backup og meta

နေ့ကလေးထိန်းကျောင်းသွားကြသော ကလေးများသည် အိမ်မှနေသော ကလေးများထက် ပိုပြီး တော်ကြတတ်ကြသည်

ဘယ်မိဘမှ မိမိတို့ကလေးကို ဂရုစိုက်ဖို့ အိမ်မှာ တနေ့လုံး မနေနိုင်ကြပါဘူး။ ဒါကြောင့် နေ့ကလေးထိန်းကျောင်းများမှာ မိဘအများစုရဲ့ ရွေးချယ်စရာဖြစ်လာပါတယ်။ မူကြိုကျောင်းပို့သော ကလေးများဟာ မိဘတွေဆီက ချစ်ခြင်းမေတ္တာကို မရကြဘူးလို့ လူတချို့က စိတ်ပူကြပါတယ်။ ဒါပေမယ့် အများထင်သလို မဟုတ်ဘဲ ဒီကျောင်းတွေဟာ ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိတဲ့ ပတ်ဝန်းကျင်ဘဲ ဖြစ်ပါတယ်။

နေ့ကလေးထိန်းကျောင်းများရဲ့ အကျိုးကျေးဇူးများ

စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု

ကလေးများဟာ ကျောင်းကို စရောက်ခါစနေ့မှာ တုံ့ပြန်မှုမျိုးစုံ လုပ်ကြပါတယ်။ ကလေးတချို့ဟာ မိဘတွေနဲ့ ခွဲရတာကြောင့် ကန်ကျောက် အော်ဟစ်ငိုယို ကြပါတယ်။ တချို့ကတော့ ခံစားချက်ကို ညှိယူနိုင်ပြီး သူငယ်ချင်းအသစ်များကို ပေါင်းသင်းဖို့ ကြိုးစားကြပါတယ်။ ဘယ်လိုပဲဖြစ်စေ နေ့ကလေးထိန်း ကျောင်းများဟာ ကလေးတွေအနေနဲ့ ကျောင်းပျော်ပြီး အတန်းကြီးတွေ တက်ရတဲ့အခါ ကြောက်ရွံ့မှု ဖြစ်မနေအောင် စီမံထားကြပါတယ်။

အမူအကျင့်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးခြင်း

အရည်အသွေးမြင့် နေ့ကလေးထိန်းကျောင်းများဟာ ကလေးတွေအနေနဲ့ သူတပါးနဲ့ ပူးပေါင်းဆောင်ရွက် တတ်အောင် သင်ကြားပေးပါတယ်။ ဒါပေမယ့် အရည်အသွေးညံ့တဲ့ ကျောင်းများမှာတော့ ကလေးများဟာ ဆက်ဆံရခက်ပြီး အငြင်းခုန်သန်တဲ့ ကလေးများအဖြစ်သို့ ပြောင်းလဲသွားစေပါတယ်။

သိမြင်မှတ်သားမှုနှင့် ဘာသာစကားဆိုင်ရာ စွမ်းရည်များ

လေ့လာချက်အရ နေ့ကလေးထိန်းကျောင်းသွားတဲ့ ကလေးများဟာ အိမ်မှာပဲထားတဲ့ ကလေးတွေနဲ့ယှဉ်ရင် ဝေါဟာရနဲ့ သိမှတ်သင်ယူမှုအပိုင်းမှာ ပိုပြီး ထူးချွန်တယ်လို့ သိရပါတယ်။ အထူးသဖြင့် နေ့ကလေးထိန်းကျောင်းမှာ အတော်အတန် နေဖူးတဲ့ကလေးဟာ နောင်ကျောင်းမှာ အမှတ်ပိုကောင်းကြတယ်လို့ ဆိုပါတယ်။

လူမှုဆက်ဆံရေး

ကျောင်းမှာ ကလေးများဟာ တခြားကလေးများ၊ ကြီးသူများနဲ့ ဝင်ဆန့်အောင် ပေါင်းသင်းဆက်ဆံနိုင် ကြပါတယ်။ နောက် အံ့အားသင့်စရာတချက်က ကျောင်းသွားတဲ့ကလေးများဟာ အိမ်မှာနေတဲ့ ကလေးများထက် မိခင်ကို ပိုပြိး ခင်တွယ်ကြပါတယ်။

စိုးရိမ်ဖွယ်တစ်ချက်

နေ့ကလေးထိန်းကျောင်းတက်တဲ့ ကလေးများအတွက် စိုးရိမ်စရာတချက်ကတော့ သူတိုဟာ ကျန်းမာရေးအတွက် ထိခိုက်နိုင်ခြေရှိပြီး အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ပြသနာတွေ ဖြစ်တတ်ပါတယ်။

အိမ်မှာပဲထိန်းကျောင်းရာတွင် မှတ်သားဖွယ်ရာများ

ကလေးကို အိမ်မှာပဲထားမယ့် မိဘများအနေနဲ့ ဖော်ပြပြီးခဲ့တဲ့ ဆိုးကျီုးတွေကို မကြုံရအေင် စီမံနိုင်ပါတယ်။ အဲဒါတွေကတော့

တက်ကြွပါ

ကလေးများကို ကောင်းစွာ ဖွံ့ဖြိုးလာဖို့ အဓိက အချက်ကတော့ သေချာဂရုစိုက်ဖို့ပါပဲ။ သူတို့ကို အလေးထား ဆက်ဆံနိုင်ဖို့ တက်ကြွသူတယောက် ဖြစ်အောင် ကြိုးစားပါ။

မိသားစုဝင်များကို ခင်တွယ်ခြင်း

မိဘရင်းများထက်စာရင် အဘိုးအဘွား၊ မောင်နှမများ စတဲ့ မိသားစုဝင်များနဲ့ ဆက်ဆံရေးဟာ အပြုသဘောဆောင်ဖို့ လိုပါတယ်။ ဘိုးဘွားများ လက်ပေါ်မှာ ကြီးပြင်းလာတဲ့ ကလေးများဟာ ပေါင်းသင်းဆက်ဆံရေး ပိုကောင်းတတ်ကြပါတယ်။ အလားတူပဲ မွေးချင်းရှိသူ ကလေးများဟာ အထွေထွေ စွမ်းရည်များ ဖွံ့ဖြိုးတတ်ကြပါတယ်။

ကျယ်ပြန့်တဲ့လုပ်ဆောင်မှုများ

ကလေးကို ထိန်းကျောင်းခြင်းဆိုရာမှာ သူတို့ကို ရေချိုးပေးရုံ၊ ကျွေးမွေးရုံပဲ မဟုတ်ပါဘူး။ သူတို့မှာ အလားအလာရှိသမျှ ဖွံ့ဖြိုးလာနိုင်ဖို့ ကျယ်ပြန့်စွာ ဆောင်ရွက်ရပါမယ်။ စာဖတ်ခြင်း၊ သီချင်းဆိုခြင်း၊ တခြားမိသားစုများဆီ လည်ပတ်ခြင်း စတာတွေဟာလည်း ပေါင်းသင်းဆက်ဆံရေး စွမ်းရည်ကို တိုးတက်စေပါတယ်။ လက်မှုပစ္စည်းများ ပြုလုပ်ခြင်း၊ ပုံဆွဲခြင်း စတာတွေကလည်း ဆက်စပ်ညီညွတ်မှု စွမ်းရည်ကိုလည်း တိုးတက်စေပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Children who go to daycare are more skilled than kids who stay at home, says study. https://ph.theasianparent.com/kids-daycare-more-skilled-stay-home/ Accessed March 23, 2017

Effects of Daycare on Child Development. http://www.livestrong.com/article/101674-daycare-effects-child-development/ Accessed March 23, 2017

ယခုပုံစံ

10/08/2022

Dr. Thant Zin မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးတွေ ကျောင်းတက်ခါစမှာအဆင်ပြေစေဖို့

အငှားဖြင့် ကလေးထိန်းခြင်း


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thant Zin မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/08/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement