ဟင်းနုနွယ်ရွက်မှာ သံဓာတ်၊ကယ်လ်စီယမ် နဲ့ ဖောလစ်အက်ဆစ်အပါအဝင် သတ္တုဓာတ်များစွာပါဝင်ပါတယ်။ ဒီဓာတ်တွေက မိခင်တွေကို မီးဖွားပြီးချိန်နဲ့ကလေးနို့တိုက်နေချိန်ကာလအတွင်းမှာ သွေးအားနည်းတာမျိုးဖြစ်နေရင်တောင် အားပြန်လည်ပြည့်ဝအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ ဟင်းနုနွယ်ရွက်မှာပါတဲ့ ဓာတုပစ္စည်းတွေက မိခင်တွေမှာ ရင်သားကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။
ကြက်သွန်ဖြူမှာ မိခင်နို့ ထွက်မှုကို တိုးစေနိုင်တဲ့ ဓာတုဒြပ်ပေါင်းတွေပါဝင်နေတယ်လို့ တော်တော်များများသိထားပြီးဖြစ်မှာပါ။ နို့ထွက်များစေရုံတင်မကပါဘူး။ ကြက်သွန်ဖြူစားသုံးပေးတာက ကင်ဆာရောဂါတော်တော်များများကိုလည်း ကာကွယ်ပြီးသားဖြစ်စေပါတယ်။
ပရိုတင်းဓာတ်တွေက မိခင်နို့ရည်ထွက်ရှိဖို့ရော နို့ရည်အာဟာရပြည့်ဝဖို့ရော အထောက်အကူ ဖြစ်စေပါတယ်။ ကြက်သား၊ ဝက်သား၊ အမဲသား၊ အသည်း၊ ပင်လယ်ငါး စတာတွေ စားပေးလို့ ရပါတယ်။ ဥပမာ ဆယ်မွန်ငါး။ အနီရောင်အသားတွေစားတဲ့အခါ သံဓာတ်ပါ အားဖြည့်ပြီးသား ဖြစ်သွားပါတယ်။ ဒါပေမယ့် အဆီမပါတဲ့ အသားဖြစ်ဖို့တော့ လိုပါတယ်။
- အခွံမာသီးနဲ့ အစေ့အဆန်များ
ဒီအစားအစာတွေက နို့တိုက်မိခင်တွေမှာ နို့ထွက်ရှိမှုကိုတိုးစေပါတယ်။ အခွံမာသီးတွေနဲ့ အစေ့အဆန်တွေမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတွေအများအပြားပါဝင်နေပြီး နို့ရည်ထွက်ရှိမှုကို များစေနိုင်သလို နို့ရည်မှာ အာဟာရပါဝင်မှုကိုလည်း တိုးစေနိုင်ပါတယ်။
ဒါတင်မကသေးပါဘူး။ အခွံမာသီးတွေနဲ့ အစေ့အဆန်မှာပါတဲ့ omega – 3 fatty acid လိုမျိုးကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတွေက မိခင်ရဲ့ ဦးနှောက်လုပ်ဆောင်နိုင်စွမ်းကို တိုးတက်စေနိုင်သလို မှတ်မိနိုင်စွမ်းကို တိုးတက်စေတဲ့အပြင် အဆစ်တွေလှုပ်ရှားမှုကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ ဒါတွေအပြင်ဟော်မုန်းတွေကို ထိန်းညှိရာမှာ အထောက်အကူပြုနိုင်တာကြောင့် ကလေးမွေးဖွားပြီးနောက်ဖြစ်တတ်တဲ့ စိတ်ကျရောဂါမဖြစ်အောင်လည်း ကာကွယ်ပေးပါသေးတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။