backup og meta

ဆောင်းပါး ကူညီပံ့ပိုးသူ Dugro

ကလေးများ နွေရာသီမှာ အာဟာရမချို့တဲ့စေဖို့

ရာသီဥတုကတော့ တစ်နေ့ထက်တစ်နေ့ ပိုပိုပူပြရင်း နွေပီသနေတော့တာပဲနော်။ နွေရောက်လာရင် ရာသီဥတု ပူတာအပြင် မေမေတို့ကို စိတ်ညစ်စေတဲ့ နောက်ထပ် အကြောင်းအရာလေး တစ်ခု ရှိပါသေးတယ်။ ဒါကတော့ ကလေးတွေ နွေရာသီမှာ ဘာမှ မစားဘူးလို့ ဘာကျွေးကျွေး ဘူးခံငြင်းနေတာကိုပါ။ ဒီလို မစားတာက ကြီးထွားဖွံ့ဖြိုးမှုတွေ ဖြစ်ပေါ်နေတဲ့ ကလေးတွေမှာ ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေမလားပေါ့။ ဒါကြောင့် ကလေးများ နွေရာသီမှာ အာဟာရမချို့တဲ့စေဖို့ ဘာတွေ ဂရုစိုက်ရမလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။ 

ကလေးများနဲ့ နွေရာသီမှာ အာဟာရမချို့တဲ့စေဖို့ 

သားသားမီးမီးတို့ ကောင်းကောင်းဖွံ့ဖြိုးစေဖို့အတွက် အာဟာရ အမျိုးမျိုးကို ပြည့်စုံဖို့ လိုပါမယ်။ ဒီလို အာဟာရ ပြည့်စုံဖို့ ဆိုရာမှာလည်း ကလေးကို အာဟာရ ပြည့်ဝအောင် ကျွေးမိဖို့ လိုတာပေါ့။ ကလေးကို အာဟာရ ပြည့်ဝအောင် ကျွေးချင်ပေမယ့်လည်း ရာသီဥတု ပူချိန်မှာဆိုရင် ကလေးတွေက အစားကို ပုံမှန်ထက် ပိုရွေးတတ်တာမျိုး ရှိတတ်ပါတယ်။ ဒါကြောင့် မေမေတို့အနေနဲ့ နွေပူနေချိန်မှာ ကလေးကို အာဟာရ ပြည့်ဝအောင် ကျွေးမွေးဖို့ အခက်တွေ့တာမျိုး ကြုံရနိုင်ပါတယ်။ 

ကဲ … ဒီလိုမျိုး ကလေးတွေကို နွေရာသီမှာ အစားရွေးတာကြောင့် အာဟာရ ချို့တဲ့တာမျိုး ဖြစ်စေနိုင်လား နွေရာသီမှာ အပူရှိန်ကြောင့် ကလေးကို အာဟာရ ချို့တဲ့မှု ကင်းစေဖို့ ဘယ်လိုနည်းလမ်းတွေ သုံးပြီး ဖြေရှင်းရမလဲ ဆိုတာတွေကို ဆက်ကြည့်လိုက်ရအောင်နော်။ 

နွေရာသီမှာ ကလေးတွေ အာဟာရ ချို့တဲ့နိုင်သလား!

နွေရာသီမှာ ကလေးတွေ အာဟာရ ချို့တဲ့နိုင်သလား ဆိုတော့ ဖြစ်နိုင်ခြေ အများကြီး ရှိပါတယ်။ နွေပူချိန်မှာ အရမ်းပူလို့ အစားစားချင်စိတ် ပျောက်ပြီး အစားမစားတာကြောင့် ကလေးမှာ အာဟာရ ချို့တဲ့နိုင်သလို  နွေရာသီဆိုတာက ကလေးတွေ အနားရတဲ့ ရာသီလည်း ဖြစ်တာကြောင့် တစ်ချိန်လုံး အိမ်မကပ်ဘဲ သူငယ်ချင်းတွေနဲ့ ကစားမက်နေတာကလည်း ကလေးကို အစားကောင်းကောင်း မစားဖြစ်ဘဲ ကလေးမှာ အာဟာရ ချို့တဲ့စေနိုင်ပါတယ်။ 

နောက်ဖြစ်နိုင်ခြေက ခရီးထွက်တာပါ။ ခရီးထွက်တာက ကလေးကို အစားအသောက် ပြောင်းလဲတာမျိုး ဖြစ်စေပြီး အစားကောင်းကောင်း မစားဖြစ်တာမျိုးလည်း ဖြစ်နိုင်တာပေါ့။ ဒီလို အခြေအနေများစွာက ကလေးကို နွေရာသီမှာ အာဟာရ ချို့တဲ့တာကို ဖြစ်ရစေတဲ့ အကြောင်းရင်းခံတွေပေါ့။

ဘယ်လိုကာကွယ်မလဲ!

ကြီးထွားဖို့ အရှိန်ယူနေတဲ့ ကလေးတွေမှာ နွေအပူဒဏ်ကြောင့် အစားရွေးရင်း အာဟာရ ချို့တဲ့တာမျိုး မဖြစ်စေဖို့ ဒီနည်းလမ်းလေးတွေနဲ့ ကာကွယ်ဖြေရှင်းလို့ ရပါတယ် မေမေတို့ရေ ….

  • အာဟာရတန်ဖိုးမြင့်တာတွေကို ပြင်ဆင်ပေးပါ

နေပူချိန်မှာ ကလေးက အစားနည်းနည်းပဲ စားတာမျိုး ရှိနိုင်တာကြောင့် ကလေးကို နည်းနည်းစားရုံနဲ့ အာဟာရ ပြည့်ဝစေဖို့ ထောက်ကူပေးမယ့် အစားအစာတွေကို ပြင်ဆင်ပေးဖို့ လိုပါမယ်။ ဥပမာ – ကြက်ဥပူတင်းပေါင်း အေးအေးလေး ပြင်ဆင်ပေးတာမျိုးက ပြင်ဆင်ပေးတာက နည်းနည်းပဲ စားရင်တောင် လိုအပ်တဲ့ အာဟာရဓာတ်တွေ ဖြည့်ပေးနိုင်သလို စားရလွယ်ပြီး အာဟာရတွေလည်း ပြည့်စေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် စားသုံးမှုမှာ အာဟာရတန်ဖိုး မြင့်တာလေးတွေကို ပြင်ဆင်ပေးလိုက်ပါ။

  • နွေရာသီစာလေးတွေ ပြင်ပေးဖို့ မမေ့ပါနဲ့

နွေရာသီမှာ အပူဒဏ်ကြောင့် အစားစားချင်စိတ် မရှိပေမယ့် နွေရာသီစာလေးတွေဆိုရင်တော့ ကလေးတွေကို အစားစားချင်စိတ် ဖြစ်စေပြီး စားဖြစ်စေဖို့ အားဖြည့်ပေးနိုင်မှာပါ။

 ဒါကြောင့် ကလေးကို နွေပူနေချိန်မှာ အဆီများတဲ့ဟင်းတွေ အစား ကလေးတွေ ကြိုက်တဲ့ အကြော်အလှော်လေးတွေ ပြင်ဆင်ပေးလို့ ရသလို ခံတွင်းတွေ့စေမယ့် အသုပ်လေးတွေ၊ အရည်ဟင်းလေးတွေ ချက်ပေးလို့ ရပါတယ်။ 

  • နည်းနည်းချင်းစီနဲ့ ခဏခဏကျွေးပေးပါ

နွေရာသီ အပူရှိန်က အစားတွေကို တစ်ကြိမ်တည်းနဲ့ အများကြီး စားဖြစ်ဖို့က မလွယ်ကူလှပါဘူး။ ဒါကြောင့် ကလေးကို အစားအစာတွေ ပြင်ဆင်ပေးတဲ့အခါ နည်းနည်းချင်းစီနဲ့ ခဏခဏ ပြင်ဆင်ကျွေးမွေးပေးပါ။ ဒါကလည်း နည်းလမ်းကောင်း တစ်ခုပါ။

  • ဖော်မြူလာနို့လေးနဲ့ အာဟာရလိုအပ်ချက်ကို ဖြည့်လိုက်ပါ

ကလေးကို နွေပူတာကြောင့် မစားဖြစ်ဘဲ လိုအပ်သွားတဲ့ အာဟာရ လိုအပ်ချက်ကို ဖြည့်ဖို့ဆိုရင် ကလေးလည်း ကြိုက် အာဟာရလည်း ပြည့်စေဖို့ ထောက်ကူပေးနိုင်မယ့် ဖော်မြူလာနို့ကို ပြင်ဆင်ပေးလို့ ရပါတယ်။ ဖော်မြူလာနို့ကို ပုံမှန် တစ်ခွက်စီ တိုက်ပေးတာက ကလေးကို လိုအပ်တဲ့ အာဟာရ ပြည့်ဝပြီး ကျန်းမာစေဖို့ရော ကြီးထွားဖွံ့ဖြိုးစေဖို့ပါ ထောက်ကူပေးနိုင်မှာပါ။

ကလေးရဲ့ အာဟာရ လိုအပ်ချက်ကို ဖော်မြူလာနို့နဲ့ ဖြည့်စွက်ပါလို့ ပြောရတာက ဖော်မြူလာနို့မှာ ကလေးကို ကြီးထွားဖွံ့ဖြိုးစေဖို့နဲ့ အရပ်ရှည်စေဖို့ ထောက်ကူပေးနိုင်မယ့် ဗီတာမင်၊ သတ္တုဓာတ်တွေနဲ့  သွေးအားမနည်းစေဖို့ ထောက်ကူပေးနိုင်မယ့် သံဓာတ်၊ ဦးနှောက်ဖွံ့ဖြိုးမှုကို ထောက်ကူပေးတယ်လို့ ဖေဖေမေမေတိုင်း သိပြီးဖြစ်တဲ့ DHA နဲ့ အစာခြေစနစ် ကျန်းမာပြီး စားတိုင်း အာဟာရတွေကို အူနံရံတွေက ပြည့်ပြည့်ဝဝ စုပ်ယူနိုင်ဖို့ Dual Fiber နဲ့ ကိုယ်ခံအား ကောင်းပြီး အရိုးနဲ့ ကြွက်သားတွေ ကောင်းစွာ ဖွံ့ဖြိုးစေဖို့ ပရိုတင်း စတာတွေ ပါဝင်နေလို့ပါ။ 

နွေပူလို့ ကလေးက အအေးသောက်မယ် တောင်းတဲ့အခါ ဖော်မြူလာနို့ အေးအေးလေးကို ပေးလိုက်တာက ကလေးကို အချိုတွေ မကျွေးမိသလို ကာကွယ်ပြီးသား ဖြစ်သလို အာဟာရ လိုအပ်ချက်ကိုပါ ဖြည့်ပေးနိုင်မှာပါ။ 

နွေပူလို့ ကလေး အစားမစားချင်ဘူးဆိုပြီး ဘူးခံ ငြင်းတဲ့ ပြဿနာကို ဒီနည်းလမ်းတွေနဲ့ ဖြေရှင်းလိုက်တော့နော် မေမေတို့ရေ ……

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

>> References: 

 

5 Steps to Keep Your Kids Healthy in summer https://www.apollodiagnostics.in/blog/5-steps-to-keep-your-kids-healthy-in-summer#:~:text=Eating%20healthy%20is%20the%20key,biggest%20reasons%20for%20gastric%20problems. Accessed Date 5 April 2024

 

Common Nutritional Deficiencies in Children and Infants (Ages 0-5) https://www.superkidsnutrition.com/common-nutritional-deficiencies-in-children-and-infants-ages-0-5/ Accessed Date 5 April 2024

 

10 Tips for Children to Stay Healthy in Summer https://shifainternationalpatients.com/10-tips-for-children-to-stay-healthy-in-summer/ 

Accessed Date 5 April 2024

 

10 Tips to prevent Common Summer Health Problems in Children https://www.mylittlemoppet.com/10-tips-to-prevent-common-summer-health-problems-in-children/ 

Accessed Date 5 April 2024

 

Childhood Nutrition Facts https://www.cdc.gov/healthyschools/nutrition/facts.htm Accessed Date 5 April 2024

ယခုပုံစံ

26/04/2024

Aye Thi Mon မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပြီးပြည့်စုံတဲ့ ကလေးတစ်ယောက်ရဲ့ ဘဝအစခြေလှမ်း

အသက်နှစ်နှစ်နောက်ပိုင်းမှာ အာဟာရပြည့်ဝစေဖို့ မျှတတဲ့ အစားအစာများနဲ့အတူ ဖော်မြူလာနို့တိုက်စို့


Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · ပြန်လည်သုံးသပ်သူ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 26/04/2024 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement