသားပေါ် သက်ရောက်ပြီး လမစေ့ဘဲ ကလေးမွေးဖွားတာမျိုး ဖြစ်လာရတာပါ။

စိတ်ကျ ရောဂါကို ကုသတဲ့ ဆေးများကို သုံးစွဲနေသူဖြစ်ရင် ဒီဆေးများတွေက သုက်ပိုးကို ထိခိုက်စေနိုင်သလား ဆိုတာကို ဆရာဝန်နဲ့ အသေးစိတ် တိုင်ပင်သင့်ပါတယ်။

ဖခင်အနေနဲ့ စိတ်ကျဝေဒနာ ခံစားရတဲ့ အခါမျိုးမှာ ဘာလုပ်သင့်ပါသလဲ။

ကိုယ်ဝန်ဆောင်ချိန်က မိဘများအတွက် အံ့သြဖွယ် ကောင်းသော ခရီးရှည် တစ်ခုနဲ့ တူပါတယ်။ ဒါကြောင့် ဒီအချိန်မှာ စိတ်ကျရောဂါ ခံစားရတဲ့အခါ သင်အပြစ်မကင်းသလို ခံစားရန်၊ ရှက်ရန် မလိုပါ။ ယောက်ျားတစ်ယောက် အနေနဲ့ သင့်အဖော်အတွက် ကိုယ်ဝန်ဆောင်ချိန်မှာ လုပ်ပေးနိုင်တာက များများစားစား မရှိပါဘူး။

သင့်မှာလည်း အခြား ပြဿနာတွေ ရှိနိုင်ပါတယ်။ ဒါကြောင့် စိတ်ကျခြင်းကို ဖြစ်စေမည့် အရာများကို ရှင်းလင်းထားရန် လိုအပ်ပါတယ်။ သင်ကိုယ်တိုင် ထိန်းချုပ်ရ ခက်ခဲနေရင် ဆရာဝန်နဲ့ ပြသဆွေးနွေးပါ။

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Depression of either parent during pregnancy linked to premature birth. https://www.sciencedaily.com/releases/2016/01/160120091754.html. Accessed December 16, 2016.

Father’s depression during pregnancy linked to premature birth risk. http://www.medicalnewstoday.com/articles/305341.php. Accessed December 16, 2016.

Depression in fathers-to-be linked to premature births. http://www.telegraph.co.uk/men/fatherhood/depression-in-fathers-to-be-linked-to-premature-births/. Accessed December 16, 2016.

ယခုပုံစံ

06/12/2022

Dr. Su Sandy မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင့်ဖခင် ဆေးလိပ်ဖြတ်အောင် သင်ဘယ်လို အားပေးကူညီမလဲ

ဖခင်တစ်ယောက်ရဲ့ စိတ်ပူပန်ခြင်းကို ဘယ်လိုထိန်းချုပ်မလဲ


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Su Sandy မှ ရေးသားသည်။ · 06/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement