backup og meta

ကလေးအာဟာရမှာ ထည့်သွင်းပေးဖို့ မေမေတို့ မေ့နေတတ်တာ ဘာဖြစ်မလဲ

ကလေးကို ဘာအားဆေးလေးတိုက်ရမလဲ၊ ဉာဏ်ရည်ထက်အောင် ဘာကျွေးရမလဲ ဆိုတဲ့ မေးခွန်းတွေက မေမေတို့အတွေးမှာ စိုးမိုးထားလေ့ရှိပါတယ်။ ကလေးအတွက် စီစဉ်သမျှတွေထဲမှာ အမြင်အာရုံဖွံ့ဖြိုးမှု၊ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးမှု၊ ဉာဏ်စွမ်းရည်ဖွံ့ဖြိုးမှုတို့အတွက် ဦးစားပေးကြတယ်။ အစားအသောက်၊ ကစားနည်း၊ အားဆေး၊ ဖြည့်စွက်အာဟာရ စတဲ့ အသွင်ပုံစံအမျိုးမျိုးနဲ့ ဒီဖွံ့ဖြိုးမှုတွေကို အားဖြည့်ပံ့ပိုးကြတယ်လေ။

ဒါပေမယ့် ကလေးရဲ့အလုံးစုံကျန်းမာရေးအတွက် အဓိကကျတဲ့ အရာတစ်ခုကို မေ့နေတတ်တာကို သတိပေးချင်ပါတယ်။ အဲဒါကတော့ ကလေးရဲ့အစာခြေစနစ်ကျန်းမာရေးအတွက် သိပ်ကိုအရေးပါတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေပဲ ဖြစ်ပါတယ်။ အစာခြေစနစ်ဟာ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာမှု၊ ဖွံ့ဖြိုးမှု၊ ထိန်းသိမ်းကုသနိုင်မှု၊ ရောဂါကာကွယ်နိုင်မှုတို့ အားလုံးအတွက် အဓိကအရေးပါနေပါတယ်။ ဘာလို့ဆို စားသမျှ၊ သောက်သမျှတွေဆီက အာဟာရဓာတ်တွေကို သူကပဲစုပ်ယူပြီး လိုအပ်သလိုစီမံပေးတာမို့ပါပဲ။ အစာခြေစနစ် မကျန်းမာရင် အားဆေးဘယ်လောက်တိုက်တိုက်၊ အစားဘယ်လောက်ကျွေးကျွေး ကလေးရဲ့ကျန်းမာရေးအတွက် အရာရောက်မှာ မဟုတ်ပါဘူး။ ကလေးက ချူချာပြီး ရောဂါပါ ထူလာနိုင်ပါတယ်။

အကျိုးပြုဘက်တီးရီးယား (Probiotics)

အကျိုးပြုဘက်တီးရီးယား (Probiotics) ဆိုတာ ရောဂါပိုးတွေကို ခုခံတိုက်ထုတ်ပေးပြီး အစာခြေစနစ်ကျန်းမာအောင် ကာကွယ်ထိန်းသိမ်းပေးသူလေးတွေပါ။ ဘယ်လိုနေနေ၊ ဘာတွေစားစား ဝမ်းပျက်တာ၊ ဝမ်းချုပ်တာတွေ တော်ရုံနဲ့ မဖြစ်တဲ့ ကလေးတွေရှိသလို အသေးစိတ် ဂရုစိုက်ပေးနေတဲ့ကြားက မကြာခဏ ဝမ်းပြဿနာဖြစ်ပြီး လေထိုးလေအောင့်လည်းဖြစ်တတ်တဲ့ ကလေးတွေရှိပါတယ်။

ဒီလိုဖြစ်ရတာက ဘာကြောင့်လို့ မေမေတို့ထင်ပါသလဲ။ ဝမ်းနဲ့ပတ်သက်တဲ့ရောဂါတွေ ကင်းတာက ကလေးရဲ့ အူတွင်းအကျိုးပြုဘက်တီးရီးယားတွေ ညီမျှနေပြီး အစာခြေစနစ်ကျန်းမာနေလို့ပါပဲ။ ကလေးကျန်းမာရေးအတွက် ဒီလိုအရေးပါတဲ့ ဘက်တီးရီးယားလေးတွေကို ဘယ်ကရနိုင်မလဲဆိုတာရော သိကြလား။

ဘာတွေ အကျိုးပြုတာလဲ

ဒီဘက်တီးရီးယားတွေ လုံလောက်ပြည့်ဝနေတယ်ဆိုရင် ကလေးမှာ –

  • ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေတယ်၊
  • ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်ခြေနည်းစေတယ်၊
  • ဝမ်းချုပ်ခြင်းနဲ့ ဗိုက်အောင့်ခြင်းဝေဒနာတွေ ကင်းစေတယ်၊
  • အစာကိုချေဖျက်နိုင်စွမ်းပိုကောင်းစေတယ်၊
  • ကိုယ်ခံအားကို ကောင်းစေတယ်။

Probiotics လုံလောက်အောင် ဘယ်ကရနိုင်မလဲ

အစာခြေစနစ်ထဲမှာ အကျိုးပြုဘက်တီးရီးယားတွေ လုံလောက်၊ မျှတနေဖို့က –

  • Probiotics ကြွယ်ဝတဲ့ အစားအစာတွေ စီစဉ်ကျွေးမွေးဖို့နဲ့
  • သူတို့ကို အားဖြည့်ပေးမယ့် အမျှင်ဓာတ်အာဟာရ(Prebiotics) တွေ စီစဉ်ကျွေးမွေးဖို့ ဆိုတဲ့ နည်းလမ်းနှစ်မျိုးရှိပါတယ်။

Probiotics တွေကို ဒိန်ချဉ်လိုမျိုး အချဉ်ဖောက်ထားတဲ့ အစားအစာတွေကနေ ရရှိနိုင်ပါတယ်။ ဒါပေမယ့် သူတို့တွေအတွက် အမျှင်ဓာတ်အာဟာရဖြစ်တဲ့ Prebiotics လေးတွေကိုတော့ အစားအသောက် အတော်များများကနေ ရနိုင်ပါတယ်။ ကညွှတ်ငှက်ပျောသီး၊ ဘယ်ရီသီးတွေ၊ ကြက်သွန်၊ ကြက်သွန်မြိတ်၊ ပဲနီလေး စတဲ့ အစားအသောက်တွေကနေ Prebiotics ကိုရနိုင်ပါတယ်။

ကလေးတွေအတွက်ကတော့ ဒီအစားအစာတွေအပြင် Probiotics နဲ့ Prebiotics ပါဝင်တဲ့ဖြည့်စွက်အာဟာရတွေ၊ နို့မှုန့်တွေ စျေးကွက်မှာရှိနေပြီမို့ မေမေတို့သိပ်ပူစရာမလိုတော့ပါဘူး။ အခုဆို အကျိုးပြုဘက်တီးရီးယားလေးတွေအကြောင်း မေမေတို့ သိသွားပြီဆိုတော့ ကလေးရဲ့နေ့စဉ်အာဟာရမှာ ထည့်သွင်းပေးဖို့ မမေ့ဖို့ပဲ သတိပေးလိုက်ချင်ပါတယ်နော်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.webmd.com/children/news/20101128/children-may-benefit-from-probiotics-prebiotics

Accessed Date Dec 5, 2019.

https://health.clevelandclinic.org/child-can-benefit-probiotics/

Accessed Date Dec 5, 2019.

https://www.parents.com/health/medicine/vitamins/kids-and-probiotics-what-you-need-to-know/

Accessed Date Dec 5, 2019.

https://www.healthline.com/health/parenting/probiotics-for-children

Accessed Date Dec 5, 2019.

https://www.aboutkidshealth.ca/Article?contentid=1990&language=English

Accessed Date Dec 5, 2019.

ယခုပုံစံ

02/08/2022

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင့်ကလေးအတွက် အကောင်းဆုံးအာဟာရ

ကလေးဉာဏ်ကောင်းစေဖို့ မရှိမဖြစ် အာဟာရဓာတ်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 02/08/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement