backup og meta

ဆောင်းပါး ကူညီပံ့ပိုးသူ May May Club

ကိုယ်ဝန်နောက်ပိုင်းကာလ ပျက်ကျခြင်း

ကိုယ်ဝန်ရှိချိန်မှာ မမျှော်လင့်ဘဲ ပျက်ကျတာမျိုး ဖြစ်တတ်ပါတယ်။ ဒီဆောင်းပါးမှာ ကိုယ်ဝန်ပျက်ကျခြင်း အကြောင်းနဲ့ ဘယ်လိုကာကွယ်မလဲဆိုတာ ဖော်ပြထားပါတယ်။

ကိုယ်ဝန်နောက်ပိုင်းကာလ ပျက်ကျခြင်း

ကိုယ်ဝန်နောက်ပိုင်းကာလ ပျက်ကျခြင်းဆိုတာ ဘာလဲ

ကိုယ်ဝန်ပျက်ကျခြင်းဆိုတာ ကိုယ်ဝန် ၁၂ပတ် နောက်ပိုင်းနဲ့ ၂၄ပတ်မတိုင်ခင်မှာ ဖြစ်ပေါ်တတ်ပါတယ်။ ၂၄ပတ်နောက်ပိုင်းမှာ ကလေးကို ဆုံးရှုံးတာဆိုရင်တော့ ကလေးအသေမွေးခြင်းလို့ ခေါ်ပါတယ်။ အစောပိုင်းကာလတွေမှာ ပျက်ကျခြင်းနဲ့ ယှဉ်ကြည့်ရင် နောက်ပိုင်းမှာ ပျက်ကျတာ ပိုရှားပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးအားလုံးရဲ့ ၁-၂% လောက်သာ ဒုတိယသုံးလပတ်မှာ ပျက်ကျတတ်ပါတယ်။

ကိုယ်ဝန်ပျက်ကျရတဲ့အခါ မိခင်အပါအဝင် တမိသားစုလုံးအတွက် ဝမ်းနည်းကြေကွဲစရာ ဖြစ်ပါတယ်။ ဆေးရုံဝန်ထမ်းများနဲ့ ဆရာဝန်များကလည်း ဒီလိုခက်ခဲတဲ့အချိန်ကို ကျော်ဖြတ်နိုင်ဖို့ နှစ်သိမ့်ကူညီပါလိမ့်မယ်။

ကိုယ်ဝန်နောက်ပိုင်းကာလ ပျက်ကျခြင်းကို ဘယ်လိုသိနိုင်သလဲ

အထင်ရှားဆုံး လက္ခဏာကတော့ မိန်းမကိုယ်မှ သွေးဆင်းခြင်းနဲ့ မီးဖွားချိန်ဗိုက်နာသလို နာကျင်ခြင်း ဖြစ်ပါတယ်။ သွေးဆင်းတဲ့ပမာဏဟာ အလွန်များပြီး သွေးခဲများအနေနဲ့ ဆင်းတတ်ပါတယ်။ တခါတရံ ရှားရှားပါးပါး ရေမွှာပေါက်ပြီး ကလေးကို မြန်ဆန်စွာ မွေးဖွားတတ်ပါတယ်။

အမျိုးသမီးအချို့ကတော့ ကလေးမလှုပ်တော့တာ၊ ကလေးလှုပ်ခြင်းနှေးသွားတာ စသဖြင့် သတိထားမိတတ်ပါတယ်။ ကလေးပျက်ကျခြင်းဟာ မီးဖွားချိန်မှာနာသလို နာတတ်ပါတယ်။ ဒါကြောင့် နာကျင်မှုသက်သာစေတဲ့ ဆေးဝါးတွေ (ဥပမာ မော်ဖင်းပါသောဆေး) ပေးရတတ်ပါတယ်။

ကိုယ်ဝန်နောက်ပိုင်းမှာ ပျက်ကျစေတတ်သော အကြောင်းများ

ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ

– အားနည်းတဲ့သားအိမ်ခေါင်း ဒါမှမဟုတ် ရုတ်တရက်ပွင့်သွားတဲ့ သားအိမ်ခေါင်းဟာ ကလေးပျက်ကျခြင်းကို ဖြစ်စေပါတယ်။ ဒီအကြောင်းအရင်းကို သံသယရှိရင် ဆရာဝန်ဟာ သားအိမ်ခေါင်းအကျယ်ကို စမ်းသပ်စစ်ဆေးပါလိမ့်မယ်။ လိုအပ်ရင် ပျက်ကျခြင်းမဖြစ်အောင် ကာကွယ်ရပါမယ်။

ရောဂါပိုးဝင်ခြင်း

– ကိုယ်ဝန်ဆောင်ကာလမှာ ဆိုးရွားတဲ့ ရောဂါပိုးကူးစက်ခံရခြင်းဟာ ကလေးပျက်ကျစေနိုင်ပါတယ်။ ရှားတော့ရှားပါတယ်။

ကျန်းမာရေးအခြေအနေ

– ဆိုးရွားစွာ သွေးတိုးခြင်း၊ ကျောက်ကပ်ရောဂါ၊ သိုင်းရွိုက်ဂလင်း အလုပ်အလွန်အကျွံလုပ်ခြင်း၊ (သို့) အလုပ်မလုပ်ခြင်း၊ စီးလိယက်ရောဂါ၊ ဆီးချိုရောဂါ စတာတွေဟာ သေချာစွာ မကုသရင် ကလေးပျက်ကျခြင်းကို ဖြစ်စေနိုင်ပါတယ်။

ဆေးဝါးများ၊ သဘာဝဆေးဝါးကုထုံးများ

– အချို့ဆေးဝါးများနဲ့ အပင်များမှ ထုတ်လုပ်ထားတဲ့ သဘာဝဆေးဝါး ကုထုံးများဟာ ကလေးပျက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆေးဝါးတမျီုူးကို သုံးစွဲတော့မယ်ဆိုရင် လိုင်စင်ရ ဆရာဝန်၊ ဆေးဝါးကျွမ်းကျင်သူ စသူတွေရဲ့ အတည်ပြုချက် လိုအပ်ပါတယ်။

ရှားပါးသော အခြားအကြောင်းအရင်းများ

– အထက်ပါအကြောင်းအရာများသာမက ပုံမှန်မဟုတ်တဲ့ သားအိမ်ပုံစံများ၊ သားအိမ်ထဲ အမြစ်တွယ်နေတဲ့ ကြီးမားတဲ့ ဖိုင်ဘာလုံးများဟာ ကလေးပျက်ခြင်းကို ဖြစ်စေပါတယ်။ ကိုယ်ဝန်မရှိမီ ခွဲစိတ်ကုသနိုင်ပါတယ်။

ကလေးပျက်ကျခြင်းကို ဘယ်လိုကာကွယ်မလဲ

– မိမိမှာ ရောဂါများရှိနေရင် ကိုယ်ဝန်မဆောင်မီမှာ ထိန်းချုပ်ကုသထားပါ။

– ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန် ထိန်းသိမ်းထားပါ။

– ဗီတာမင် အားဖြည့်ဆေးများ၊ ကိုယ်ဝန်ဆောင် ဗီတာမင်များ သောက်သုံးပါ။

– လိင်မှတဆင့် ကးူစက်တတ်သော ရောဂါများကို ကာကွယ်ပါ၊ ကုသပါ။

– မူးယစ်ဆေး၊ အရက်၊ ဆေးလိပ် ရှောင်ကြဉ်ပါ။

ကိုယ်ဝန်ပျက်ကျပြီးချိန်မှာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာအရပါ ပြန်လည်ထူထောင်နိုင်ဖို့ အရေးကြီးပါတယ်။ ဒီလိုခက်ခဲတဲ့အချိန်ကို ရင်ဆိုင်ရချိန်မှာ ဆရာဝန်များ၊ နားလည်တတ်ကျွမ်းသူများနဲ့ တိုင်ပင်ပြီး အကြံဉာဏ်နဲ့ ကုသမှုများ ရယူသင့်ပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Reference:

Miscarriage and Pregnancy, August 27, 2015

http://www.whattoexpect.com/pregnancy/miscarriage/

Late Miscarriage, August 1, 2016

https://www.tommys.org/pregnancy-information/pregnancy-complications/miscarriage/late-miscarriage

Understanding Late Miscarriage, March 2015

http://www.babycentre.co.uk/a1014773/understanding-late-miscarriage

ယခုပုံစံ

16/05/2022

Dr. Thant Zin မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်မေမေ မီဆို သောက်လို့ရမလား!

ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား!


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thant Zin မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 16/05/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ