ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့ဆိုတာ လူကြီးတွေအတွက်မှ မဟုတ်ပါဘူး။ ကလေးတွေလည်း ယုံကြည်မှုရှိဖို့လိုအပ်ပါတယ်။ကြောက်ရွံ့စိတ်၊စိုးရိမ်စိတ်ဆိုတာ အတွေ့အကြုံသစ်တွေ၊ စိန်ခေါ်မှုတွေနဲ့ကြုံရင်ဖြစ်လာနေကျ တုံ့ပြန်မှုတစ်ခုဖြစ်ပါတယ်။ ဒီစိတ်က ကလေးတွေရဲ့စူးစမ်းလေ့လာမှုနဲ့ ဖွံ့ဖြိုးမှုအတွက်က အဟန့်အတားတစ်ခုပါပဲ။ ဒါ့ကြောင့် ယုံကြည်မှုရှိရှိစူးစမ်းလေ့လာနိုင်ဖို့ဖန်တီးပေးတာက မိဘတွေအနေနဲ့ကလေးအတွက်ပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်တစ်ခုလည်းဖြစ်ပါတယ်။