သင့်ကလေးကို သူစိမ်းတွေထံမှ တစ်ချိန်လုံး ကာကွယ်ပေးထားနိုင်ဖို့တော့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ပြုမူသင့်တဲ့ အပြုအမူတွေနဲ့ လွန်ကဲလာရင် ဘာတွေ လုပ်ရမယ်ဆိုတာကိုတော့ သင်ထားပေးဖို့ ဖြစ်နိုင်ပါတယ်။
အောက်ပါအချက်တွေက သင်ကလေးအနားမှာ မနေနိုင်စဉ်မှာ ကလေးကို လုံခြုံစိတ်ရဖို့အတွက် ကူညီပေးနိုင်ပါတယ်။
သင့်ကလေးကို သူစိမ်းတွေအကြောင်း ဘယ်လိုပြောမလဲ။
အခြေခံ ကိုယ်ခန္ဓါလုံခြုံမှုကနေ စတင်ပါ။ လူစိမ်းတွေအကြောင်း စတင်ပြောဆိုဖို့အတွက် အသက် ၂ နှစ် ၃ နှစ်ကလေးတွေနဲ့ ယေဘုယျ လုံခြုံမှုအကြောင်း ပြောပြပါ။ သင်တို့ အပြင်ထွက်သွားစဉ်မှာ ကလေးတွေကို သင့်နားမှာထားပါ။
ဒါ့ပြင် ဒီအသက်အရွယ်မှာ ကလေးတွေဟာ သူတို့ရဲ့ လိင်အင်္ဂါ အခေါ်အဝေါ်တွေကို သင်ယူဖို့အတွက် လုံလောက်ပြီဖြစ်ပြီး ဒီနေရာတွေကို အခြားသူ ထိတွေ့ခြင်းဟာ မသင့်လျော်ဘူးဆိုတာ သိနိုင်ပြီ ဖြစ်ပါတယ်။
လူစိမ်းတွေအကြောင်းပြောပါ။ ကလေးတွေဟာ အသက် ၄ နှစ်လောက် ရောက်ချိန်မှာ စတင်ဆွေးနွေးနိုင်ပြီ ဖြစ်ပါတယ်။ လူစိမ်းဆိုတာ ဘာလဲသိလား အစရှိသဖြင့် မေးခွန်းတွေကို မေးပြီး စတင်ပါ။
တကယ်လို့ ကလေးက မဖြေနိုင်ဘူးဆိုရင် လူစိမ်းဆိုတာ သူတို့မသိတဲ့ ဘယ်သူကိုမဆို ဆိုလိုတာဖြစ်ကြောင်း ရှင်းပြပါ။ ကလေးကို ခြိမ်းခြောက်ခြင်းက ကာကွယ်နိုင်ဖို့အတွက် လူစိမ်းဆိုတာ လူကောင်း၊ လူဆိုး မပြောပဲ သူမသိတဲ့သူတွေလို့သာ သိပါစေ။
ကလေးယုံကြည်နိုင်တဲ့ သူတွေဘယ်သူတွေဆိုတာ ဥပမာပေးပြီး အကူအညီတောင်းခံနိုင်ကြောင်း ပြောပြပါ။ (ဥပမာ အခြားယုံကြည်ရတဲ့ မိဘတစ်ဦးဦး၊ ဆရာ၊ ကျောင်းမှ ဆွေးနွေးသူ)။ အာဏာရှိတဲ့သူတွေ ဖြစ်တဲ့ ကျောင်းစောင့်၊ ရဲ အစရှိသူတို့အကြောင်းကိုလည်း ပြောထားခြင်းဟာ ကလေးက သူတို့နဲ့မသိတဲ့ အကူအညီတောင်းခံနိုင်သူတွေကို သိရှိနိုင်မှာ ဖြစ်ပါတယ်။
လူစိမ်းတွေနဲ့ ဘယ်လိုဆက်ဆံရမလဲဆိုတဲ့ စည်းမျဉ်းတွေ ချထားပါ။ မိဘတွေဟာ ကျောင်းမနေခင် ကလေးတွေကို တကယ်လို့ လူစိမ်းက ချဉ်ကပ်ရင် သူတို့ကို စောင့်ရှောက်ပေးနေတဲ့ သူတွေဆီကို တန်းသွားပြီး အကူအညီတောင်းနိုင်ကြောင်း ပြောပြထားသင့်ပါတယ်။
ကျောင်းတက်နေတဲ့ကလေးတွေကိုတော့ သူတို့ရဲ့ အနီးက လူစိမ်းတွေကို ဟယ်လိုပြောနိုင်ပေမယ့် သူတို့ဟာ သူစိမ်းမှန်သမျှကို စကားပြောစရာ မလိုကြောင်းနဲ့ မိဘက အနားမှာ မရှိချိန်မှာ မပြောသင့်ကြောင်းကိုလည်း ပြောထားသင့်ပါတယ်။
လူစိမ်းတွေနဲ့ အခြားနေရာတွေကို မသွားသင့်ကြောင်းလည်း ရှင်းရှင်းလင်းလင်း သိအောင် ပြောထားသင့်ပါတယ်။
အင်တာနက်အသုံးပြုမှုကို ကန့်သတ်ပါ။ ကွန်ပျူတာကို အကုန်လုံးမြင်နိုင်တဲ့နေရာမှာ ထားသင့်ပြီး ဒါမှသာ ကလေး ဘာလုပ်နေတယ်ဆိုတာကို တွေ့နိုင်မှာ ဖြစ်ပါတယ်။ ဒီအရွယ်ကလေးတွေဟာ chat forum တွေမှာ မပါဝင်သင့်ပါဘူး။
အသက် ၁၀ နှစ်အောက်ကလေးတွေဟာ အွန်လိုင်းမုဆိုးတွေရဲ့ သားကောင် ဖြစ်နိုင်ပါတယ်။ ကိုယ်ပိုင်အချက်အလက်တွေအကြောင်း မပြောဖို့၊ မေးခွန်းတွေ မဖြေဖို့နဲ့ အွန်လိုင်းက form တွေ မဖြည့်သင့်ကြောင်းလည်း ပြောထားသင့်ပါတယ်။
အများသုံးအိမ်သာ အသုံးပြုမှုနဲ့ ပတ်သက်တဲ့ စည်းကမ်းတွေကိုလည်း ချထားသင့်ပါတယ်။ အသက် ၆ နှစ်လောက်ရှိတဲ့အချိန်မှာ ကလေးတွေဟာ အများသုံးအိမ်သာကို သူတို့ဘာ့သာ အသုံးပြုမှာ ဖြစ်ပါတယ်။
ဒါပေမယ့် ဂရုစိုက်ပါ။ တံခါးအပြင်ဘက်မှာ ရပ်နေပြီး အကူအညီလိုရင် ခေါ်ဖို့ ပြောထားနိုင်ပါတယ်။ တကယ်လို့ အခြားတစ်ယောက်က ကူညီဖို့ပြောလာခဲ့ရင် သူတို့ကိုယ်တိုင် လုပ်နိုင်ပါတယ်လို့ ပြန်ပြောခြင်းဖြင့်လည်းကောင်း၊ ဒါမှမဟုတ် သူတို့မိဘက လုပ်ပေးမှာပါလို့ ပြန်ပြောခြင်းဖြင့်လည်းကောင်း အကူအညီကို ငြင်းဆန်သင့်တယ်လို့ သင်ထားပေးသင့်ပါတယ်။
ကြီးတဲ့ကလေးတွေ အိမ်မှာ တစ်ယောက်တည်း ကျန်ခဲ့ချိန်တွေအတွက်လည်း ပြင်ဆင်ပေးသင့်ပါတယ်။ တကယ်လို့ တစ်ယောက်ယောက်က အိမ်တံခါးရှေ့မှာ ရပ်ရင် တံခါးဖွင့်မပေးပဲ သူတို့မိဘက အခုအချိန်မှာ တံခါးလာဖွင့်ပေးနိုင်မှာ မဟုတ်ဘူးလို့ ပြောသင့်ကြောင်း သင်ပေးသင့်ပါတယ်။
တကယ်လို့ လာလည်သူက ပစ္စည်းထုတ် တစ်ခုခုကို သယ်လာခဲ့မယ်ဆိုရင်တော့ အထုတ်ကို တံခါးဝမှာ ချထားဖို့ (သို့) နောက်တစ်ကြိမ် ပြန်လာဖို့ ပြောသင့်ပါတယ်။
တကယ်လို့ မိဘတွေက ဖုန်းလိုင်းရှိတယ်ဆိုရင်တော့ မိဘတွေက ကလေးကို ဖုန်းပေးဖြေသင့်မဖြေသင့် ဆုံးဖြတ်သင့်ပါတယ်။ သူတို့က အသက် ၅ နှစ်အရွယ်ကလေးဟာ ဖုန်းပြောဖို့ အဆင်သင့်ဖြစ်ပြီလို့ ထင်နိုင်ပေမယ့် အသက် ၈ နှစ်အရွယ်ဟာ ရင့်ကျက်တဲ့အရွယ်ဖြစ်ပါတယ်။
တကယ်လို့ မိဘတွေဟာ အိမ်မှာ မရှိစဉ် ဖုန်းခေါ်လိုတယ်ဆိုရင် မိဘတွေခေါ်ကြောင်း သိရှိဖို့ caller ID ကို အသုံးပြုသင့်ပါတယ်။
ပုံသဏ္ဍာန်တူ ပြုလုပ်ပြီး သင်ကြားပါ။ ပုံသဏ္ဍာန်တူ ပြုလုပ်ခြင်းဟာ ကလေးတွေကို ခက်ခဲတဲ့အခြေအနေတွေမှာ ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သင်ကြားပေးဖို့ ကောင်းမွန်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။
ပန်းခြံအတွင်းမှာ တစ်ယောက်တည်း ရှိစဉ် တစ်ယောက်ယောက်က ချဉ်းကပ်လာစဉ် ဘယ်လိုလုပ်ရမလဲဆိုတာ သင်ကြားပါ။
ဥပမာ တကယ်လို့ လူတစ်ယောက်ဟာ ကားမောင်းလာပြီး ကလေးကို အနီးဆုံးဈေးဆိုင် ဘယ်မှာ ရှိသလဲဆိုတာ မေးတယ်ဆိုရင် ကလေးကို နောက်တစ်လှမ်းဆုတ်ခိုင်းပြီး နေရာကို ညွှန်ပြစေပါ။ ဒါပေမယ့် ကားထွက်သွားတာနဲ့ တစ်ပြိုင်နက် ကလေးကို နောက်ခြေလှမ်းပေါင်းများစွာ ဆုတ်ပြီး လှည့်ကာ အိမ်ထဲ (သို့) ကျောင်းထဲဝင်ပြီး လူကြီးကို ရှာသင့်ပါတယ်။
ကြောက်စရာကောင်းတဲ့ အသုံးအနှုန်းတွေကို ရှောင်ကျဉ်ပါ။ လူစိမ်းတစ်ယောက်က ကလေးကို မိဘတွေနဲ့ ဝေးရာကိုခေါ်သွားမယ်လို့ ကလေးကို ပြောဆိုခြင်းဟာ မလိုအပ်ပဲ ကြောက်ရွံ့စေပါတယ်။ တည်ငြိမ်အောင် နေပြီး လုပ်သင့်တာ၊ မလုပ်သင့်တာတွေကိုသာ သင်ကြားပါ။ တကယ်လို့ ကလေးက သူဘာကြောင့် သူစိမ်းနဲ့ အပြင်မထွက်သင့်ဘူးလဲလို့မေးရင် မိဘတွေက ကလေးရဲ့ တည်နေရာကို သိချင်ပြီး ကလေးစည်းကမ်းလိုက်နာခြင်းရှိမရှိ သိချင်လို့ မလိုက်သွားစေတာပဲ ဖြစ်တယ်လို့ ဖြေသင့်ပါတယ်။ မကြာခဏ ပြန်ပြောပါ။ လိုတာထက်ပိုပြီး တုန့်ပြန်စရာ မလိုပါဘူး။ သင့်လျော်တဲ့ အချိန်တိုင်းမှာ ပြောချင်တဲ့ အချက်ကို ထပ်ခါထပ်ပါ ပြောပါ။
ဥပမာ Halloween၊ အပန်းဖြေ ခရီးထွက်စဉ်၊ ကလေး လူစိမ်းတွေ အများကြီးနဲ့ တွေ့နိုင်တဲ့ နေရာကို ခရီးထွက်စဉ်မှာ အထက်ပါ အချက်တွေကို ပြန်ပြောသင့်ပါတယ်။
[embed-health-tool-vaccination-tool]