ရွေးချယ်စရာတွေ များလာတာက ကောင်းပေမယ့် အမှားလည်း များနိုင်သလို အရွေးရခက်စေပါတယ်။ ဒီလို ရွေးချယ်စရာ များတာကြောင့် ဘာရွေးလို့ ရွေးရမှန်းမသိဖြစ်ရတဲ့အထဲမှာ သားသားမီးမီးတို့ရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် အာဟာရလိုအပ်ချက်ကို ဖြည့်ပေးမယ့် နို့ရွေးချယ်ရတာကလည်း တစ်ခု အပါအဝင်ပါပဲ။
အိမ်ရဲ့ ဆည်းလည်းလေးဖြစ်တဲ့ သားသားမီးမီးအတွက် အာဟာရပြည့်အောင် နို့တစ်မျိုးမျိုး ဒါမှမဟုတ် ဖြည့်စွက်အာဟာရတစ်မျိုးမျိုး တိုက်ချင်ပေမယ့် ဘာရွေးလို့ ရွေးရမှန်း မသိလို့ စိတ်ညစ်နေပြီလား မေမေဖေဖေ၊ ဖွားဖွား တီတီတို့ရေ …………
ဒီရွေးရခက်နေတဲ့ စိတ်ရှုပ်ထွေးစရာကိစ္စလေးကို ဖြေရှင်းနိုင်မယ့် အကြံကောင်းလေး မျှဝေချင်ပါတယ်။
သားသားမီးမီးတို့ကို အကောင်းဆုံးသော အရာတွေပဲ ပေးချင်တာက မိဘတိုင်း ဖိုးဖိုးဖွားဖွားတိုင်း တီတီတိုင်းရဲ့ ဆန္ဒပါ။ ဒီဆန္ဒလေးကို စိတ်ရှုပ်ထွေးမှု မရှိစေဘဲ ဖြည့်ပေးနိုင်ဖို့ ဆောင်းပါးလေးက ကူညီပေးနိုင်မှာပါ။
သားသားမီးမီးတို့ ကြီးထွားဖွံ့ဖြိုးဖို့အတွက် အကောင်းဆုံး ထောက်ပံ့ပေးနိုင်တဲ့အရာ
ကလေးတွေ အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးလာစေဖို့ဆိုရင် ငယ်စဉ်ကတည်းက အာဟာရ ပြည့်ဝအောင် ဖြည့်ဆည်းပေးဖို့ လိုပါမယ်။ ကလေးတွေကို ကြီးထွားမှု အလိုက် အာဟာရပြည့်ဝစွာ ဖြည့်ပေးနိုင်မှ ကလေးက အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးလာမှာပါ။
သားသားမီးမီးတို့ကို အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးဖို့စေဖို့ အာဟာရ ပြည့်ဝအောင် ဖြည့်ဆည်းပေးတဲ့အခါမှာ ကလေးတိုင်းလိုလို မငြင်းဘဲ သောက်တဲ့ အရာလေး တစ်ခုရှိပါတယ်။ ဒါကတော့ သားသားမီးမီးတို့ မိခင်ဝမ်းက ထွက်လာကတည်းက ပထမဆုံး စားဖူးတဲ့ အာဟာရ တစ်ခု ဖြစ်တဲ့ နို့ပါ။
နို့က သားသားမီးမီးတွေကို အကောင်းဆုံး ဖွံ့ဖြိုးစေသလား ……..
အပေါ်မှာ ပြောခဲ့သလို နို့က သားသားမီးမီးတွေကို အကောင်းဆုံး ဖွံ့ဖြိုးစေတယ်ဆိုပေမယ့် နို့တိုင်းက သားသားမီးမီးတွေကို ဖွံ့ဖြိုးစေတာ မဟုတ်ပါဘူး။ နို့ဆိုပေမယ့်လည်း အာဟာရ ပြည့်ဝပြီး သားသားမီးမီးတို့ရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ထောက်ပံ့ပေးနိုင်မယ့် အာဟာရဓာတ်တွေ ပြည့်ဝဖို့ လိုပါမယ်။
သားသားမီးမီးတွေကို အကောင်းဆုံး ဖွံ့ဖြိုးစေဖို့ဆိုရင် ကလေးအတွက် ပြင်ဆင်ပေးတဲ့ နို့မှာ ကလေးတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထောက်ကူပေးနိုင်မယ့် အာဟာရဓာတ်တွေ ဖြစ်တဲ့ DHA (Omega-3 fatty acids)၊ ဖောလစ်အက်ဆစ်၊ ဗီတာမင် D၊ lcFOSလို့ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယား အာဟာတစ်မျိုး (နားလည်လွယ်အောင် ပြောရရင် မချေဖျက်နိုင်တဲ့ အမျှင်ဓာတ်ပါ) ၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ ပရိုတင်း နဲ့ အခြားသော ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ ပါဝင်နေဖို့ လိုပါမယ်။
ငယ်စဉ်မှာ တိုက်ကျွေးမယ့်နို့ကို သေချာ ရွေးချယ်မှ သားသားမီးမီးတွေက အသက်ရတာတဲ့အခါ အဝလွန်တာ၊ နှလုံးရောဂါ နဲ့ သွေးအားနည်းတာလိုမျိုး ကျန်းမာရေး ပြဿနာတွေ ကင်းဝေးပြီး ကျန်းကျန်းမာမာပျော်ပျော်ရွှင်ရွှင် ကြီးပြင်းအရွယ်ရောက်မှာပါ။
နို့တိုင်းက အာဟာရပြည့်ရဲ့လား …….
နို့အမျိုးအစားတွေက အမျိုးမျိုး ရှိသလို အာဟာရ ပါဝင်ပုံချင်းလည်း ကွာခြားနိုင်ပါတယ်။ ဘယ်လိုတွေ ကွာခြားသလဲဆိုတာ နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။
သာမန်နို့ ဆိုတဲ့ အထဲမှာ ပုံမှန် သောက်နေကျနို့တွေ ဖြစ်တဲ့ နွားနို့၊ ဆိတ်နို့၊ သိုးနို့၊ ကျွဲနို့တို့လိုမျိုး တိရစ္ဆာန်တွေဆီကနေရတဲ့ နို့တွေ ရှိသလို အပင်အခြေခံထားတဲ့ အယ်လ်မွန်နို့၊ ပဲနို့၊ အုန်းနို့၊ ဆန်နို့တွေလည်း ရှိပါတယ်။ ဒါ့အပြင် မုယောကို အခြေခံပြီး ထုတ်ထားတဲ့ နို့တွေလည်းရှိပါသေးတယ်။
ဒီနို့တွေမှာ သဘာဝကဖန်တီးထားတဲ့ အာဟာရတွေ ဖြစ်ကြတဲ့ ပရိုတင်း၊ ကယ်လ်ဆီယမ်၊ အဆီလိုမျိုး အာဟာရတွေ ပါဝင်နေပေမယ့် ကလေးတစ်ယောက် ဘက်စုံဖွံ့ဖြိုးစေဖို့ လိုအပ်တဲ့ အာဟာရတွေ ပြည့်ပြည့်စုံစုံ ပါဝင်နေတာမျိုးတော့ မဟုတ်ပါဘူး။
နောက်တစ်ချက် သေချာ ပိုးသတ်မထားဘူးဆိုရင် ဖြစ်ဖြစ်၊ သားသားမီးမီးတို့က နို့သကြားဓာတ်မစုပ်ယူနိုင်တဲ့ ကျန်းမာရေးပြဿနာမျိုး ရှိနေမယ်ဆိုရင်တော့ သာမန်နို့တွေ တိုက်ကျွေးတာက ကလေးအတွက် အဆင်မပြေလောက်ပါဘူး။ နောက်တစ်ခုက ပမာဏပါ။ ကလေးအတွက် လိုအပ်တဲ့ အာဟာရပြည့်မီစေဖို့ အများကြီး သောက်ရမယ်ဆိုရင်လည်း ကလေးတစ်ယောက်အနေနဲ့ အဆင်မပြေပါဘူး။
- ဖွံ့ဖြိုးစကလေး ဖော်စပ်စာဖော်မြူလာနို့တွေ (Growing up milk)
ဖော်မြူလာနို့ ဆိုတာက နာမည်အတိုင်းကို သားသားမီးမီးတို့ရဲ့ အာဟာရလိုအပ်ချက်ကို ပြည့်ပြည့်ဝဝ ဖြည့်ပေးနိုင်ပါတယ်။ ကလေးတစ်ယောက်ရဲ့ အသက်အရွယ်အလိုက် ဖွံ့ဖြိုးစေဖို့ လိုအပ်မယ့် အာဟာရဓာတ်တွေ ပြည့်ဝစွာ ပါဝင်အောင် ပြင်ဆင်ထားသလို သာမန်နို့တွေမှာ မပါတဲ့ သားသားမီးမီးတို့ရဲ့ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးဖို့၊ မျက်လုံးနဲ့ ဦးနှောက်ဖွံ့ဖြိုးစေဖို့ရော အစာခြေစနစ်ကစလို့ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်စေဖို့အထိ အကောင်းဆုံး ထောက်ကူပေးနိုင်မယ့် အာဟာရဓာတ်တွေဖြစ်ကြတဲ့
- DHA (Omega-3 fatty acids)၊
- ဖောလစ်အက်ဆစ်၊
- ဗီတာမင် D၊
- lcFOS – Inulin ( မချေဖျက်နိုင်တဲ့ အမျှင်ဓာတ်)
- ကယ်လ်ဆီယမ်၊
- သံဓာတ်၊
- ပရိုတင်း နဲ့
- အခြားသော ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ ပြည့်ဝစွာ ပါဝင်နေပါတယ်။ ပမာဏ နည်းနည်း အာဟာရပြည့်ပြည့်ပေးစွမ်းနိုင်မှာပါ။
နို့တိုင်းက တစ်မျိုးစီ အားသာချက်တွေရှိပေမယ့် သားသားမီးမီးတို့အတွက်ကတော့ အသင့်တော်ဆုံးဆိုတာကို ရွေးနိုင်မှ တော်ကာကျမှာပါ။ ကဲ….. ရွေးရခက်တဲ့ ပြဿနာအတွက် အဖြေထွက်လောက်ပြီ ထင်ပါတယ်နော်။
[embed-health-tool-vaccination-tool]