
ဒီဆီးချိုအမျိုးအစားသည် ကိုယ်ဝန် ၂၄ပတ် ဝန်းကျင် မှသာ စဖြစ်သော ဆီးချိုသွေးချို တစ်မျိုး ဖြစ်ပါသည်။ ကိုယ်ဝန်ဆောင်စဉ် ဖြစ်သော ဆီးချို သွေးချို သည် သင်၏ဆဲလ်များက သကြား (ဂလူးကို့စ်) သုံးခြင်းကို ထိခိုက်စေပြီး သွေးတွင်း သကြားဓါတ်ကို များစေ ပါသည်။ သွေးတွင်း သကြားပမာဏများခြင်း သည် သင်နှင့် သင့် ကလေးအတွက် မကောင်းပါ။

ကိုယ်ဝန်ဆောင်စဉ်ဖြစ်သောဆီးချိုသွေးချိုတွင် သွေးတွင်း သကြားပမာဏ သည် မွေးဖွားပြီးသော အခါ ပုံမှန်သို့ ပြန်ရောက်သွားလေ့ ရှိပါသည်။ သို့သော် ကိုယ်ဝန်ဆောင် စဉ်ဖြစ်သော ဆီးချိုသွေးချိုရှိပါက ဆီးချိုသွေးချို အမျိုးအစား၂ ပါရှိလာနိုင်ပါသည်။ ဆရာဝန်နှင့်အတူ သင့်၏ သွေးတွင်း သကြားဓါတ် ကို စောင့်ကြည့်ထိန်းသိမ်းပါ။
ဆီးချိုသွေးချို အမျိုးအစား၁ သို့မဟုတ် ၂ ရှိသော အမျိုး သမီးများသည် ကလေးယူရန် စဉ်းစားပါက ကိုယ်ဝန်မလွယ် မီ ဆရာဝန်နှင့် တိုင်ပင်ပါ။ ကုသထားခြင်းမရှိသော (သို့) ကောင်းကောင်းမထိန်းချုပ်ထား သော ဆီးချိုသွေးချို သည် သင့်ကလေးအတွက် ပြင်းထန် သော ပြဿနာများကို ဖြစ်စေပါသည်။
ကိုယ်ဝန်ဆောင်ခြင်းတွင် အဖြစ်များသော ပြဿနာတစ်ခု ဖြစ်သည့် ကိုယ်ဝန်ဆောင်စဉ်ဖြစ်သော ဆီးချိုသွေးချိုသည် အမျိုးသမီး ၁၀ယောက်တွင် ၁ ယောက်ဖြစ်ပွားပါသည်။ အဝ လွန်သော အမျိုးသမီးများတွင် ပို၍ ဖြစ်ပွားပါသည်။ အန္တရာယ် ရှိသော အချက်များကို လျော့ချခြင်း အားဖြင့် ရောဂါကို ထိန်းချုပ် နိုင်ပါသည်။ ပိုမိုသော အချက် အလက် များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။
ကိုယ်ဝန်ဆောင်စဉ်ဖြစ်သော ဆီးချိုသွေးချိုသည် အများ အားဖြင့် ရောဂါလက္ခဏာ မပြပါ။ ကိုယ်ဝန်ဆောင်စဉ် သွေးတွင်း သကြားပမာဏ စစ်သောအခါမှသာ ကိုယ်ဝန် ဆောင်စဉ်ဖြစ်သော ဆီးချိုသွေးချိုရှိကြောင်းကို သိရှိနိုင်ပါ သည်။
အမျိုးသမီးအချို့သည် သွေးတွင်း သကြားပမာဏ အလွန် မြင့်တက်လာသောအခါ ရောဂါလက္ခဏာ များပြပါ သည်။ ဥပမာ-
သို့သော်လည်း ဤလက္ခဏာများသည် ကိုယ်ဝန်ဆောင်စဉ် အတွင်း အဖြစ်များပြီး ဆီးချိုသွေးချို ကြောင့် မဟုတ်ဘဲ ဖြစ် နိုင်ပါသည်။ ရောဂါလက္ခဏာ ခံစားရသည်ဟု သံသယရှိပါက ဆရာဝန်နှင့် တိုင်ပင်ပါ။
အထက်တွင် ဖော်ပြ မထား သော အခြားလက္ခဏာ များ လည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါလက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။
သင့်ဆီတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ တစ်ခုခုများရှိနေပါက သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ ခန္ဓါကိုယ် တုံ့ပြန် မှုသည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးခြင်း သည် သင်၏အခြေအနေကောင်းမွန်ရန်အတွက် အကောင်း ဆုံး ဖြစ်ပါသည်။
အင်ဆူလင်သည်အစာအိမ်နောက်တွင်ရှိသေ မုန့်ချိုအိတ် မှ ထုတ်လုပ်သော ဟော်မုန်းတစ်မျိုးဖြစ်ပါသည်။ အင်ဆူလင် သည် ခန္ဓါကိုယ်မှ စွမ်းအင်အတွက် ဂလူးကို့စ် ကိုအသုံးပြုနိုင်ရန် ကူညီပြီး သွေးတွင်း ဂလူးကို့စ် ပမာဏကို လည်းထိန်းပေးပါသည်။
သို့သော်လည်း သင်၏ ခန္ဓါကိုယ်သည် ကိုယ်ဝန်ဆောင်စဉ် အတွင်း လုံလောက်သော အင်ဆူလင်ကိုထုတ်မပေးနိုင် သော အခါ ကိုယ်ဝန်ဆောင်စဉ်ဖြစ်သော ဆီးချိုသွေးချို ကိုဖြစ်စေ ပါသည်။
ကိုယ်ဝန်နှောင်းပိုင်းတွင် ကိုယ်ဝန်သည် အမျိုးသမီး များသည် အင်ဆူလင် ခုခံမှုများ (အင်ဆူလင်ဟော်မုန်းကို ခန္ဓါကိုယ်ဆဲလ်များမှ မတုံ့ပြန်ခြင်း) ပေါ်လာပါသည်။ သို့သော် အချို့အမျိုးသမီးများသည် ကိုယ်ဝန်မရခင်ကပင် အင်ဆူလင် ခုခံမှုများ ရှိတတ်ပါသည်။
ထိုသည်မှာ အဝလွန်သောကြောင့် ဖြစ်သည်။ ထိုအမျိုးသမီးများသည် ကိုယ်ဝန်ဆောင်စဉ်တွင် အင်ဆူလင် လိုအပ်မှု မြင့်တက်ကာ ကိုယ်ဝန်ဆောင်စဉ် ဖြစ်သော ဆီးချို သွေးချိုကို ဖြစ်စေပါသည်။
ကိုယ်ဝန်ဆောင်စဉ် ဖြစ်သော ဆီးချိုသွေးချို ဖြစ်ပွား နိုင်ချေ ကိုမြင့်စေသောအကြောင်းရင်းများ များစွာ ရှိပါသည်။ ဥပမာအားဖြင့်-
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ကိုယ်ဝန် ၈ပတ်-၁၂ပတ် ဝန်းကျင် မမွေးခင် ရက်ချိန်းပြသမှုတွင် ကိုယ်ဝန်ဆောင်စဉ် ဖြစ်သော ဆီးချိုသွေးချိ ရှိသလား စစ် ဆေးရန် ဆရာဝန်သည် မေးခွန်းအချို့ မေးပါလိမ့်မည်။ သင့်တွင် ဖြစ်နိုင်ချေ မြင့်စေသော အကြောင်း တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ရှိနေပါက အောက်ပါ စစ်ဆေး မှုများ ပြုလုပ်ရပါသည်။
ကိုယ်ဝန်ဆောင်စဉ် ဖြစ်သော ဆီးချိုသွေးချိုကို ကုသခြင်း သည် သင်၏ သင့်ကလေးကို ကျန်းမာစေနိုင်ပါသည်။ ကုသမှု ၏ ရည်ရွယ်ချက်သည် သင်၏ သွေးတွင်း သကြား ပမာဏ ကို ပုံမှန်သို့ရောက်ရန် ကူညီပေးခြင်း ဖြစ်ပြီး အောက်ပါတို့ ပါဝင်ပါသည်။
အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် ကိုယ်ဝန်ဆောင်စဉ် ဖြစ်သော ဆီးချိုသွေးချို ဖြစ်ခြင်း ကို ထိန်းချုပ်နိုင်ပါသည်။
အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်