ပထမ သုံးလပတ်

ကိုယ်ဝန်ဆောင်ကာလ ပထမ သုံးလပတ် သည် သန္ဓေသားအတွက် အင်မတန်အရေးကြီးတဲ့ ကာလဖြစ်တာကြောင့် ကိုယ်ဝန်ဆောင် မေမေတို့ သိသင့်သိထိုက်သည်များကို လေ့လာနိုင်ပါသည်။

အားဖြည့်ကူညီပေးသူ:

ကျန်းမာရေးဗဟုသုတ

ပထမ သုံးလပတ်

ကိုယ့်မှာဖြစ်နေတာ Morning Sickness လား... Motion Sickness လား... ဘယ်လိုသိနိုင်မလဲ

ဒီခံစားချက်နှစ်ခုစလုံးက မအီမသာဖြစ်တာချင်းကတေ့ ခပ်ဆင်ဆင်ပါ။ ဒါပေမယ့် ဖြစ်ပေါ်လာရတဲ့ အကြောင်းအရင်းကတော့ မတူပါဘူး။ ဒီတော့ကိုယ့်မှာ ခံစားနေရတာက ဘယ်လက္ခဏာလဲဆိုတာ သိဖို့ ဒီဆောင်းပါးလေးဖတ်ရင်း အဖြေထုတ်ကြည့်လိုက်နော်။ Motion Sickness (ကားမူးခြင်း) ခရီးသွားတဲ့အခါမျိုးမှာအဖြစ်များပါတယ်။ အမြင်အာရုံနဲ့အကြားအာရုံကောင်းကောင်းမချိတ်ဆက်မိတဲ့အခါမျိုးမှာပေါ့။ ကားမူးတယ်ဆိုတာက မျက်လုံးကမြင်နေရတဲ့အရာနဲ့ နားကကြားနေရတဲ့ အရာကို ဦးနှောက်ကကောင်းကောင်းမချိတ်ဆက်မိတဲ့အခြေအနေတစ်ရပ်ပါ။ အကြားအာရုံကရရှိနေတဲ့ အချက်အလက်တွေနဲ့ အမြင်အာရုံကနေရရှိနေတဲ့ အချက်အလက်တွေကဟန်ချက်မညီဘဲ ဗဟိုအာရုံကြောစနစ်မှာ ကမောက်ကမဖြစ်ရာကနေစလာတဲ့ ခံစားချက်တစ်ခုပေါ့။ ကားမူးတာကို အဓိကခံစားတဲ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေက မျက်လုံး၊ အတွင်းနား၊ အရေပြားမျက်နှာပြင်ပေါ်က တစ်ရှုးတွေပါ။ မြင်တာကို မျက်လုံးကခံစားမယ်။ ခန္ဓာကိုယ်အနေအထားနဲ့ ပတ်ဝန်းကျင်ကရာသီဥတုအခြေအနေကို အရေပြားတစ်ရှုးတွေကခံစားမယ်။ ကြားနေရတာကို အတွင်းနားကခံစားပါတယ်။ ဒီ ၃ ခုဟန်ချက်ညီနေရင် ကားမမူးနိုင်ပေမယ့် တစ်ခုခုက ဟန်ချက်ပျက်သွားပြီဆိုရင်တော့ ရင်ထဲမကောင်းဘူး၊ ခေါင်းထဲကမူးတယ်၊ အန်ချင်တယ်ဆိုတဲ့ ကားမူးတဲ့ လက္ခဏာတွေကို စခံစားရတော့ပါပဲ။ ကားမူးနေပြီလား....... ကားမူးတဲ့အခါ အခုလက္ခဏာတွေခံစားရနိုင်ပါတယ်။ ခေါင်းမူးမယ် […]

ပထမ သုံးလပတ် ကို ရှာဖွေမည်။

ပထမ သုံးလပတ်

ဆရာဝန်တွေ ပြောပြောနေကြတဲ့ ကိုယ်ဝန်ပထမ၃လ ( 1st trimester) ဆိုတာ

ကိုယ်ဝန် တစ်ခုကို အချိန်ကာလ ဘယ်လိုတွေ ခွဲခြားသတ်မှတ်ထားလဲ။ ။ ကိုယ်ဝန်တစ်ခုဟာ ကိုးလလွယ် ဆယ်လဖွားဆိုတာတော့ အားလုံးသိကြမှာပါ။ ပုံမှန်ကိုယ်ဝန်တစ်ခုရဲ့ ကာလဟာ အပတ်ပေါင်း ၄၀ ရှိရမယ် လနဲ့ဆိုရင်တော့ ဆယ်လလောက်ပေါ့။ ဒါပေမယ့် အပတ်ပေါင်း၄၀ ကွက်တိမဟုတ်ဘဲ သူ့ကို ၃၇ပတ် - ၄၂ ပတ်ကြားထဲ ထည့်ထားလေ့ရှိပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်က မတူဘူးလေ။ ဒီတော့ ဒီ ၃၇ - ၄၂ ပတ် ကြားထဲမှာ မွေးတဲ့ ကိုယ်ဝန်မှန်သမျှ ပုံမှန်ကိုယ်ဝန် တစ်ခုပါ။ ဆေးပညာမှာ ဒီ ၁၀ လလွယ်ထားရတဲ့ ကိုယ်ဝန်ကို Trimester ( ကိုယ်ဝန် အပိုင်းအခြားကာလ) နဲ့ ပိုင်းခြားလေ့ရှိပါတယ်။ Trimester ဆိုတာ ၁၀လကြာတဲ့ ကိုယ်ဝန် တစ်ခုကို ( […]


ပထမ သုံးလပတ်

အရေးကြီးတဲ့ ကိုယ်ဝန် ပထမ ၃ လမှာ ဘာတွေ စားပေးရမလဲ ။ ။

အရေးကြီးတဲ့ ကိုယ်ဝန် ပထမ ၃ လမှာ ဘာတွေ စားပေးရမလဲ ။ ။ ဆိုတာကို ပြောပြပေးချင်ပါတယ်။ ကိုယ်ဝန် ပထမ ၃ လဆိုတာ ကိုယ်ဝန်ဆောင် ကာလအတွင်း အရမ်းကို အရေးကြီးတဲ့ ကာလတစ်ခုပါ။ ဘာ့ကြောင့်လဲဆိုတော့ ဗိုက်ထဲမှာ ရင်သွေးလေးစပြီး ဖြစ်တည်ဖွံ့ဖြိုးတာ ဒီ ၃ လအတွင်းမှာ စတာကြောင့်ပါ။ ဒီ ကိုယ်ဝန်ကလည်း နုသေးတာကြောင့် မခိုင်ဘဲ သားလျှောတာမျိုး မဖြစ်ရအောင်လို့ ဒီကာလကအရေးကြီးဆုံးပါ။ ဒါ့အပြင် ကိုယ်ရဲ့ ရင်သွေးလေး စပြီးဖွံ့ဖြိုးတဲ့နေရာမှာ ချို့ယွင်းချက် မရှိရအောင်လို့လည်း ဒီ ၃ လအတွင်းမှာ ဂရုစိုက်ပေးရတာပါ။ အဲဒီ အထဲမှာ အရေးအကြီးဆုံးကတော့ အစားအသောက်ပါ။ မေမေတို့ စားလိုက်တဲ့ အာဟာရမှန်သမျှ ကလေးဆီကို ရောက်တာမလား။ ဒီတော့ ကျန်းမာဖွံ့ဖြိုးတဲ့ […]


ပထမ သုံးလပတ်

ကိုယ်ဝန်ဆောင်ကာလ အော့အန်ခြင်းကို သက်သာစေဖို့

ကိုယ်ဝန်ဆောင်ဖူးတဲ့သူတိုင်း သိကြမှာပါ။ ကိုယ်ဝန်စရှိပြီဆိုတာနဲ့ မူးဝေပျို့အန်ချင်နေပြီး ဘာမှကို စားချင်သောက်ချင်စိတ်မရှိတာကိုလေ။ ကိုယ်ဝန်ရှိခြင်းရဲ့ အမှတ်အသားတစ်ခုလို့ ဆိုရလောက်အောင် ကိုယ်ဝန်အစောပိုင်း ပထမ ၃ လမှာ မူးဝေပျို့အန်ခြင်းကို ကိုယ်ဝန်ဆောင် ၈၀ ရာခိုင်နှုန်းလောက် ခံစားကြရပါတယ်။ ဒါကို Morning sickness လို့လည်း ခေါ်ကြပါတယ်။ ဒီလိုအဖြစ်များတဲ့ ကိုယ်ဝန်ဆောင်ကာလ အော့အန်ခြင်းကို သက်သာစေဖို့ ဘာတွေလုပ်လို့ရလဲဆိုတာကို ပြောပြပေးပါမယ်။ ကိုယ်ဝန်ဆောင်ကာလ အော့အန်ခြင်း Morning sickness ဘာကြောင့်ဖြစ်ရတာလဲ။ ရုပ်ပိုင်းဆိုင်ရာနဲ့ ဇီဝရုပ်ဖြစ်ပျက်မှုတို့ကြောင့် ကိုယ်ဝန်ဆောင်ချိန် မူးဝေအော့အန်ခြင်း ဖြစ်ရတယ်လို့ ဆိုပါတယ်။ ပြောင်းလဲလာတဲ့ ဖြစ်စဉ်တွေကတော့ Oestrogen ခေါ် မဟော်မုန်း များလာတာ သွေးပေါင်ချိန်တွေ ကျလာတာ ကာဗိုဟိုက်ဒရိုက် အသုံးပြုမှုပြောင်းလဲလာတာနဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ များလာတာတွေပဲ ဖြစ်ပါတယ်။ ဒါတွေကြောင့် မူးဝေအော့အန်ခြင်း ဖြစ်ရတယ်လို့လည်း […]


ပထမ သုံးလပတ်

ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ ခံစားရနိုင်တဲ့ လက္ခဏာတွေ

ကိုယ်ဝန်ဆောင်တဲ့အခါ ခန္ဓာကိုယ်မှာ အပြောင်းအလဲတွေ ဖြစ်ပေါ်လာပါတယ်။ ဒီပြောင်းလဲမှုတွေက ကိုယ်ဝန်စရှိချိန်မှာ ဖြစ်လာတဲ့ ဟော်မုန်းအပြောင်းအလဲတွေကြောင့်ပါ။ ဒီပြောင်းလဲမှုတွေက ကိုယ်ဝန်ရှိတာကို စပြီးသတိထားမိစေနိုင်တဲ့ ကိုယ်ဝန်အစောပိုင်းလက္ခဏာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ ခံစားရနိုင်တဲ့ လက္ခဏာတွေ အကြောင်း ပြောပြပေးချင်ပါတယ်။ ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ ခံစားရနိုင်တဲ့ လက္ခဏာတွေ ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ ခံစားရနိုင်တဲ့ လက္ခဏာတွေ ရှိပါတယ်။ လက္ခဏာတွေ အများကြီးရှိပြီး တစ်ယောက်နဲ့ တစ်ယောက် ခံစားရပုံခြင်း ကွာခြားနိုင်ပါတယ်။ ရင်သားတွေ ကြီးလာမယ်၊ တင်းပြီးနာမယ် ရင်သားတွေက ကိုယ်ဝန်ရှိနေပြီဆိုတာကို အရင်ဆုံးသိရှိစေတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေပေါ့။ ကိုယ်ဝန်စရှိပြီး နှစ်ပတ်လောက်ကာလအတွင်းမှာ ဟော်မုန်းပြောင်းလဲမှုကြောင့် ရင်သားတွေပြည့်တင်းလာပြီး နာကျင်မှုကို ခံစားရနိုင်ပါတယ်။ ခြေကုန်လက်ပန်းကျမယ် ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ ပရိုဂျက်စတင်ဟော်မုန်းတက်လာတာကြောင့် ပင်ပန်းနွမ်းနယ်တာ၊ နည်းနည်းလောက်လှုပ်ရှားမိရင်ကို ခြေကုန်လက်ပမ်းကျတာမျိုး ကြုံရနိုင်ပါတယ်။ ပုံမှန်လှုပ်ရှားမှုလေးတွေ လုပ်ရင်းနဲ့ကို ခြေကုန်လက်ပန်းကျသလို ခံစားရနိုင်ပါတယ်။ သွေးနည်းနည်းဆင်းမယ် တစ်ခါတလေမှာ ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ သွေးအနည်းငယ်ဆင်းတာမျိုးကြုံရနိုင်ပါတယ်။ […]


ပထမ သုံးလပတ်

ကိုယ်ဝန်ပထမသုံးလအတွင်း မိခင်လောင်းများအတွက် အပြေးကျင့်နည်းလမ်းညွှန်

ပြေးတယ်ဆိုတာ ကိုယ်ဝန်ဆောင်တွေအပါအဝင် လူတိုင်းအတွက် ကောင်းပါတယ်။ ကိုယ်ဝန်ဆောင်တွေအတွက် လေ့ကျင့်ခန်းလုပ်တာက အကျိုးများကြောင်း အမေရိကန် သားဖွားမီးယပ်ပညာရှင်များ ကောလိပ်တွင် အချက်အလက်များကို ပိုရရှိထားပြီးဖြစ်ပါတယ်။ ဥပမာအားဖြင့် နေမစေ့လမစေ့မွေးခြင်းကို ကာကွယ်ပေးတာ မီးဖွားချိန်ကြာတာမျိုးတွေ မဖြစ်စေတာက လေ့ကျင့်ခန်းရဲ့ အကျိုးကျေးဇူးတစ်ချို့ပါပဲ။ ထို့ကြောင့် စပြေးကြဖို့ တိုက်တွန်းထားပြီး ကိုယ်ဝန်ပထမသုံးလအတွင်း ဒါမှမဟုတ် ထိုထက်စောစောလုပ်ဖို့ အကြံပြုထားပါတယ်။ ကိုယ်ဝန်ပထမသုံးလအတွင်းမိခင်လောင်းများ အပြေးလေ့ကျင့်နိုင်မယ့် နည်းလမ်းတွေကို အောက်မှာဖော်ပြထားပါတယ်။ စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ထားပါ ကိုယ်ဝန်ရက်သတ္တပတ်အနည်းငယ်ရလာသည့်အခါတွင် ကိုယ်ခန္ဓါမှာ သိသိသာသာပြောင်းလာတာမျိုး မရှိသေးမယ့် မသိသာတဲ့ ပြောင်းလဲမှုများကတော့ ရှိနေပါတယ်။ အရင်ကိုယ်ဝန်မရှိတဲ့ အခြေအနေနဲ့ ခြားနားသွားပါပြီ။ အရင်က ၁၀ ကီလိုလောက် မနက်ခင်းတိုင်း ပြေးနိုင်ပေမယ့် ယခုဆိုလျှင် မနက်ခင်းပျို့အန်နေရတာနဲ့ ဒါမှမဟုတ် စိတ်အခြေအနေတွေ ပြောင်းနေရတာတဲ့ အိပ်ယာတောင် စောစောထချင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ပုံမှန်ပြေးနေကျနှုန်းကို တစ်ဝက်ထိလျော့သွားနိုင်သလို […]


ပထမ သုံးလပတ်

ကိုယ်ဝန်အစောပိုင်းကာလများတွင် ပြုလုပ်ရမည့် အချက်များ

မိခင်များအနေနှင့် ကိုယ်ဝန်ရှိလာပြီဆိုလျှင် ပျော်ရွှင်ရင်ခုန်မှုများဖြစ်သကဲ့သို့ ကိုယ်ဝန်အတွက် ကြောက်စိတ်၊ စိုးရိမ်စိတ်များလည်း အနည်းနှင့် အများဖြစ်လာကြပါသည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်ချိန်တွင်အကောင်းဆုံးဖြစ်အောင်ပြင်ဆင်ရန် ကိုယ်ဝန်ဆောင်မိခင်များအတွက် ကိုယ်ဝန်ဆောင်ချိန်ကာလတလျှောက် ပြုလုပ်ရမည့် အချက်များစွာရှိပါသည်။ အောက်ပါတို့သည် ကိုယ်ဝန်အစောပိုင်းတွင် ပြုလုပ်ရမည့်အချက်များဖြစ်ပါသည်။ 1. ပြုစုစောင့်ရှောက်မှုပေးမည့်သူကို ရှာပါ။ အမျိုးသမီးများသည် ကိုယ်ဝန်မရှိမီကတည်းကပင် စောင့်ရှောက်မည့်သူများရှိတတ်ကြပါသည်။ သို့သော် မရှိလျှင်လည်း ကိုယ်ဝန်ဆောင်ချိန်တွင် ရှိသင့်သော အချက်မျာတွင်ပါဝင်သည့်အတွက် စီစဉ်သင့်သည်များကို စီစဉ်ရပါမည်။ ကိုယ်ဝန်ဆောင်မိခင်များမေးလေ့ရှိသော နောက်မေးခွန်းတခုမှာ သူတို့သည် ကိုယ်ဝန်စောင့်ရှောက်မှုကို သားဖွားဆရာမ သို့မဟုတ် သားဖွားမီးယပ် ပါရဂူ မည်သူထံတွင် ခံယူသင့်သလဲ ဟူ၍ဖြစ်ပါသည်။ အဖြေမှာသင်သည် ရိုးရိုးမွေးနိုင်သလား ၊ ခွဲမွေးရန်လိုအပ်သလား အပေါ်မူတည်ပါသည်။ သားဖွားဆရာမများသည် ကလေးကို သားအိမ်ညှစ်ဆေးများမလိုဘဲ ရိုးရိုးမွေးနိုင်ပါသည်။ သို့သော် သင်သည် ကိုယ်ဝန်ဆိပ်တက်ခြင်း၊ ဆီးချိုရောဂါရှိခြင်း နှင့် လမစေ့ဘဲမွေးခြင်းတို့ ဖြစ်လာပါက သားဖွားမီးယပ် ပါရဂူကသာလျှင် […]


ပထမ သုံးလပတ်

ကိုယ်ဝန်ကြောင့် ပြင်းပြင်းထန်ထန် ပျို့အန်ခြင်း

ပျို့အန်ခြင်းဆိုတာ မိန်းမအများစုအတွက် ကိုယ်ဝန်ရှိကြောင်းကို ပြသတဲ့ ပထမဆုံး လက္ခဏာတစ်ခုပါ။ Morning Sickness လို့ ခေါ်သော်လည်း ထက်ဝက်ကျော်လောက်က မနက်မှာတင် ဖြစ်တာမဟုတ်ပါဘူး။ ယင်းလက္ခဏာတွေဟာ ကိုယ်ဝန် ၁၄ပတ်မပြည့်မချင်း ဖြစ်လိုက် ပျောက်လိုက် ဖြစ်နေမှာပါ။ တစ်ချို့ကတော့ အလွန်အမင်း ပျို့အန်ခြင်းကို ခံစားရမှာပါ။ အလွန်အမင်း ပင်ပန်းနွမ်းနယ်သွားပါမယ်။ စားရသောက်ရ ခက်ပါလိမ့်မယ်။ အဲဒါတွေက ကလေးနဲ့ မိခင်အတွက် ဆိုးကျိုးတွေ ရစေပါတယ်။   ကိုယ်ဝန်ကြောင့် ပျို့အန်ခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ။ မိန်းမတစ်ယောက်ဟာ အလွန်အမင်း ပျို့အန်နေပြီဆိုရင် ကိုယ်ဝန်ကြောင့် ပြင်းထန်စွာ ပျို့အန်ခြင်း (Hyperemesis gravidarum) (HG) ရှိတယ်လို့ ဆိုနိုင်ပါတယ်။ HGက ထပ်တိုး ရောဂါတွေ ဖြစ်စေနိုင်တာကြောင့် ဆေးရုံတင်ဖို့ လိုအပ်ပါတယ်။ HG ရဲ့ အဖြစ်များသော လက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။ […]


ပထမ သုံးလပတ်

7 ပတ်

7 ပတ် အရွယ်ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ 7 ပတ် မြောက်မှာသားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့် ကြီးထွားနှုန်းက မြန်လာပါပြီ။ အခုဆို ဘလူးဘယ်ရီသီးအရွယ် ၁.၂၉ စင်တီမီတာလောက်ရှိနေပါပြီ။ သန္ဓေသားလေးက လိုက်လျောညီထွေမှုရှိအောင် စပြီးကြိုးစားနေပါပြီ။ ဒီအပတ်မှာ မိခင်နဲ့ သန္ဓေသားကို ဆက်ပေးတဲ့ ချက်ကြိုးစပေါ်ပါပြီ။ ချက်ကြိုးက မေမေတို့ရဲ့ခန္ဓာကိုယ်က သွေးတွေနဲ့ သန္ဓေသားလေးကို အောက်ဆီဂျင်နဲ့ အာဟာရ အထောက်အပံ့ပေးပါတယ်။ ကလေးလေးဆီက အညစ်အကြေးတွေလည်း ဖယ်ပေးပါတယ်။ အဆုတ်၊ ကျောက်ကပ်၊ အစာအိမ်အူလမ်းကြောင်းတွေက ဆက်ပြီး ဖွံ့ဖြိုးနေပါတယ်။ မျက်နှာပုံလည်း စပေါ်နေပြီနော်။ မေမေ၊ ဖေဖေတို့နဲ့တူမယ့် မျက်လုံး၊ နှာခေါင်း၊ ပါးစပ်၊ နားရွက်လေးတွေလည်း စဖြစ်နေပါပြီ။ သားသားမီးမီးတွေ ဘယ်သူနဲ့တူတယ်ဆိုတာ သိချင်နေလောက်ပြီပေါ့နော်။ နောက်လတွေအများကြီးလိုသေးတယ်ဆိုပေမယ့် သားသားမီးမီးတွေကို တွေ့ရတော့မှာပါ။ 7 ပတ် မြောက်မှာ ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့် ရင်သားပုံပြောင်းလာတာကို သတိထားမိကြရောပေါ့။ ကိုယ်ဝန်ဆောင်ချိန်ထွက်တဲ့ […]


ပထမ သုံးလပတ်

8 ပတ်

8 ပတ် မြောက်မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ 8 ပတ် အရွယ် သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့် ဒီအပတ်ကတော့ ရက်စ်ဘယ်ရီသီးအရွယ် ၁.၆ စင်တီမီတာအထိ ကြီးလာပါပြီနော်။ ကလေးလေးက ဗိုက်ထဲမှာ ဆက်တိုက် အပြောင်းအလဲတွေဖြစ်နေပါတယ်။ ခြေချောင်းလက်ချောင်လေးတွေ ထွက်လာပါပြီ။ ကလေးလေးနဲ့ ပိုတူလာပါပြီ။ အရင်က ကပ်နေတဲ့ ခြေလက်တွေ အခုဆို ကွဲလာပါပြီ။ အပေါ်နှုတ်ခမ်း၊ နှာခေါင်း၊ မျက်ခွံလေးတွေလည်း စပေါ်လာပါပြီ။ အပြောင်းအလဲတွေက စိတ်လှုပ်ရှားစရာနော်။ ဒီပြောင်းလဲမှုတွေ အကုန်လုံးဝင်ဆံ့အောင် ရေမြွာရည်တွေက တစ်ပတ်ကို ၃၀ မီလီလီတာနှုန်းနဲ့တိုးလာပါတယ်။ ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ ခန္ဓာကိုယ်မှာရော ဘာတွေ ဆက်ပြောင်းလဲဦးမှာပါလိမ့် ပြီးခဲ့တဲအပတ်က ပြောခဲ့သလိုပဲ ရင်သားတင်းတာ၊ ရောင်တာတွေဖြစ်မှာပါ။ နာလာတာလည်း ဖြစ်တတ်ပါတယ်။ အတွင်းခံတွေကျပ်ပြီး သက်သောင့်သက်သာ မဖြစ်တော့ပါဘူး။ ပိုကြီးတဲ့ဆိုဒ် ဝယ်သင့်ပါပြီ။ ကိုယ်ဝန်ဆောင်ဟော်မုန်းတွေက ကလေးလေးကို နို့တိုက်ဖို့ ရင်သားကို ကြိုတင်ပြင်ဆင်နေတာပါ။ နောက်အပတ်ကျရင် […]


ပထမ သုံးလပတ်

9 ပတ်

9 ပတ် မြောက်မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ 9  ပတ် အရွယ်သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့် 9 ပတ် တောင်ရှိလာပြီနော်။ ကလေးလေးရဲ့ ကြီးထွားနှုန်းက ပိုမြန်လာပါပြီ။ အခုဆို ချယ်ရီသီးအရွယ် ၂.၂ စင်တီမီတာလောက် ရှိနေပါပြီ။ နှလုံးလေးကလည်း ဖွံ့ဖြိုးတာ ပြီးခါနီးနေပါပြီ။ နှလုံးအခန်း၄ခန်း ပြည့်သွားပါပြီ။ အဆို့ရှင်လေးတွေလည်း ပေါ်လာလို့ စပြီး ခုန်နေပါပြီ။ မေမေတွေ ဒီတိုင်းနားထောင်လို့ မကြားနိုင်ပေမယ့် Dopplerလို့ ခေါ်တဲ့ စက်တစ်မျိုးနဲ့ဆို ကြားနိုင်ပါတယ်။ ဆရာဝန်က ကလေးရဲ့ နှလုံးခုန်သံကြားဖို့ဒီစက်ကို သုံးပါတယ်။ အဲဒီစက်နဲ့ နှလုံးခုန်သံကိုကြားရတဲ့အခါ မေမေတို့ရဲ့ကလေးလေးတစ်နေ့တစ်ခြား ကြီးပြင်းလာပြီဆိုတဲ့ စိတ်နဲ့ ပျော်နေမိကြမှာပါ။ ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့် သူငယ်ချင်းတော်တော်များများက ကိုယ့်ကိုကိုယ်ဝန်ရှိမှ ပိုချောလာတယ်လို့ ပြောကြပါလိမ့်မယ်။ ဖြစ်နိုင်ပါတယ်။ ကလေးလေးကို အထောက်အပံ့ပေးဖို့ ခန္ဓာကိုယ်က သွေးစီးဆင်းမှု ပိုကောင်းလာလို့ပါ။ အဲဒါကြောင့် သွေးတွေက […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း