backup og meta

ဆောင်းပါး ကူညီပံ့ပိုးသူ May May Club

ဆယ်ကျော်သက်အရွယ် ကိုယ်ဝန်ဆောင်ခြင်း ကိုကာကွယ်ခြင်း

ဆယ်ကျော်သက်မိန်းကလေးတစ်ယောက် အနေနဲ့ သူမရဲ့ ဆယ်ကျော်သက်ဘဝမှာ တွေ့ကြုံဖြတ်သန်း ဖို့စောင့်မျှော်နေတယ့် အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် သူမဘ၀ ကိုအဆုံးထိရောက်အောင် ဆွဲချသွားနိုင်တဲ့ အမှားတစ်ခုတော့ရှိပါတယ်။ အဲဒါကတော့ အရွယ်မတိုင်ခင် ဆယ်ကျော်ဘဝမှာ ကိုယ်ဝန်ရှိသွားခြင်းပါပဲ။ ဒီအချက်က မိခင်သာမက ကလေးအတွက်ပါ ကြီးမားတဲ့လူမှုဆက်ဆံရေး နဲ့ပတ်သတ်တဲ့နောက်ဆက်တွဲ ပြသနာတွေ ကိုယူဆောင်လာနိုင်ရုံသာမက တစ်ကမ္ဘာလုံးမှာ ဖြစ်ပျက်နေတဲ့ လူမှုဆက်ဆံရေးပြသနာတွေ ထဲက အရှုပ်ထွေးဆုံးတစ်ခုလည်း ဖြစ်ပါတယ်။

ဆယ်ကျော်သက်အရွယ် ကိုယ်ဝန်ဆောင်ခြင်း ကိုကာကွယ်ခြင်း

မိဘတွေအနေနဲ့ ဒီလို ဆယ်ကျော်သက်ကလေးတွေရဲ့ ဘဝကို အပြည့်အဝထိန်းချုပ်လို့ မရတာမှန်ပေမယ့် အရှေ့မှာပြောခဲ့သလို နောင်တရစရာ အခြေအနေတွေ ရှောင်ရှားနိုင်အောင် မိဘတွေအနေနဲ့ လုပ်နိုင်တာလေးတွေ အများကြီးရှိပါတယ်။

၁။ လိင်မှုကိစ္စနဲ့ ပတ်သတ်တာတွေကို လုံး၀ မထုတ်ဖော် မပြောပြသင့်တဲ့ကိစ္စ အနေနဲ့ မသတ်မှတ်သင့်ပါ။

လူတစ်ယောက်ရဲ့ဘဝအတွက်အရးကြီးတဲ့ သင်ခန်းစာ တွေက ကျောင်းကပေးတဲ့ သင်ခန်းစာတွေထဲကဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ တကယ်တော့ ဒီကိစ္စက သဘာဝဖြစ်ရိုးဖြစ်စင်(လိင်မှုကိစ္စ) နဲ့ပတ်သတ်တဲ့ အကြောင်းအရာဖြစ်ပါတယ်။ ကျောင်းသား၊ကျောင်းသူတွေ အတွက် ကျောင်းကနေ ဘာသာရပ်တော်တော်များများ ကိုသင်ကြားခဲ့ရပေမယ့် ကျောင်းတော်တော်များများမှာဆိုရင် လိင်မှုဆိုင်ရာပညာပေး သင်ခန်းစာတွေကို အချိန်ပေး သင်ကြားတာတွေရှိတာ မတွေ့ရပါဘူး။ ဒီအပြင်အဲဒီလို လိင်ကိစ္စနဲ့ပတ်သတ်တာတွေကို ဆရာတွေကလည်းပြောပြဖို့ စိတ်အနှာင့်အယှက်ဖြစ်နိုင်၊အဆင်မပြေဖြစ်နိုင်တဲ့ ခေါင်းစဉ်တွေဆို ရှောင်ပြီး မပြောတတ်ကြပါဘူး။ ဒါ့ကြောင့် မိဘတွေအနေနဲ့ အဲလို အကြောင်းအရာတွေကို သိအောင် ပြောပြပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးတာမျိုးလုပ်သင့်ပါတယ်။ မဟုတ်ရင်တော့ သင့်တို့ကလေးတွေ မသိသေးတဲ့အတွက် သူတို့ အတွေ့အကြုံရှာခဲ့ရင် ပေးဆပ်လိုက်ရမှာတွေက အရမ်းကြီးမားပါတယ်။

၂။ ကလေးတွေကို ဆယ်ကျော်သက်အရွယ် ကိုယ်ဝန်ဆောင်ခြင်းရဲ့ နောက်ဆက်တွဲ တွေကို သတိပေးပြီး လိင်မှုကိစ္စမှာ ငြင်းတတ်ဖို့ က အရေးကြီးကြောင်း ပြောပြပါ။

Stayteen အဖွဲ့အစည်းရဲ့ လတ်တလောရှာဖွေတွေ့ရှိထားချက်အရ ဆိုရင် ဆယ်ကျော်သက် သုံးပုံ တစ်ပုံမှာ ကိုယ်ဝန်မရအောင် တားဆီးတဲ့နည်းလမ်းတစ်ခုမှ မသုံးတာတွေ့ရပြီးဲ တစ်ဝက်ကျော်ကျော်ရဲ့အတားအဆီး မသုံးဘဲနေတဲ့ အဓိကအကြောင်းအရင်းက သူမရဲ့ အဖော်ကို စိတ်ကျေနပ်မှုပေးနိုင်အောင် ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဆယ်ကျော်သက်တော်တော်များများက ဒီလိုအတားအဆီးမသုံးဘဲ ကိုယ်ဝန်ရသွားရင် ရင်ဆိုင်ရမယ့် အဖြစ်မှန်ကို မသိကြသေးလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ဒီလို ကိုယ်ဝန်ရှိသွားခြင်းက သူတို့ရဲ့ ပညာရေး၊စီးပွားရေး၊ အနာဂတ်တိုးတက်ရေးအတွက်သာမက ကလေးရော အမေရဲ့ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ကြောင်း သတိပေးသင့်ပါတယ်။ ကလေးအမေ အနေနဲ့ သွေးအားနည်းခြင်း၊ မွေးပြီး စိတ်ဓါတ်ကျ ရောဂါဖြစ်နိုင်ခြင်း တို့ဖြစ်နိုင်ပါတယ်။ ထို့အတွက် ကလေးမှာလည်း နေ့မစေ့ လမစေ့ မွေးခြင်း(သို့) ပေါင်မပြည့်ဘဲ မွေးခြင်းဖြစ်နိုင်ပြီး အဲလိုဖြစ်ခြင်းက ကလေးကို အကြောင်းအရင်း မရှိဘဲ ရုတ်တရက်သေဆုံးခြင်းကိုဖြစ်စေနိုင်တယ်ဆိုတာ သေချာပြောပြဖို့လိုအပ်ပါတယ်။

၃။ ဆယ်ကျော်သက်တွေကို ဘာတွေက လိင်မှုဆက်ဆံတဲ့ကိစ္စတွေဖြစ်စေနိုင်လဲ ဆိုတာ သိအောင်လုပ်ပါ။

အခြေအနေကို သေချာသိတဲ့သူအနေနဲ့ အကောင်းဆုံးအဖြေကို ပေးနိုင်ပါတယ်။ ဒါ့ကြောင့် သင်တို့ရဲ့ ဆယ်ကျော်သက်ကလေးကို ဘာတွေကဖြစ်စေလဲဆိုတာ သေချာသိခြင်းက သင့်ကို သင့်ကလေးနဲ့ပတ်သတ်ပြီး အပေါ်ယံမကဘဲ ပိုပြီးနက်နက်နဲနဲ လေ့လာဆန်းစစ်နိုင်အောင် ဘယ်လိုအခြေအနေဖြစ်ဖြစ် အသုံးချနိုင်အောင် အထောက်အကူပြုပါလိမ့်မယ်။

အခုအောက်မှာ ဖော်ပြထားတဲ့ အကြောင်းတွေက များသောအားဖြင့် ဆယ်ကျော်သက်တွေကို လိင်ဆက်ဆံဖို့ လက်ခံ သဘောတူစေတဲ့ အချက်တွေပါ။

အပေါင်းအဖော် တွေရဲ့လွှမ်းမိုးမှု၊ဖိအားပေးမှု

ဆယ်ကျော်သက်ကလေးတွေအနေနဲ့ ဘယ်သူမှသူတို့ ကို အထင်မသေးရဲအောင် အခြား တော်တဲ့ လူထင်ကြီးခံရတဲ့ ကလေးအုပ်စုနဲ့အ ပေါင်းသင်းလိုစိတ်ပြင်းထန်ပြီး သူတို့ရဲ့မကောင်းတဲ့လွှမ်းမိုးမှုမျိုးကို ခံရတာကြောင့်လည်းဖြစ်နိုင်ပါတယ်။

အချစ်ဝတ္တု၊ ကြည်နူးစရာရုပ်ရှင် အစရှိတဲ့မီဒီယာ သတင်း တွေက လူတွေကို သူတို့လုပ်နိုင်သလို၊လိုသလို ဆွဲဆောင်ပြီး အချစ်နဲ့ပတ်သက်တဲ့ အယူအဆတွေမှားယွင်းအောင် လုပ်ဆောင်နေတာကြောင့်လည်းပါပါတယ်။

အရက်သောက်ခြင်း နှင့် ဆေးသုံးခြင်း။

ဆယ်ကျော်သက်ကိုယ်ဝန်ရခြင်းနဲ့ ပတ်သက်ပြီး ၇၅ ရာခိုင်နှုန်း က အရက်နဲ့ ဆေးတွေ သုံးတာကြောင့်လို့တွေ့ရပါတယ်။

ဗဟုသုတမရှိခြင်းကြောင့်လည်း ဒီလိုပြသနာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့်လည်း မိဘတွေအနေနဲ့ ဒီလို လိင်ကိစ္စတွေနဲ့ပတ်သတ်ပြီး ပညာပေးဖို့ (သို့) ပညာပေးနေတဲ့ သင်တန်းတွေဆီ ပို့ပေးဖို့ အပြင်းအထန် တိုက်တွန်းလိုခြင်းဖြစ်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

What Are the Risks of Teenage Pregnancy?http://www.livestrong.com/article/113172-risks-teenage-pregnancy/ Accessed December 4, 2016

Ways of Preventing Teenage Pregnancyhttp://www.livestrong.com/article/97113-preventing-teenage-pregnancy/ Accessed December 4, 2016

What Are the Causes of Teenage Pregnancy?http://www.livestrong.com/article/146681-what-are-the-causes-of-teenage-pregnancy/ Accessed December 4, 2016

ယခုပုံစံ

16/05/2022

Khine Phoo Ngon မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ခေါင်းတစ်ခြမ်းကိုက်ခြင်း က သင့်ကိုယ်ဝန်ဆောင်ခြင်းကို ဘယ်လိုသက်ရောက်စေလဲ

ကိုယ်ဝန်ဆောင် ဆီးချိုကြောင့် အော်တစ်ဆင်ရောဂါ ဖြစ်လာနိုင်လား


Dr. K Zin Thwe · · · ပြန်လည်သုံးသပ်သူ Khine Phoo Ngon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 16/05/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ