2 ပတ် မြောက်မှာ ကလေးငယ်ဖွံ့ဖြိုးမှု
ကျွန်မရဲ့ ကလေးငယ် 2 ပတ် မြောက်မှာ ဘယ်လိုကြီးထွားဖွံ့ဖြိုးလာသလဲ
ဒီအပတ်မှာ သင့်ခန္ဓာကိုယ်က ကလေးလေးကို လက်ခံပျိုးထောင်ဖို့အဆင့်ဖြစ်နေတဲ့လက္ခဏာ ပြလာပါပြီ။ ခုထက်ထိ သင့်မှာ ကိုယ်ဝန်မရှိသေးပါဘူး၊၊
ဒါပေမယ့် ဒီအပတ်အကုန်လောက်မှာ မျိုးဥက ကြွေကျပြီး သန္ဓေအောင်ဖို့ စောင့်နေတာ ဖြစ်ပါတယ်။ သင့်အမျိုးသားကို သားဥကြွေမယ့်ရက်အကြောင်း ကြိုအသိပေးထားပါ။ သင်တို့ ကလေးသန္ဓေတည်ဖို့ သင်တို့နှစ်ယောက်လုံး အားထုတ်ဖို့လိုပါတယ်။ ဒီအပတ်အတွက် ကံကောင်းပါစေ။
တကယ်တော့ မျိုးအောင်ပြီးချိန်မှာတည်းက ယောက်ျားလေး မိန်းကလေးစကွဲနေပါပြီ။ ဒါပေမယ့် ၁၈-၂၀ပတ်အထိ သင်ကိုယ်တိုင် မြင်ရဦးမှာမဟုတ်ပါဘူး။ ဘယ်လိုဖြစ်လဲဆိုတာ ဆက်ကြည့်ရအောင်။
လူတိုင်းမှာ မျိုးရိုးဗီဇလက္ခဏာနဲ့ လုပ်ထားတဲ့ ခရိုမိုဇုမ်း ၄၆ ခုပါပါတယ်။ ၄၆ခုမှာ၂ခုက လိင်ခရိုမိုဇုမ်းပါ။ ၁ခုက သုက်ကောင်ကလာပြီး ၁ခုက မမျိုးဥကလာတာပါ။ မမျိုးဥက X ခရိုမိုဇုမ်းတစ်မျိုးတည်းရှိပြီး သုတ်ကောင်က X ရော Y ခရိုမိုဇုမ်းပါ ရှိပါတယ်။ တကယ်လို့ မျိုးဗီဇက XX ခရိုမိုဇုမ်းနဲ့ ပေါင်းသွားရင် မိန်းကလေး ဖြစ်ပြီး XY ဆိုရင် ယောက်ျားလေးဖြစ်မှာပါ။
2 ပတ် မှာခန္ဓာကိုယ်နဲ့ နေထိုင်မှုပုံပြောင်းလဲပုံ
ကျွန်မရဲ့ ခန္ဓာကိုယ် ဘာတွေပြောင်းလဲသွားလဲ
သင့်ခန္ဓာကိုယ်က မျိုးဥကြွေဖို့ (မျိုးအောင်ဖို့) အဆင်သင့် ဖြစ်နေပါပြီ။ သားအိမ်ဘေးနံရံတွေ ထူလာပြီး မျိုးအောင်လာမယ့် သန္ဓေသားလေးကို အာဟာရထောက်ပံ့ဖို့ ပြင်ဆင်နေပါပြီ။ ဒီအပတ်ရဲ့နောက်ဆုံးရက်က ကလေးလေးသန္ဓေတည်ဖို့ အကောင်းဆုံးပါပဲ။ ဘယ်အချိန်အတူနေရမလဲဆိုတာသိဖို့ မျိုးဥကြွေချိန်ကို စစ်ဆေးကြည့်သင့်ပါတယ်။
လိင်ဆက်ဆံချိန်မှာ သင့်အမျိုးသားက သုက်ကောင်ကို ထုတ်ပေးပြီး ဒါလေးက မမျိုးဥဆီ တက်သွားပါမယ်။ သုက်ကောင်တစ်ကောင်က မမျိုးဥကိုဖောက်ပြီး သန္ဓေအောင်စေပါတယ်။ အဲဒီအခါမှာ မျိုးအောင်သွားတဲ့ဥက သားအိမ်နံရံမှာသွားတွယ်ပါတယ်။ ဖြစ်စဉ်လေးက သိမ်မွေ့လွန်းလို့ သင်ကိုယ်ဝန်ရှိနေမှန်း နောက်ရက်သတ္တပတ်အနည်းငယ်အထိကို သင်သိဦးမှာမဟုတ်ပါဘူး။
2 ပတ် မြောက်မှာ ဘာတွေပြင်ဆင်ထားရမလဲ
မျိုးဥကြွေတဲ့ရက်ကို တွက်တာက သင်ရာသီလာတဲ့ ရက်အရေအတွက်၊ ရက်ပုံမှန်လာသလားပေါ်မူတည်ပြီး အပြောင်းအလဲရှိပါတယ်။ ရာသီမမှန်ဘူးဆိုရင် တွက်ရခက်ပါလိမ့်မယ်။ သင့်မျိုးဥကြွေရက်ကို တွက်ချက်ပေးနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။
ခန့်မှန်းနိုင်တဲ့ လက္ခဏာတွေကတော့ မိန်းမကိုယ်ကနေ အချွဲဆင်းတာ၊ ကိုယ်အပူချိန် အနည်းငယ်တက်တာတွေပါ။ မျိုးဥက ၁၂-၁၄ရက် ကြားကြွေတာပါ။ သေချာအောင် သင့်အမျိုးသားနဲ့ ၁၂ရက်မတိုင်ခင်ကနေ ၁၄ရက်ကျော်ထိကို နေ့စဉ်လိင် ဆက်ဆံပေးသင့်ပါတယ်။
ဆရာဝန်ဆီပြသခြင်း
ဆရာဝန်ကို ဘာတွေပြောပြမလဲ
သင်ကိုယ်ဝန်ယူမှာကို ဆရာဝန်ကို ပြောပြပါ။ ဆရာဝန်က သင့်ရဲ့ ဆေးမှတ်တမ်းတောင်းပြီး ဆေးစစ်မှု လုပ်ပါလိမ့်မယ်။ ကိုယ်ဝန်မယူခင် ဆေးစစ်တဲ့အခါမှာ သင်နေမကောင်းဖြစ်ဖူးလား၊ ဘာဆေးတွေသောက်လဲဆိုတာ ပြောပြဖို့လိုပါတယ်။ ဒါက ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်ရာမှာ ပိုအထောက်အကူဖြစ်စေပါတယ်။
ဘာစစ်ဆေးမှုတွေ လုပ်ဖို့လိုမလဲ
ဒီတစ်ခေါက်တော့ မမျိုးဥကြွေချိန် စစ်ဆေးတဲ့အကြောင်းကို သိချင်မှာပေါ့။ မိန်းကလေးတစ်ယောက်နဲ့ တစ်ယောက် ရာသီလာချိန် မတူပါဘူး။ ၂၁-၂၈ရက်ကနေ ရက်၃၀ တစ်ကြိမ်ဖြစ်နိုင်ပါတယ်။ သန္ဓေတည်ဖို့ ကြိုးစားနေရင်တော့ ဘယ်ချိန်လိင်ဆက်ဆံသင့်လဲသိဖို့ မျိုးဥကြွေချိန် စစ်သင့်ပါတယ်။
နောက်တစ်ခုက ကိုယ်ဝန်ရှိမရှိ စမ်းတာပါ။ မျိုးဥက သန္ဓေအောင်ပြီးရင် ကိုယ်ဝန်ရှိမရှိသိဖို့ ရက်သတ္တပတ်အနည်းငယ်ကြာပါမယ်။ တချို့က ရာသီစမလာတဲ့ရက်ကိုစစ်ပြီး တချို့က နောက်တစ်ပတ်မှာစစ်ပါတယ်။ ကိုယ်ဝန်ရှိတဲ့ လက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ပြပါ။
ကျန်းမာရေးနဲ့ လုံခြုံစိတ်ချရမှု
ကျန်းမာဘေးကင်းစွာ ကိုယ်ဝန်ဆောင်နိုင်ဖို့ဘာတွေသိထားသင့်လဲ
ဒီအချက်တွေကို သတိထားရပါမယ်။ ကလေးရောသင်ပါ အန္တရာယ်ကင်းဖို့ ဒီတစ်ချက်တွေကို သိထားရပါမယ်။
သင်ခေါင်းကိုက်တဲ့အခါ၊ ဖျားတဲ့အခါ အကိုက်အခဲပျောက်ဆေးတွေ သောက်ချင်ပါလိမ့်မယ်။ သင့်မှာကိုယ်ဝန်ရှိတာကိုသတိရပါ။ အကိုက်အခဲပျောက်ဆေးတွေက ခန္ဓာကိုယ်ထဲမှာ ရက်အနည်းငယ်ကြာတဲ့အထိ ရှိနေတတ်ပါတယ်။ ဒီဆေးတွေမှာပါတဲ့ပစ္စည်းတွေက ကလေးဖွံ့ဖြိုးမှုနဲ့ သန္ဓေအောင်မှုကို လျော့ကျစေပါတယ်။
ပါရာစီတမောလောက်ကိုတော့ စိတ်ချလက်ချသောက်နိုင်ပါတယ်၊၊ ကျန်တဲ့ ဆေးတွေကိုတော့ ဆရာဝန်နဲ့တိုင်ပင်ပြီးမှ သောက်တာ ပိုကောင်းပါတယ်။
- မူးယစ်ဆေးဝါးများ
ကိုယ်ဝန်ဆောင်ကာလမှာ အရက်သောက်တာ၊ ဆေးလိပ်နဲ့ ဆေးရွက်ကြီးတွေကို ရှောင်သင့်ပါတယ်။ ဒီပစ္စည်းတွေက သန္ဓေအောင်မှုကို ဘေးဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ပျက်ကျတာ၊ သန္ဓေသားမှာ မွေးရာပါ ချို့ယွင်းချက်ပါတာကို ဖြစ်စေနိုင်ပါတယ်။
အရက်ကြောင့် မွေးရာပါ ဦးနှောက်ဖွံ့ဖြိုးမှု ထိခိုက်တဲ့ရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ ပေါင်ချိန်မပြည့်ဘဲမွေးတာတွေ ဖြစ်နိုင်ပါတယ်။ သိလိုသမျှကို ဆရာဝန်အား မေးမြန်းနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဘယ်မေးခွန်းမျိုးမဆို မေးလို့ရပါတယ်နော်။
နောက်အပတ်မှာ သန္ဓေသားလေး ဘယ်လိုကြီးထွားလာမှာလဲ။
ရေးသားသူ- Hmwe Sann Eain
[embed-health-tool-due-date]