backup og meta

သွေးတိုးရောဂါခံစားနေရတဲ့ ကိုယ်ဝန်ဆောင်မေမေတွေအတွက် စားသောက်နည်းလမ်းညွှန်

သွေးတိုးရောဂါခံစားနေရတဲ့ ကိုယ်ဝန်ဆောင်မေမေတွေအတွက် စားသောက်နည်းလမ်းညွှန်

သွေးတိုးရောဂါ ရှိတဲ့ အမျိုးသမီးတစ်ယောက် ကိုယ်ဝန်ဆောင်ရတာ လွယ်ကူတဲ့ အခြေအနေတစ်ရပ်တော့ မဟုတ်ပါဘူး။ သွေးတိုးရောဂါက ကိုယ်ဝန်ဆောင် အမျိုးသမီး တော်တော်များများ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာ တစ်ခုပါ။ ဒီကိစ္စက စိတ်ပူရမယ့် အရာတစ်ခုဖြစ်သလို မိခင်တွေကို တော်တော်လေး နေရကသိကအောင့် ဖြစ်စေပါတယ်။

ကိုယ်ဝန်ဆောင်မေမေ ခံစားရနိုင်တဲ့ သွေးတိုးရောဂါ

ကိုယ်ဝန်ဆောင်မေမေတိုင်းလိုလို ခံစားရနိုင်တဲ့ သွေးတိုးရောဂါက ဒီအခြေအနေ (၂) ခုပါ။

  • နာတာရှည် သွေးတိုးရောဂါ ( အရင်ကတည်းက ရှိနေတဲ့ သွေးတိုးရောဂါ၊ ကိုယ်ဝန်ကြောင့် မဟုတ်ဘဲ ကိုယ်ဝန်မဆောင်ခင်ကတည်က ရှိနေတဲ့ သွေးတိုးရောဂါ)။
  • ကိုယ်ဝန်ကြောင့် ဖြစ်တဲ့ သွေးတိုးရောဂါ၊ ဒါကို ကိုယ်ဝန်ဆောင် သွေးတိုးလို့ သိကြပါတယ်။

ကိုယ်ဝန်ဆောင် ပထမ ၃ လပတ်မှာ သွေးတိုးက ကျသွားတတ်ပြီး ကိုယ်ဝန်ဆောင် ဒုတိယ ၃ လပတ်မှာ သွေးပေါင်ချိန်က ပြန်တက်လာတတ်ပါတယ်။ များသောအားဖြင့် ကိုယ်ဝန်ဆောင်သွေးတိုးကို ကိုယ်ဝန်ဆောင်ကာလ ၂၀ ပတ် နောက်ပိုင်းမှာ သိရှိနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်သွေးတိုးကို သိရှိပြီဆိုတာနဲ့ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ကုသသင့်ပါတယ်။ အကြောင်းကတော့ ကိုယ်ဝန်ဆောင်သွေးတိုးကို သေချာ မကုသဘဲ ထားမယ်ဆိုရင် မိခင်ရော ကလေးကိုပါ ထိခိုက်မှု ကြီးမားနိုင်တာကြောင့်ပါ။

သွေးတိုးရောဂါခံစားနေရတဲ့ ကိုယ်ဝန်ဆောင်မေမေတွေအတွက် စားသောက်နည်းလမ်းညွှန်

ကိုယ်ဝန်ဆောင် သွေးတိုးကြောင့် မေမေရော ဘေဘီလေးပါ မထိခိုက်စေဖို့အတွက် ကာကွယ်တဲ့ အနေနဲ့အနေ မေမေတိုင်း နေ့စဉ်မှာ ဒီလိုလေးတွေ စားပေး စေချင်ပါတယ်။ သွေးတိုးရောဂါခံစားနေရတဲ့ ကိုယ်ဝန်ဆောင်မေမေတွေအတွက် စားသောက်နည်းလမ်းညွှန် အကြောင်းလေး ကြည့်လိုက်ရအောင်နော်။

သလဲသီး

သလဲသီးက ဒီအတိုင်းစားလို့ရသလို ဖျော်သောက်လို့လည်းရတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသီးတစ်မျိုးပါ။ လေ့လာမှု တစ်ရပ်အရ သလဲသီးဖျော်ရည် ပုံမှန်သောက်ပေးတာက သွေးတိုးကျစေဖို့ တော်တော်လေး အထောက်အကူပြုပေးနိုင်ပါတယ်။

သကြား ထပ်ထည့်မထားတဲ့ သလဲသီးဖျော်ရည်ကို သောက်သုံးပေးတာက မေမေရော ဘေဘီလေးကိုပါ ထိခိုက်စေနိုင်တဲ့ ကိုယ်ဝန်ဆောင်ချိန် သွေးတိုးတာကို သက်သာစေမှာပါ။

သံလွင်ဆီ

သံလွင်ဆီက ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသုံးဆီ တစ်မျိုးပါ။ သံလွင်ဆီမှာ polyphenols လို့ခေါ်တဲ့ နာကျင်ရောင်ရမ်းမှုကို တိုက်ဖျက်ပေးပြီး သွေးပေါင်ကျစေနိုင်တဲ့ ဒြပ်ပေါင်းတစ်မျိုး ပါဝင်နေပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ စားသုံးမယ့် အစားအစာတွေကို သံလွင်ဆီနဲ့ ချက်ပြုတ်တာက သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်မှာပါ။

Pistachios (ရင်ကွဲစေ့)

Pistachios (ရင်ကွဲစေ့) က သွေးကြောတွေကို ပြေလျော့စေပြီး နှလုံးခုန်နှုန်းကို စည်းချက် မှန်စေတာကြောင့် သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ Pistachios (ရင်ကွဲစေ့) ကို စားသုံးပေးတာကလည်း ထိရောက်တဲ့ နည်းလမ်းတစ်ခုပါ။

အစေ့အဆန်

ဆားထပ်စွက်မထားတဲ့ အစေ့အဆန်တွေက ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ် နဲ့ သွေးပေါင်ကျစေနိုင်တဲ့ သတ္တုဓာတ်တွေ ပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးထားပါတယ်။ တစ်နေ့ကို နေကြာစေ့၊ ဖရုံစေ့ တို့လိုမျိုး အစေ့အဆန်တွေကို လက်တစ်ဆုပ်စာ ပုံမှန် စားသုံးပေးပါ။

ငှက်ပျောသီး

ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပေါင်ချိန် အနေအထားကို အကောင်းဆုံး ထိန်းညှိဖို့ဆိုရင် ပိုတက်ဆီယမ် ကြွယ်ဝတဲ့ ငှက်ပျောသီးလိုမျိုး အသီးအနှံတွေကို စားပေးပါ။ ငှက်ပျောသီးကို ခပ်ပါးပါးလေး လှီးပြီး ပိုတက်ဆီယမ် ကြွယ်ဝတဲ့ အခြားသော အစားအစာတွေ ဖြစ်ကြတဲ့ cereal ဒါမှမဟုတ် oatmeal တို့ထဲကို ထည့်ပြီး မနက်စာ စားပေးတာက သွေးတိုးတာကို သိသိသာသာ သက်သာစေမှာပါ။

အဆီထုတ်ထားတဲ့ နို့၊ ဒိန်ချဉ်

အဆီထုတ်ထားတဲ့ နို့ ဒါမှမဟုတ် ဒိန်ချဉ်မှာ ကယ်လ်ဆီယမ် ကြွယ်ဝပြီး အဆီ ပါဝင်မှုနည်းပါတယ်။ ဒီအချက်တွေကပဲ သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးဖို့ ထောက်ကူပေးနိုင်မှာပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေကိုယ်တိုင် ကျန်းမာပြီး ဘေဘီလေးကို အာဟာရပြည့်ပြီး အကောင်းဆုံး ဖွံ့ဖြိုးစေဖို့ အဆီထုတ်ထားတဲ့ နို့ ဒါမှမဟုတ် ဒိန်ချဉ် စားသုံးပေးပါ။

ဒါတွေအပြင် အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေပင်လယ်ငါး စတာတွေကို စားသုံးပေးတာက သွေးတိုး ကျစေသလို ဘေဘီလေးကိုလည်း အကောင်းဆုံး ဖွံ့ဖြိုးစေမှာပါ။

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

13 Foods That Are Good for High Blood Pressure https://www.healthline.com/health/foods-good-for-high-blood-pressure Accessed Date 10 July 2020

Managing high blood pressure in pregnancy with a healthy diet https://www.rosielettsnutrition.com/2016/11/30/managing-high-blood-pressure-in-pregnancy-with-a-healthy-diet/ Accessed Date 10 July 2020

Top 10 Natural Remedies to Manage High BP During Pregnancy https://parenting.firstcry.com/articles/top-10-natural-remedies-to-manage-high-bp-during-pregnancy/ Accessed Date 10 July 2020

ယခုပုံစံ

08/08/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်သွေးတိုး ကို ဒီလိုသက်သာအောင်လုပ်ပါ

မပေါ့ဆသင့်တဲ့ ကိုယ်ဝန်ဆောင်သွေးတိုး


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 08/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement