backup og meta

ဉာဏ်ကောင်းပျော်ရွှင်တဲ့ ကလေးတစ်ယောက်အဖြစ်ကြီးပြင်းလာစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဉာဏ်ကောင်းပျော်ရွှင်တဲ့ ကလေးတစ်ယောက်အဖြစ်ကြီးပြင်းလာစေဖို့

    ကိုယ်ရဲ့ရင်သွေးလေးကို ဉာဏ်ကောင်းပျော်ရွှင်တဲ့ကလေးတစ်ယောက်အဖြစ်ကြီးပြင်းလာစေချင်တဲ့ ဆန္ဒမိဘတိုင်းမှာရှိမှာပါ။ ဒီလိုဖြစ်စေဖို့က မိဘတွေအနေနဲ့ သေချာလေးပျိုးထောင်ပေးဖို့လည်း လိုပါမယ်။ ဒီတော့ ကလေးကို ဉာဏ်ကောင်းပျော် ရွှင်စေဖို့ ဘယ်အချက်လေးတွေကို လုပ်ဆောင်ပေးသင့်လဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ပြောပြပေးပါရစေ။

    ကလေးတစ်ယောက် ဉာဏ်ကောင်းပျော်ရွှင်စွာကြီးပြင်းစေဖို့

    ကိုးလလွယ်လို့ ဆယ်လဖွားထားရတဲ့ ကိုယ့်ရင်သွေးလေးကို ဉာဏ်ကောင်းပျော်ရွှင်စွာကြီးပြင်းစေဖို့ဆိုရင် အစားအသောက်ကိုဂရုစိုက်ဖို့လိုသလို နေ့စဉ်လုပ်ဆောင်မှုလေးတွေကိုပါ သေချာလေးဂရုစိုက်ပေးဖို့လိုပါမယ်။

    ဘာတွေလုပ်ဆောင်ပေးရမလဲ…..

    ကိုယ်လက်လှုပ်ရှားမှုလုပ်စေပါ – ကလေးကို ကိုယ်လက်လှုပ်ရှားမှုလုပ်စေတာက ကိုယ်ခံအားကောင်းစေနိုင်သလို အကောင်းဆုံးကြီးထွားဖွံ့ဖြိုးစေပြီး ဦးနှောက်နဲ့ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေဖို့လည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။

    ကလေးကို အလေးထားဆက်ဆံပေးပါ – ကလေးကို ငယ်စဉ်မှာကတည်းက အလေးထားဆက်ဆံပေးတာက ကိုယ့်ကိုယ်ကို ယုံကြည်ချက်ပြည့်ဝပြီး ဉာဏ်ရည်ဉာဏ်သွေးထက်မြက်တဲ့ ကလေးတစ်ယောက်အဖြစ်ကြီးပြင်းလာစေမှာပါ။

    ကလေးကို ကိုယ်ပိုင်အချိန်လေးပေးပါ – လူကြီးတွေပဲ တစ်ယောက်တည်းတွေးနေဖို့ အချိန်လိုအပ်တာမဟုတ်ပါဘူး။ ဘေဘီလေးတွေမှာလည်း သူတို့ရဲ့ စိတ်ကူးအတွေးတွေကို ဖြန့်ကြတ်ဖို့နဲ့ စိတ်ဝင်စားရာတွေကို လုပ်ဆောင်နိုင်စေဖို့ ကိုယ်ပိုင်ချိန်လေးလိုအပ်ပါတယ်။ ဒါကြောင့် ကလေးက ဦးနှောက်ကို အလုပ်ပေးပြီး တွေးတောနိုင်စေဖို့ ကလေးကို ကိုယ်ပိုင်အချိန်လေးပေးလိုက်ပါ။

    ပြည့်ဝတဲ့ အိပ်စက်ချိန်ထားရှိပါ – ဦးနှောက်ရော ခန္ဓာကိုယ်ပါကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ ဘေဘီလေး တစ်ယောက်အဖို့ ပြည့်ဝတဲ့ အိပ်စက်ချိန်လိုအပ်မယ်ဆိုတာ ပြောနေစရာတောင်မလိုအောင်ပါ။ ဒါကြောင့် ကလေးကို အနည်းဆုံးတစ်နေ့ကို ၈ နာရီ အိပ်စက်ချိန်ထားပေးပါ။

    ဝါသနာပါရာကို လုပ်ခွင့်ပေးပါ -လူတိုင်းက ဝါသနာပါရာကို လုပ်ခွင့်ရတဲ့အခါ အကောင်းဆုံးလုပ်ဆောင်နိုင်ကြပါတယ်။ ဒီလိုပါပဲ ကလေးတွေမှာလည်း ငယ်စဉ်ကတည်း သူတို့ဝါသနာပါရာကို ပေးလုပ်ပါ။ ဒါမှ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်တဲ့ ဘေဘီလေးအဖြစ်ကြီးပြင်းလာမှာပါ။

    ကလေးနဲ့ အတူတူကစားပေးပါ – ဒီအချက်ကလည်း မေ့ထားလို့မဖြစ်ပါဘူး။ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးစေဖို့နဲ့ ပျော်ရွှင်ထက်မြက်တဲ့ ကလေးတစ်ယောက်အဖြစ် အရွယ်ရောက်ကြီးပြင်းလာစေဖို့ ကလေးနဲ့ အတူတူအချိန်ပေးကစားပေးပါ။

    စာဖတ်ဖို့အားပေးပါ -ခန္ဓာကိုယ်အတွက် အာဟာရပြည့်အောင်စားရသလို စိတ်ကျန်းမာစေဖို့ကလည်း စာဖတ်ဖို့လိုပါမယ်။ ဒါကြောင့် ကလေးကို ဉာဏ်ကောင်းပျော်ရွှင်စေချင်တယ်ဆိုရင် ငယ်စဉ်ကတည်းက စာအုပ်ဖတ်ဖို့ အားပေးပါ။ ကိုယ်တိုင်လည်း သူနဲ့အတူစာဖတ်ပေးပါ။

    ဘာတွေကျွေးရမလဲ…….

    ထမင်း– မြန်မာလူမျိုးတွေအတွက် အဓိကအစားအစာတစ်ခုပါ။ ကလေးရဲ့ နေ့စဉ်စားသုံးမှုမှာ ထမင်းကို သင့်တင့်မျှတအောင် ထည့်သွင်းလို့ အာဟာရပြည့်ဝအောင်ကျွေးမွေးပေးပါ။ ထမင်းက ကစီဓာတ်အပြင် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေ ပြည့်ပြည့်ဝဝရရှိစေမှာပါ။

    ကြက်သား – အာဟာရပြည့်ဝပြီး ခန္ဓာကိုယ်ကျန်းမာဖွံံဖြိုးဖို့ လိုအပ်တဲ့ အာဟာရတွေကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်မယ့်အစားအစာတစ်ခုပါ။ ကလေးကို ကြက်သား​ကြော်ကျွေးတာ၊ ကြက်စွပ်ပြုတ်လုပ်တိုက်တာ၊ ကြက်သာဟင်းချက်ကျွေးတာမျိုးတွေ လုပ်ပေးလို့ရပါတယ်။

    ပဲအမျိုးမျိုး – ပဲအမျိုးမျိုးမှာ ပရိုတင်းကြွယ်ဝစွာပါဝင်နေသလို ကလေးတွေရဲ့ကြီးထွားဖွံ့ဖြိုးမှုအတွက်အရေးပါတဲ့ အစာခြေစနစ်ကကျန်းမာရေးကို အကောင်းဆုံးထောက်ပံ့ပေးနိုင်တဲ့ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေပါတယ်။ ကာဗိုဟိုက်ဒရိတ်နဲ့ ဗီတာမင် B တို့ ကြွယ်ဝစွာပါဝင်နေမှုကလည်း ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။

    ဥအမျိုးမျိုး ဥအမျိုးမျိုးမှာ ကလေးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေဖြစ်တဲ့ ပရိုတင်း၊ ဗီတာမင် D၊ ဗီတာမင် B12၊ သံဓာတ် အပြင် ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ omega-3 fatty acids ပါဝင်နေပါတယ်။

    ဆယ်လ်မွန်ငါး – ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့အတွက်ရော ဉာဏ်ရည်ထက်မြက်ဖို့အတွက်ပါအရေးပါတဲ့ omega-3 fatty acids အပြင် ကိုယ်ခံအားကောင်းစေနိုင်တဲ့ ဗီတာမင် A နဲ့ ဗီတာမင် D တို့လည်း ပါဝင်နေပါတယ်။

    ကန်စွန်းဥ – ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေကို အကောင်းဆုံးဖြည့်တင်းပေးပြီး နှလုံးကျန်းမာစေနိုင်တဲ့ ပိုတက်ဆီယမ်၊ ကိုယ်ခံအားကောင်းစေတဲ့ ဗီတာမင် A နဲ့ အစာခြေစနစ်အတွက်အရေးပါတဲ့ အမျှင်ဓာတ်တို့ပါဝင်နေပါတယ်။

    နို့၊ မုယောအားဖြည့်နို့ – အရိုးတွေကိုသန်မာစေနိုင်တဲ့ ကယ်လ်ဆီယမ်နဲ့ဗီတာမင် D တို့ဝင်နေသလို ဖော့စဖရိတ်၊ ဗီတာမင် B12၊ ပိုတက်ဆီယမ် နဲ့ ပရိုတင်းတို့ပါဝင်ပါတယ်။ ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးဖို့အတွက်ရော ဉာဏ်ရည်ဉာဏ်သွေးကောင်းမွန်စေဖို့အတွက်ပါ အရေးပါပါတယ်။ ဒါကြောင့် ကလေးကိုနေ့စဉ်နို့တိုက်ပေးသင့်ပါတယ်။

    ဒိန်ချဉ် – ကလေးတိုင်းကြိုက်တဲ့ အစားအစာတစ်ခုပါ။ သစ်သီးတွေနဲ့တွဲစားရင်လည်း အရသာရှိတဲအချိုပွဲလေးဖြစ်တာကြောင့် ကလေးကိုကျွေးရတာလည်း အဆင်ပြေမှာပါ။ ဒိန်ချဉ်မှာ ပရိုတင်းဓာတ်ပါသလို အစာခြေစနစ်အတွက် အကျိုးပြုဘက်တီးရီးယား probiotics တွေလည်းပါဝင်နေပါတယ်။

    အစေ့အဆန်တွေ ကလေးကို omega-3 fatty acids ကြွယ်ဝတဲ့ သစ်ကြားသီး၊ အယ်လ်မွန်စေ့တို့အပါအဝင် အစေ့အဆန်တွေကျွေးပေးတာက ကျန်းမာစေနိုင်သလို ဓာတ်မတည့်မှုဖြစ်နိုင်ခြေကိုလည်း နည်းစေနိုင်မှာပါ။

    အခုပြောခဲ့တဲ့နည်းလမ်းလေးတွေအတိုင်း လိုက်လုပ်ကြည့်လို့ ရင်သွေးလေးကို ဉာဏ်ကောင်းပျော်ရွှင်တဲ့ ကလေးတစ်ယောက်ဖြစ်အောင် ပျိုးထောင်လိုက်ရအောင်လား မေမေဖေဖေတို့ရေ………………….

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement