backup og meta

ကျောင်းစမတက်ခင်မှာ ကလေးတွေ အတွက်လိုအပ်တဲ့ သင်ခန်းစာအနည်းငယ်

ကလေးလေးတွေရဲ့ဘဝလမ်းကြောင်းမှာ ကျောင်းစတက်ခြင်းဟာ အရေးကြီးတဲ့ မှတ်ကျောက် တစ်ခုဖြစ်ပါတယ်။

ကျောင်းမှာ ကောင်းမွန်တဲ့ အတွေ့အကြုံတွေပေးနိုင်ဖို့ အတွက် မိဘတွေက ကလေးတွေကို စစချင်းကျောင်းတက်မယ့်နေ့ မတိုင်ခင်နေ့မှာ သင်ခန်းစာလေး ၄ ခုကို သင်ကြားထားပေးသင့်ပါတယ်။

၁။ တစ်ကိုယ်ရည်သန့်ရှင်းမှု။

အဲဒီအချိန်ကာလဟာ ကလေးတွေဟာ အခြေခံ သင်ခန်းစာလေးတွေကို မှတ်သားနိုင်တဲ့ စွမ်းရည်ကောင်းတဲ့အတွက် မိဘတွေ က ကလေးတွေကို ဘယ်လို သန့်ရှင်းမှုရှိအောင်နေရမယ်ဆိုတာ သင်ကြားပေးထားသင့်ပါတယ်။

အဲဒီ ဘယ်လိုသန့်ရှင်းအောင်နေရမယ် ဆိုတာမှာ အစာမစားမီ လက်ကို ဆပ်ပြာနဲ့ဆေးဖို့၊ ပန်းကန်ထဲမှ အစာတွေကို ယူဖို့ အတွက် လက်တွေနဲ့သုံးပြီး မနှိုက်ဖို့၊ သန့်စင်ခန်းသွားပြီး (သို့) ညစ်ပတ်တဲ့အရာတွေနဲ့ ဆော့ပြီးချိန်မှာ လက်ဆေးဖို့ စတာတွေပါဝင်ပါတယ်။

အဲဒီ အချက်သေးသေးလေးတွေက သူတို့လေးတွေကို နေရာတိုင်းနီးနီးမှာ ဖြစ်လာနိုင်တဲ့ မကောင်းတဲ့ ဘက်တီးရီးယား တွေရဲ့ရန်ကနေ ကာကွယ်ပေးပြီး ကျန်းမာရေးကောင်းအောင် အကာအကွယ်ပေးနိုင်ပါတယ်။

၂။ သူတို့ကိုယ် သူတို့ ဂရုစိုက်တတ်ခြင်း။

မူကြိုတုန်းကနဲ့ မတူတော့ဘဲ ကျောင်းကဆရာတွေအနေနဲ့ သူတို့ရဲ့တာဝန် (ကျောင်းဘာသာရပ်တွေကို သင်ကြားရေးနဲ့ အတန်းကို ထိန်းချုပ်နိုင်ရေး ပဲဖြစ်ပြီး ကလေးတစ်ဦးချင်းစီကို စောင့်ရှောက်ဖို့ မဟုတ်တဲ့အတွက်) သူတို့ရဲ့ တပည့်တွေဟာ ကိုယ့်ဘာသာရပ်တည်နိုင်အောင်၊ သူများကို မမှီခိုဘဲနေနိုင်အောင် နေတတ်ဖို့ လိုအပ်ပါတယ်။

ဒါကြောင့် မိဘတွေက ကလေးတွေကို သန့်စင်ခန်းသွားတဲ့အခါ ဘယ်လိုကြယ်သီးဖြုတ်ရမယ်၊ ဇစ်ဖြုတ်ရမယ်ဆိုတာ၊ ဆံပင်တွေကို ဘယ်လိုသပ်သပ်ရပ်ရပ်စည်းထားရမယ်ဆိုတာ၊ ဖိနပ်ကြိုးဘယ်လိုချည်ရမယ်ဆိုတာ၊ ထမင်းဘူးကို ဘယ်လိုဖွင့်ရမယ်၊ sandwich ကို ဘယ်လို ဖြည်စားရမယ်ဆိုတာနဲ့ အရေးကြီးတာတွေ မပျောက်ဖို့ ပစ္စည်းတွေကို ဘယ်လိုစုစုစည်းစည်း ထားရမယ်ဆိုတာတွေကို သင်ထားပေးရပါမယ်။

၃။ အခြားသူတွေနဲ့ ဆက်သွယ်ပါ။

ကလေးတွေရဲ့ ကျောင်းအတွေ့အကြုံတွေထဲမှာ သူငယ်ချင်းတွေကလည်း အရေးကြီးတဲ့အတွက် သူတို့တွေကလည်း သင့်ကလေးကျောင်းသွားရတာ ပျော်၊ မပျော်ကို အဆုံးဖြတ်ပေးနိုင်ပါတယ်။

သင်ကြားနေတဲ့ နှစ်တစ်လျှောက်လုံးမှာ ကလေးတွေဟာ သူ့ဘာသာ သူ ဆက်သွယ်စကားပြောနိုင်တဲ့ စွမ်းရည် ဖွံ့ဖြိုးလာနိုင်ပေမယ့် အစပိုင်းမှာ သူတို့အတွက် ခက်ခဲနိုင်ပါတယ်။

ဒါကြောင့် မိဘတွေအနေနဲ့ ကလေးတွေကို သူတို့ရဲ့ မုန့်တွေ၊ အရုပ်တွေကို အခြားကလေးတွေနဲ့ မျှဝေဖို့၊ (သို့) အခြားကလေးတွေကို ထုရိုက်ခြင်း၊ နှောက်ယှက်ခြင်းတွေ မလုပ်ဆောင်ဖို့ စတဲ့ သူများတွေနဲ့ ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သတ်တဲ့ အခြေခံ သဘောတရားတွေကို ကြိုတင်သင်ပေးရပါမယ်။

မိဘတွေက ကလေးတွေ ကျောင်းမှာ အခြားကလေးတွေနဲ့ ကစားနိုင်အောင် ကလေးတွေကို ပျော်ရွှင်တတ်ဖို့ ၊ ကစားနည်းတွေကစားတတ်ဖို့ သင်ကြားပေးသင့်ပါတယ်။

၄။ ပြင်ပအကူအညီ ရှာဖွေပါ။

ကျောင်းမှာ ဆရာတွေက ကလေးတွေကို ကူညီနိုင်ဖို့(သို့) ကာကွယ်ပေးနိုင်ဖို့ အမြဲရှိမနေနိုင်ပါဘူး။

ဒါကြောင့်လည်း မိဘတွေက ကိုယ့်သားသမီးတွေကို သူတို့အတွက် ပြသနာတွေဖြစ်လာတဲ့ အခါ(ဥပမာ- သူတို့ အစခံ၊ အနိုင်ကျင့်ခံရတဲ့အခါ၊ ထိခိုက်မိတဲ့အခါ၊ (သို့) အရေးကြီးတာတစ်ခုခု ပျောက်သွားတဲ့ အခါ) မှာ မကိုင်တွယ် မဖြေရှင်းနိုင်သေးတဲ့အတွက် အဲဒါတွေကိုပြောပြတတ်ပြီး၊ အကူအညီတောင်းတတ်ဖို့ သင်ထားပေးရပါမယ်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

4 Little Lessons Kids Need Before Starting Schoolhttp://www.parents.com/toddlers-preschoolers/starting-preschool/preparing/lessons-for-starting-school/?slideId=28001 Accessed December 11, 2016

ယခုပုံစံ

10/08/2022

Khine Phoo Ngon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နေ့ကလေးထိန်းကျောင်းသွားကြသော ကလေးများသည် အိမ်မှနေသော ကလေးများထက် ပိုပြီး တော်ကြတတ်ကြသည်

ကျောင်းတက်ရန် ငြင်းဆိုခြင်း


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Khine Phoo Ngon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/08/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement