
အခုဆို သားသားမီးမီးလေးက ပဲစေ့အရွယ် ၆ မီလီမီတာလောက် ရှိနေပြီနော်။ဒီ 6 ပတ် မြောက်မှာဆို ဦးနှောက်နဲ့ အာရုံကြောအဖွဲ့အစည်းလေးတွေ ဖွံ့ဖြိုးတာ အရမ်းမြန်လာပါပြီ။ သန္ဓေသားလေးရဲ့ မျက်လုံးဖြစ်လာမယ့် အိတ်လေး၂ခုဆိုလည်း ဒီအပတ်မှာ စဖွံ့ဖြိုးတော့မှာပါ။ လှိုင်းတွန့်လေးလိုဖြစ်နေတဲ့ လမ်းကြောင်းလေးကလည်း နားရွက်လေးတွေဖြစ်လာဖို့ စဖွံ့ဖြိုးပါပြီ။

နှလုံးလေးက အခုဆို စခုန်နေပါပြီ။ အာထရာဆောင်းနဲ့ နားထောင်ကြည့်လို့ ရပါတယ်။ အစာခြေအဖွဲ့အစည်းနဲ့အသက်ရှူလမ်းကြောင်းတွေလည်း စပေါ်လာပါပြီ။ အဖုလေးတွေကနေ လက်လေးခြေလေးတွေအဖြစ် ပြောင်းလာပါပြီ။ လနဲ့ချီပြီး ခြေထောက်လေးတွေက ကိုယ်ကိုပတ်ပြီး လိမ်နေလို့ ကလေးလေးအရှည် ဘယ်လောက်ရှိမလဲကိုတော့ သိဖို့ခက်ပါတယ်။ အဲဒါကြောင့်မို့ သန္ဓေသားလေးကို ထိပ်ပိုင်းကနေ အဆုံးပိုင်းဆိုပြီးတော့ပဲ တိုင်းပါတယ်။ ခေါင်းကနေခြေဆိုပြီး မတိုင်းပါဘူး။ ထိပ်ပိုင်းကနေ အဆုံးပိုင်းက ဒီအပတ်မှာ ၂-၅ မီလီမီတာလောက်ရှိမှာပါ။
ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့်
ပြီးခဲ့တဲ့အပတ်ကထက် ကိုယ်ဝန်ရှိတဲ့ လက္ခဏာက ပိုသေချာလာမှာပါ။ မေမေတို့ရဲ့ ခန္ဓာကိုယ်ကဆိုရင် သားသားမီးမီးတွေကို အာဟာရပေးနိုင်ဖို့ ကြိုးစားပြင်ဆင်နေပါပြီ။ ပုံမှန်ထက် အလုပ်ပိုလုပ်ရင် အရမ်းပင်ပန်းနွမ်းနယ်စေပါတယ်။ ဒီအခြေအနေတွေကို ဖြတ်ကျော်ရလွယ်စေမယ့် နည်းလမ်းလေးတွေ ဆက်ပြောပြပါရစေနော်။
ဒါတွေလုပ်နေလျက်နဲ့ ပင်ပန်းနွမ်းနယ်နေတာတွေ ပိုဆိုးလာတယ်ဆို ဆရာဝန်နဲ့ တိုင်ပင်ကြပါ။ တခြားအကြောင်းအရာတွေကြောင့်လည်းဖြစ်တတ်လို့ ဆရာဝန်တွေကပဲ ဘာလုပ်ရမလဲဆိုတာ ညွှန်ကြားနိုင်တာပါ။
ဆီးခဏခဏသွားတာက ပုံမှန်ပါပဲ။ ကိုယ်ဝန်ဟော်မုန်းက ဆီးခဏခဏသွားစေလို့ပါ။ သူက ကလေးရော အမေရောမှာရှိတဲ့ အညစ်အကြေးတွေကို ဆေးကြောပေးဖို့ ကျောက်ကပ်ဆီသွားတဲ့ သွေးအားကောင်းစေပါတယ်။ အခုဆီးသွားတာ မေမေတစ်ယောက်တည်း မဟုတ်တော့ဘူးနော်၊၊ သားသားမီးမီးလေးတွေပါ ပါပါတယ်။ သက်သာစေတဲ့နည်းလမ်းလေးတွေအကြောင်း ဆက်ပြမယ်နော်။
ခဏခဏဆီးသွားတာက စိတ်ကသိကအောင့်ဖြစ်စေပေမယ့် သန္ဓေသားရော မိခင်ဆီက အညစ်အကြေးတွေကို ဖယ်ရှားပေးပါတယ်။
ဆရာဝန်နဲ့ ဘာတွေတိုင်ပင်ကြမလဲ
ကိုယ်ဝန် ၂လရှိလာပြီဆို ကိုယ်ဝန်ရလို့ စိတ်လှုပ်ရှားတဲ့အပျော်တွေ ပျောက်ပြီး စပြီးစိတ်ပူလာပါတော့မယ်။ ကိုယ်ဝန်ရှိတာ မသိခင်က ကလေးလေးကို ဘေးဖြစ်စေမယ့် ဘာတွေလုပ်ခဲ့မိမလဲ။ မတော်တဆ ခေါင်းကိုက်လို့ အကိုက်အခဲပျောက်ဆေးသောက်မိမှဖြင့်၊ ညစာစားပြီးလို့ ဝိုင်လေးတစ်ခွက်လောက်သောက်မိမှဖြင့် ခက်ရချည်ရဲ့။ ဖျားရင်ရော ဘယ်လိုလုပ်ရပါ့။
ဒါတွေက သာမန်ဖြစ်လေ့ဖြစ်ထရှိတာတွေပါ။ သိပ်စိတ်ပူမနေပါနဲ့။ ဆရာဝန်က သံသယတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အဲဒါကြောင့်ဆရာဝန်တွေကိုပြောပြဖို့ကသာ မေမေတွေရဲ့တာဝန်ပါနော်။
ဘယ်လိုစစ်ဆေးမှုတွေ ထပ်လိုဦးမလဲ ဆက်လေ့လာရအောင်
ပထမဆုံးဆေးစစ်တာက ဆရာဝန်ဆီသွားမပြမချင်း စစ်ရဦးမှာမဟုတ်ပါဘူး။ တချို့က ၈-၉ပတ်လောက်မှ ဆရာဝန်ဆီသွားပြကြပါတယ်။ စိုးရိမ်နေရင်တော့ ဒီအပတ်မှာ သွားပြလည်းရပါတယ်။ ပထမဆုံးသွားပြရင် သွေးစစ်တာတွေလုပ်ပါတယ်။ သွေးအမျိုးအစား၊ Rh အုပ်စုပါမပါ၊ ဂျိုက်သိုး၊ ဘီပိုးကာကွယ်ဆေးထိုးထားသလား၊၊ ရောဂါတွေကို ခံနိုင်ရည်ရှိသေးလား သိအောင်လို့ပါ။
ကိုယ်ဝန်ရှိချိန်မှာ ကျန်းမာဘေးကင်းအောင် ဘာတွေသိထားရမလဲ
ပြီးခဲ့တဲ့အပတ်တွေတုန်းက စိတ်ဖိစီးမှုက ကလေးလေးဖွံ့ဖြိုးမှုအတွက် မကောင်းဘူးလို့ပြောခဲ့တယ်နော်။ စိတ်ဖိစီးမှုက ကိုယ်ဝန်ပျက်ကျတာနဲ့ ဘယ်လိုဆိုင်လဲ။ ဒီအချက်ကို စတွေ့တာကြာပါပြီ။ သက်သေပြထားတာတွေလည်း ရှိပါတယ်။
သုတေသနတစ်ခုက ခန့်မှန်းထားတာတော့ ၁၀-၂၀%လောက်ကို ကိုယ်ဝန်ပျက်ကျစေနိုင်ပါတယ်တဲ့။ ကိုယ်ဝန်ပျက်ကျစေတဲ့ အဓိကအချက်ကတော့ ခရိုမိုဇုမ်းပုံမှန်မဟုတ်လို့ရယ်၊ သန္ဓေသားကြီးပြင်းရာမှာ ပြဿနာရှိနေလို့ပါ။ တခြားအကြောင်းတွေ သိချင်တယ်ဆို အောက်မှာပါနော်။
ဒါ့ပြင် ပျက်ကျမှာ၊ မွေးရာပါ ချို့ယွင်းချက်တွေ ပါလာမှာ စိုးရိမ်တယ်ဆို ကိုယ်ကိုယ်တိုင်ရော ကလေးလေးအတွက် အန္တရာယ်ရှိနိုင်မယ့် ဆေးလိပ်၊ အရက်ရှောင်ပြီး ဂရုစိုက်ကြပါနော်။
နောက်အပတ်ရော သားသားမီးမီးလေးက ဘယ်လိုကြီးလာမှာပါလိမ့်။