backup og meta

ကလေးက အစားစစားဖို့ အသင့်ဖြစ်ပြီလား


Aye Thi Mon မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးက အစားစစားဖို့ အသင့်ဖြစ်ပြီလား

    ကလေးက နို့စို့အရွယ်ပဲရှိသေးတယ်။ တစ်ခုခုစားရင် ကလေးကရောကြိုက်မလားဆိုပြီးတွေးမိတယ်၊ကျွေးချင်တယ်ဟုတ်။ ဒါက ကလေးကိုချစ်တဲ့မေမေ၊ တီတီလေးနဲ့ဖွားဖွားတို့မှာဖြစ်တတ်တဲ့ ခံစားချက်ပေါ့။ ကလေးကငယ်သေးရင် မခွံ့လိုက်ဖို့ပြောပါရစေ။ ကလေးတစ်ယောက်ကမွေးကင်းစကနေ ၆ လအထိ မိခင်နို့တစ်မျိုးတည်းနဲ့လုံလောက်ပါတယ်။ ၆ လနောက်ပိုင်းမှာတော့ မိခင်နို့အပြင်ဖြည့်စွက်စာတွေကိုပါကျွေးလို့ရပါပြီ။ ကလေးတိုင်းကိုတသမတ်တည်းတော့ မှတ်ထားလို့မရပါဘူး။ တစ်ယောက်နဲ့တစ်ယောက်ရဲ့ ဖွံ့ဖြိုးမှုပုံစံချင်းက မတူဘူးလေ။ ဒီတော့ ၆ လကျော်ရင်ဖြည့်စွက်စာကျွေးလို့ရပြီဆိုပေမယ့် ကလေးကို အစာကျွေးလို့ရပြီလားဆိုတာသေချာသိချင်မိတဲ့မေမေတို့အတွက် ဒီဆောင်းပါးလေးက အဖြေပေးနိုင်မှာပါ။

    ကလေးမှာ ဒီလိုတိုးတက်မှုလေးတွေရှိရင် အစာစစားဖို့ အသင့်ဖြစ်ပါပြီ

    ကလေးတွေကို အစောဆုံးအနေနဲ့ဆိုရင်တောင် အသက် ၆ လပြည့်ပြီးမှကျွေးပေးရပါမယ်နော်။ ဒီထက်စောပြီး မကျွေးသင့်ပါဘူး။ရေတာင် မတိုက်သင့်ပါဘူး။ တကယ်လို့ကလေးမှာ အခုလိုတိုးတက်မှုလေးတွေတွေ့ရပြီဆိုရင်တော့ ကလေးကို မိခင်နို့အပြင်ဖြည့်စွက်စာတွေပါကျွေးလို့ရပြီဆိုတာသေချာပါပြီ။

    ကလေးကခေါင်းမတ်လာနိုင်ပြီ – ကလေးက လူကြီးအကူအညီမလိုဘဲ သူ့ခေါင်းကို ဟန်ချက်ညီညီထိန်းနိုင်ပြီဆိုရင် ကလေးက အစားအသောက်စစားဖို့ အဆင်သင့်ဖြစ်နေပြီဆိုရပါမယ်။

    မတ်မတ်ထိုင်နိုင်ပြီ – ကလေးကခုံပေါ်မှာဖြစ်ဖြစ် ကြမ်းပြင်ပေါ်မှာဖြစ်ဖြစ် သူ့ကိုယ်သူထိန်းနိုင်ပြီး မတ်မတ်လေးထိုင်နိုင်ပြီဆိုရင်လည်း အစားစစားဖို့အသင့်ဖြစ်နေပါပြီ။

    အစာကိုမျိုချနိုင်ပြီ – ကလေးကမွေးစကနေ ၆ လအထိ မိခင်နို့ကိုပဲသောက်လာကြတာပါ။ အစာဆိုတာလုံးဝမစားလာခဲ့ပါဘူး။ အရည်ပဲသောက်လာခဲ့တဲ့ ကလေးရဲ့ အစာခြေစနစ်က အစာကိုမျိုချနိုင်ပြီ။ နှုတ်ခမ်း၊လျှာနဲ့ အစာရေမြိုတို့က ဟန်ချက်ညီညီလှုပ်ရှားနိုင်ပြီဆိုတာက အစားစစားလို့ရပြီလို့ ကလေးရဲ့ ခန္ဓါကိုယ်က မီးစိမ်းပြလိုက်တာပါ။

    ပါးစပ်နားကို အစားအစာတွေရောက်လာရင် ပါးစပ်ဖွင့်ပေးတတ်ပြီ -ကလေးကို အစား စစားနိုင်ပြီလားဆိုတာကို ဆန်းစစ်ပေးနိုင်မယ့် အလွယ်ဆုံးနည်းလမ်းပါ။ ကလေးပါးစပ်နားကို ဇွန်းလေးနဲ့ Cereal လိုမျိုး ကလေးစားလို့ရတဲ့ အစားအစာတစ်ခုခုခွံ့ပေးကြည့်ပါ။ ကလေးက စားဖို့ ပါးစပ်ဟတယ်ဆိုရင် သူ့အနေနဲ့ အစားစစားနိုင်နေပါပြီ။

    ကလေးက အစားအစာတွေကို စိတ်ဝင်စားနေပြီ – ကလေးက စားစရာတွေကို စိတ်ဝင်တစားနဲ့ကြည့်တာမျိုး၊ လူကြီးတွေစားနေတဲ့အစားအစာကို လက်နဲ့လှမ်းယူတာမျိုး၊ ဟင်းနံ့တွေကို အနံ့ခံတာမျိုး၊ စားမလားလို့ခွံဟန်ပြတဲ့အခါ ပါးစပ်ဖွင့်တာမျိုး၊ လူကြီးတွေစားနေတာကို ပါးစပ်ပြင်ပြီးကြည့်တာမျိုးတွေရှိလာပြီ ဆိုရင် သူက စားစရာတွေအပေါ်မှာ စိတ်ဝင်စားမှုရှိလာတာပါ။

    ကလေးက ကိုယ်အလေးချိန်တက်လာပြီ – ကလေးတွေကမွေးစကနေစပြီး တစ်နေ့တခြား ဖွံ့ဖြိုးမှုတွေဖြစ်လာနေတာပါ။ ကလေးကမွေးပြီး ၄ လအကြာမှာမွေးစကိုယ်အလေးချိန်ရဲ့ ၂ ဆဖြစ်လာပါပြီ။ ကလေးရဲ့ ကိုယ်အလေးချိန်က ၁၃ပေါင် ဒါမှမဟုတ် ၁၃ပေါင်ကျော်လာပြီဆိုရင် ကလေးက အစားစစားလို့ရနေပြီလို့ဆိုရမယ့်အနေအထားပါ။

    ကလေးက အခုလိုမျိုး တိုးတက်မှုလေးတွေရှိလာပြီ အသက်ကလည်း ၆ လကျော်လာပြီဆိုရင် ကလေးကို အစာစကျွေးလို့ရပါပြီ။မေမေ၊ဖွားဖွားနဲ့ တီတီတို့ရေ။ ဒါပေမယ့် ကလေးကို လူကြီးတွေစားသမျှတော့မခွံသင့်သေးပါဘူး။ ကလေးအတွက် သင့်တော်မယ့် အစားအသောက်လေးတွေကိုပြင်ဆင်ပြီးသေချာလေးကျွေးမွေးပေးပါ။ ကလေးက ၂ နှစ်ကျော် ၃ နှစ်လောက်ရောက်လာပြီဆိုရင်တော့ ဟင်းအဖြူထည်လေးတွေ၊ အသားကြော်၊ ငါးကြော်လေးတွေကို ထမင်းဖြူနဲ့တွဲဖက်ပြီးကျွေးလို့ရပါပြီ။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement