backup og meta

သွေးကျဲဆေးများဟာ ကိုယ်ဝန်ပျက်ခြင်းကို မကာကွယ်နိုင်ပါဘူး

သွေးကျဲဆေးများဟာ ကိုယ်ဝန်ပျက်ခြင်းကို မကာကွယ်နိုင်ပါဘူး

မလိုအပ်ဘဲ သွေးခဲခြင်းဖြစ်ပေါ်တဲ့အခါ နှလုံးရောဂါ၊ လေဖြတ်ခြင်းနဲ့ တခြား ဆိုးရွားတဲ့ ကျန်းမာရေး ပြသနာတွေ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာ ကိုယ်ဝန်ပျက်ခြင်း ဖြစ်နိုင်ပါတယ်။ အမျိုးသမီးများဟာ ကိုယ်ဝန်ဆောင်စဉ်မှာ သွေးခဲခြင်း ဖြစ်တတ်ပြီး သွေးကြဲဆေးတွေကို ရံဖန်ရံခါ ပေးရလေ့ရှိပါတယ်။ ဒါပေမယ့် သုတေသနတခုအရ မျှော်လင့်ထား သလောက် အကျိုးသက်ရောက်မှု မရှိဘူးလို့ သိရပါတယ်။

သွေးကြဲဆေးဆိုတာ ဘာတွေလဲ

သွေးကြဲဆေးဆိုတာ သောက်ဆေး၊ ဒါမှမဟုတ် အကြောဆေးအနေနဲ့ ပေးပြီး သွေးခဲခြင်းကို ကာကွယ်စေတဲ့ ဆေးတွေဖြစ်ပါတယ်။ သွေးခဲခြင်းဟာ နှလုံး၊ အဆုတ်နဲ့ ဦးနှောက်စတာတွေကိုသွားတဲ့ သွေးစီးဆင်းမှုကို အနှောင့်အယှက်ပေးပါတယ်။

သွေးကျဲဆေးအမျိုးအစားများ

– သွေးမခဲဆေး။ Heparin၊ Warfarin စတဲ့ ဆေးမျိုးတွေဖြစ်ပြီး သွေးခဲခြင်းကို နှေင့်နှေးစေပါတယ်။

– သွေးဥမွှာဆန့်ကျင်ဆေး။ Aspirin လို ဆေးဖြစ်ပြီး သွေးဥမွှာများက သွေးခဲဖြစ်ပေါ်ခြင်းကို တားမြစ်ပေးပါတယ်။

သွေးကြဲဆေးများ၏ ကျောင်းကျိုးများ

– နှလုံးရောဂါနှင့် လေဖြတ်ခြင်း အန္တရာယ်ကို လျှော့ချပေးခြင်း

– နှလုံးခုန်စည်းချက် ပုံမမှန်ခြင်း (နှလုံးခါခြင်း)ကို ထိန်းညှိပေးခြင်း

– နှလုံးအဆို့ရှင်ခွဲစိတ်ရာတွင် အထောက်အကူ ပြုခြင်း

– မွေးရာပါနှလုံးရောဂါ ကုသရာတွင် အထောက်အကူပြုခြင်း

သွေးကြဲဆေးများဟာ ကိုယ်ဝန်ဆောင်စဉ်မှာ အသုံးမဝင်ဘူးလို့ သက်သေပြထားကြပါတယ်။

ယခင်က သုတေသနများ

လွန်ခဲ့တဲ့ ၁၅နှစ်တုန်းက ဆရာဝန်များဟာ သွေးခဲခြင်း ပြသနာနဲ့ ကိုယ်ဝန်ပျက်ကျခြင်း ဆက်စပ်မှု ရှိတယ်လို့ ယူဆခဲ့ကြပြီး heparin လို သွေးကြဲဆေးများကို သွေးခဲခြင်းကနေ ကာကွယ်ဖို့ အသုံးပြုခဲ့ကြပါတယ်။ ကိုယ်ဝန်ဆောင်စဉ် အတောအတွင်း သွေးကြဲဆေးပေါင်း ၄၀၀ကျော် ထိုးရပြီး အာမခံမလုပ်ခင် ဒေါ်လည ၈၀၀၀ ခန့် ကုန်ကျပါတယ်။

လက်တလော သုတေသနများ

Lancet ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ စားတမ်းတစောင်အရ သွေးခဲခြင်းပြသနာရှိတဲ့ ကိုယ်ဝန်သည် ၂၉၂ယောက်ကို လေ့လာခဲ့ရာမှာ အဆိုပါ အမျိုးသမီးများဟာ ယခင်က တခြား ပြသနာတွေဖြစ်တဲ့ ကိုယ်ဝန်ဆောင်ကာလ သွေးတိုးခြင်း၊ ကိုယ်ဝန်ပျက်ခြင်း၊ ခြေထောက်နှင့် အဆုတ်တွင် သွေးခဲခြင်း၊ ပေါင်မပြည့်ဘဲ မွေးဖွားခြင်း၊ အချင်းကွာခြင်း စတာတွေကို ဖြစ်ပွားနိုင်ခြေ ရှိနေဆဲ ဖြစ်ပါတယ်။ သုတေသီများဟာ အမျိုးသမီးများကို အုပ်စု၂စု ခွဲခဲ့ပါတယ်။ တဖွဲ့ကို သွေးကြဲဆေး Fragmin ပေးပြီး နောက်တဖွဲ့ကို မပေးပါဘူး။ ဆေးထိုးခြင်းကို ကိုယ်ဝန်ဆောင်ကာလ ၁၂ပတ်ကနေ ၃၇ပတ်အထိ ပေးခဲ့ပါတယ်။

အံ့အားသင့်ဖွယ်ရလာဒ်

အမျိုးသမီး ၆ယောက်မှာ တယောက်ဟာ ကိုယ်ဝန်ဆောင် နောက်ဆက်တွဲ ပြသနာတွေ ကြုံရပါတယ်။ ဒါပေမယ့် ဒီအမျိုးသမီး၂ဖွဲ့လုံးမှာ ကွာခြားမှု မရှိပါဘူး။ သွေးကြဲဆေးသုံးစွဲသူ အမျိုးသမီးများမှာ နှာခေါင်း၊ သွားဖုံးနဲ့ မိန်းမကိုယ်ကနေ သွေးအနည်းငယ်ယိုဆင်းတာတွေ ကြုံရပါတယ်။ ဒါ့အပြင် ဆေးမတည့်ခြင်း၊ နေ့စဉ်ဆေးထိုးရခြင်းကြောင့် အစာအိမ်အောင့်ခြင်း၊ ပေါင်နာခြင်း စတာတွေ ခံစားရနိုင်ပါတယ်။

သွေးကြဲဆေးများကို အလွန်အကျွံညွှန်းဆိုကြပါတယ်

အချို့အမျိုးသမီးများအနေနဲ့ သွေးကြဲဆေးဟာ သွေးခဲခြင်းကို ကာကွယ်နိုင်တယ်လို့ ယူဆပြီး သုံးစွဲဖို့လည်း လိုအပ်တယ်လို့ ယူဆကြပါတယ်။ သုတေသနအသစ်အရ အမျိုးသမီးများဟာ ဆေးတောက်လျှောက်ထိုးနေရလို့ နာကျင်ခြင်းကနေ လွတ်ကင်းဖွယ်ရာ ရှိပါတယ်။ သွေးကြဲဆေးများဟာ အတွင်းပိုင်း သွေးပြန်ကြောတွေမှာ ဖြစ်တတ်တဲ့ သွေးခဲခြင်းကိုတော့ ကာကွယ်နိုင်ပါသေးတယ်။ ဒါပေမယ့် ရှားပါတယ်။ ကိုယ်ဝန်ပျက်ခဲ့တဲ့ ရာဇဝင်ရှိတဲ့ အမျိုးသမီးများမှာတောင် သွေးကြဲဆေးတွေက အထောက်အကူ မပြုခဲ့ပါဘူး။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

  • Blood Thinner Doesn’t Prevent Miscarriages: Study. http://www.webmd.com/baby/news/20140725/blood-thinner-doesnt-prevent-miscarriages-study#1 Accessed April 3, 2017
  • Blood Clots. http://www.webmd.com/dvt/blood-clots#1 Accessed April 3, 2017

Blood Thinners for Heart Disease. http://www.healthline.com/health/heart-disease/blood-thinners/ Accessed April 3, 2017

ယခုပုံစံ

19/09/2022

Dr. Thant Zin မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်မေမေ မီဆို သောက်လို့ရမလား!

ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား!



Dr. Thant Zin မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement