backup og meta

ဆောင်းပါး ကူညီပံ့ပိုးသူ May May Club

အမြွှာကိုယ်ဝန်ဆောင် မေမေတိုင်း ကြုံတွေ့ရမယ့် လက္ခဏာတွေ ။ ။

အမြွှာကိုယ်ဝန်လေးဆို မလိုချင်တဲ့သူမရှိပါဘူး။ ကိုယ်လည်းတစ်ခါပဲ ဗိုက်နာရတယ်၊ ကလေးအချင်းချင်းလည်း အဖော်ရတယ်မလား။ ပြီးတော့ နှစ်ယောက်လုံးကို ဆင်တူလေးတွေ ဝတ်ပေး၊ ချစ်စရာလေး ဘယ်လောက်ကောင်းလိုက်လဲ။ ဒါပေမယ့် ဒီလို ပျော်စရာကောင်းတာတွေက ကလေးမွေးပြီး နောက်ပိုင်းမှပါ။ ကိုယ်ဝန်ဆောင်တဲ့အချိန်မှာတော့ မေမေတို့ ခံစားရတဲ့ ဝေဒနာတွေက မသေးလှပါဘူး။ ဒီတစ်ခေါက်တော့ အမြွှာကိုယ်ဝန်ဆောင် မေမေတိုင်း ကြုံတွေ့ရမယ့် လက္ခဏာတွေ အကြောင်းလေး ပြောပြပေးချင်ပါတယ်။

အမြွှာကိုယ်ဝန်ဆောင် မေမေတိုင်း ကြုံတွေ့ရမယ့် လက္ခဏာတွေ ။ ။

အမြွှာကိုယ်ဝန်ဆောင် မေမေတိုင်း ကြုံတွေ့ရမယ့် လက္ခဏာတွေ ။ ။

အမြွှာကိုယ်ဝန်ဆောင် မေမေတိုင်း ကြုံတွေ့ရမယ့် လက္ခဏာတွေ ကတော့ ကိုယ်ဝန်ဆောင်ချိန် ဗိုက်ထဲ ရင်သွေးလေး တစ်ယောက်တည်းရှိတာတောင် ပျို့ချင် အန်ချင်တာ၊ ဗိုက်အောင့်ဗိုက်နာတာတွေ ခြေလက်ဖောရောင်တာတွေ ဖြစ်တာ နှစ်ယောက်တောင် ရှိတယ်ဆိုရင် ပြောမနေနဲ့တော့။ ကဲ ဘယ်လို တွေ ကြုံတွေ့ရမလဲ။

ကိုယ်ဝန်စစချင်းရဲ့ အစောပိုင်း လက္ခဏာတွေထဲမှာ Morning Sickness မနက်ပိုင်းပျို့အန်ခြင်းက အဖြစ်အများဆုံးနဲ့ အခံစားရဆုံးပါ။ ရင်သွေးလေးတစ်ယောက်တည်းရှိတုန်းကတောင် စားချင်းသောက်ချင်စိတ်လည်းမရှိ တစ်ချိန်လုံးလည်း ပျို့အန်ချင်နေတာ ဗိုက်ထဲ ရင်သွေးလေး နှစ်ယောက်သာဆိုရရင် Morning sickness ပိုဆိုးသွားပါလိမ့်မယ်။

  • ကိုယ်အလေးချိန်တက်လာခြင်း

ကိုယ်ဝန်ဆောင်စဉ် ကိုယ်အလေးချိန်တက်လာတယ်ဆိုတာ လူတိုင်းသိကြပါတယ်။ ရင်သွေးလေးနှစ်ယောက်တောင် ဆောင်ထားရတဲ့ကိုယ်ဝန်သည်တွေဆို ကိုယ်အလေးချိန် ပိုတက်လာပါလိမ့်မယ်။  ရေမြွှာရေအလေးချိန် ရင်သွေးလေးတွေရဲ့အလေးချိန်နဲ့ သွေးပမာဏများသွားတာတွေကြောင့် ကိုယ်အလေးချိန် တက်လာရတာ ဖြစ်ပါတယ်။

အမြွှာကိုယ်ဝန်ဆောင်ထားတဲ့သူတိုင်း နေ့မစေ့ လမစေ့မီးဖွားနိုင်တယ်လို့ မဆိုလိုပေမယ့် ဒါကလည်း ရှားလှတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ဒါ့ကြောင့် အမြွှာကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ဝန်သေချာ အပ်ထားဖို့လိုအပ်ပါတယ်။

  • ရင်ပူခြင်း

ကြီးလာတဲ့သားအိမ်နဲ့ ကိုယ်ဝန်ဆောင်ချိန် ပြောင်းလဲလာတဲ့ ဟော်မုန်းတွေကြောင့် အစာခြေအက်ဆစ်တွေ အထွက်များတတ်ပြီး ရင်ပူတဲ့ ပြဿနာကို အမြွှာကိုယ်ဝန်ဆောင် မေမေတို့ ကြုံတွေ့ရနိုင်ပါတယ်။

  • နာကျင်ကိုက်ခဲခြင်း

ရင်သွေးလေးတွေ ကြီးထွားလာတဲ့အချိန် လိုက်ကြီးလာတဲ့သားအိမ်ကြောင့် ဘေးက သားအိမ်ဘေးတွယ်ဆက် အရွတ်တွေ တင်းလာပြီး ဗိုက်နာသလိုဖြစ်မယ်၊ ခြေလက်ကိုက်ခဲတာတွေ ရှိလာမယ်၊ ခါးနာပြီး ခေါင်းကိုက်တဲ့ ပြဿနာတွေလည်း ဆက်တိုက် ကြုံရနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန် တင်းနေတဲ့ အရွတ်တွေကြောင့်ရယ်၊ ခြေလက်မှာ အရည်တွေစုပြီး ဖောလာတာကြောင့်ရယ် လက်ကောက်ဝတ် အတွင်းမှာရှိတဲ့ median nerve ကို သွားဖိလိုက်သလိုဖြစ်တာကြောင့် လက်ကောက်ဝတ်နဲ့ လက်ချောင်းတွေ နာကျင်ကိုက်ခဲပြီး အားမရှိတဲ့ ပြဿနာ carpal tunnel syndrome ကို ကိုယ်ဝန်ဆောင် မေမေတို့ ကြုံရတတ်ပါတယ်။

ကိုယ်ဝန်ဆောင်တိုင်း အကြောပြတ်ရာတွေနဲ့ မကင်းပါဘူး။ ရင်သွေးတစ်ယောက်တည်း ကိုယ်ဝန်ဆောင်တုန်းကတောင် အကြောပြတ်ရာတွေ များနေတာ ခုလို အမြွှာ နှစ်ယောက်တောင်ဆိုရင်တော့ အကြောပြတ်ရာတွေ ပိုများနိုင်ပါတယ်။

  • အိပ်ရတာလည်း သက်သောင့်သက်သာ မရှိဖြစ်နေတတ်ပါတယ်။

အိပ်တဲ့အချိန် ဗိုက်ထောက်နေတာကြောင့် အိပ်ရတာ သက်သောင့်သက်သာ မရှိမှာကတစ်ကြောင်း၊ ဗိုက်ထဲက ရင်သွေးလေးကို စိတ်ပူနေမှာကတစ်ကြောင်းနဲ့ အိပ်ရာတာ သက်သောင့်သက်သာမရှိဖြစ်နေတတ်ပါတယ်။

ဒါတွေကတော့ အမြွှာကိုယ်ဝန်ဆောင်ထားတဲ့ မေမေတိုင်းကြုံတွေ့ရတတ်တဲ့ ပြောင်းလဲမှုနဲ့ ဝေဒနာတွေအကြောင်းပါ။ အရေးကြီးတာက တစ်ယောက်တည်းပဲ ကိုယ်ဝန်ဆောင်ဆောင် အမြွှာလေးပဲ ကိုယ်ဝန်ဆောင်ဆောင် ကိုယ်ဝန်မှန်မှန် အပ်ဖို့ လုံးဝ မမေ့သင့်ပါဘူး ။ ။

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.verywellfamily.com/worst-things-about-twin-pregnancy-2447303

Accessed Date 10.9.2019

https://health.usnews.com/wellness/articles/2017-01-30/7-things-you-need-to-know-if-youre-pregnant-with-twins

Accessed Date 10.9.2019

https://www.parents.com/pregnancy/my-baby/twins-multiples/8-health-surprises-to-expect-when-youre-pregnant-with-multiples/

Accessed Date 10.9.2019

ယခုပုံစံ

07/02/2023

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်ချိန် အကင်စားလို့ ရမရ

အမြွှာကလေးများတွင် ဖြစ်သော သွေးမမျှတခြင်း လက္ခဏာစုများဆိုတာ ဘာလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thin Yadanar @ Frances မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 07/02/2023 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ