backup og meta

ကလေးငယ်လေးတွေအတွက် အုန်းဆီရဲ့ကျန်းမာရေးအကျိုးကျေးဇူးများ

ကလေးငယ်လေးတွေအတွက် အုန်းဆီရဲ့ကျန်းမာရေးအကျိုးကျေးဇူးများ

အုန်းဆီက အရေပြားနဲ့ အခြားသောကျန်းမာရေးပြဿနာတွေကို ကုသရာမှာ တော်တော်လေးအသုံးဝင်ပါတယ်။ အုန်းဆီက ကလေးငယ်ရဲ့ အရေပြားကို အာဟာရဓာတ် ပေးနိုင်တဲ့ သဘာဝအဆီတစ်မျိုးဖြစ်ပါတယ်။ အုန်းဆီမှာပါတဲ့သေးငယ်တဲ့မော်လီကျူးလေးတွေက အရေပြားကနေ အဆီကို အလွယ်တကူစုပ်ယူနိုင်အောင် လုပ်ဆောင်ပေးသလို အဆီတွေကို ဆဲလ်အတွင်းပိုင်းနဲ့ တွယ်ဆက်တစ်ရှူးတွေအထိ ရောက်ရှိစေပါတယ်။ ကလေးငယ်လေးတွေအတွက် အုန်းဆီရဲ့ကျန်းမာရေးအကျိုးကျေးဇူးများ က ဒါတင် မကသေးပါဘူး။

ကလေးငယ်လေးတွေအတွက် အုန်းဆီရဲ့ကျန်းမာရေးအကျိုးကျေးဇူးများ

  • ကလေးဦးရေပြား ခြောက်သွေ့ပြီး အရေခွံကွာတာ (Cradle Cap

ကလေးဦးရေပြား ခြောက်သွေ့တာမျိုးဖြစ်နေရင် အုန်းဆီ လူးပေးလို့ရပါတယ်။ ဦးရေပြား ခြောက်သွေ့ပြီး အဖက်လန်တာ ဖြစ်နေရင် ကလေးခေါင်းကို အုန်းဆီရွဲနေအောင် လူးပြီး မိနစ် ၂၀ ဒါမှမဟုတ် တစ်ညသိပ်ထားပါ။ နောက်ရက်မှာ ဘီးအပျော့လေးနဲ့ ဖြီးချလိုက်ရင် အဖက်လေးတွေ ပါလာပါလိ့မ်မယ်။ ပြီးမှ ခေါင်းလျှော်ပေးပါ။

  • နှင်းခူနာ (eczema)

နှင်းခူနာဖြစ်တဲ့အခါ ကလေးအရေပြားက ခြောက်သွေ့ပြီး ယားယံတတ်ပါတယ်။ ဒီအတွက် ရေမချိုးခင်နဲ့ ရေချိုးအပြီးမှာ အုန်းဆီလိမ်းပေးနိုင်ပါတယ်။ အိပ်ခါနီးရင်လည်း လိမ်းပြီး နှိပ်နယ်ပေးလို့ ရပါတယ်။ အုန်းဆီက အရေပြားအစိုဓာတ်ကို ထိန်းပေးတာကြောင့် နှင်းခူလက္ခဏာတွေကို သက်သာစေပါတယ်။

  • သေးခံလောင်နာ

အုန်းဆီက အစိုဓာတ်ထိန်းပေးနိုင်တာ‌ကြောင့် သေးခံလောင်ပြီး နီရဲရောင်ရမ်းတာတွေကို သက်သာစေပါတယ်။ ပိုးသေစေနိုင်တဲ့ သတ္တိရှိတာကြောင့် သေးခံလောင်နာတွေ ထပ်မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ရေချိုးပြီးချိန်နဲ့ သေးခံလဲပြီးတဲ့အချိန်မှာ လိမ်းပေးနိုင်ပါတယ်။

  • ဆံပင်သန်စေခြင်း

လေ့လာချက်တွေအရ အုန်းဆီမှာပါတဲ့ Lauric acidက ဆံပင်ပရိုတင်း‌တွေကို ဖြစ်ပေါ်စေသလို ဆံပင်ထဲကိုလည်း စိမ့်ဝင်နိုင်ပါတယ်။ ဒါကြောင့် ကလေးကို ဆံပင်သန်အောင် လိမ်းပေးနိုင်ပါတယ်။ ညမအိပ်ခင်မှာ ခေါင်းကို အုန်းဆီလိမ်း၊ နှိပ်နယ်ပြီး မနက်ကျရင် ပြန်လျှော်လိုက်ရုံပါပဲ။

  • နှုတ်ခမ်းခြောက် သက်သာစေခြင်း 

ကလေး‌လေးတွေက အရေပြားတင် မကပါဘူး။ နှုတ်ခမ်းလည်း ခြောက်တတ်ပါတယ်။ နှုတ်ခမ်းခြောက်တဲ့အခါ ကလေးက လျှာနဲ့ နှုတ်ခမ်းသပ်တာကြောင့် ပိုခြောက်ပြီး နို့စို့တဲ့အခါ နာတတ်ပါတယ်။ ဒီလို မဖြစ်အောင် နှုတ်ခမ်းတစ်ဝိုက်ကို အုန်းဆီပါးပါးလေး လိမ်းပေးနိုင်ပါတယ်။

  • အင်းဆက်ကိုက်သက်သာစေခြင်း

အကောင်ကိုက်တဲ့အခါ ကလေးအရေပြားက နီပြီးရောင်ရမ်းတတ်ပါတယ်။ အရောင်ကျစေဖို့ လူကြီးရဲ့ လက်ထဲကို အုန်းဆီထည့်၊ လက်နှစ်ဘက်ကို ပွတ်လို့ ပူလာပြီဆိုရင် ကိုက်ခံရတဲ့နေရာမှာ လိမ်းပေးနိုင်ပါတယ်။

  • ဆံပင်ကြေတာ သက်သာစေခြင်း

ကလေးတွေရဲ့ အိပ်ရာနဲ့ ငြိပြီး တွန့်လိမ်တာ၊ ကြေတာတွေ ဖြစ်တတ်ပါတယ်။ ဒါကို သက်သာဖို့ အုန်းဆီကို အသုံးပြုပေးနိုင်ပါတယ်။ အုန်းဆီမှာပါတဲ့ Lauric acidက ဆံပင်အတွင်းပိုင်းထိ ဝင်ရောက်နိုင်တာ‌ကြောင့် ဒီပြဿနာကို ပြေလည်စေနိုင်မှာပါ။ နည်းလမ်းကတော့ ကလေးကို ခေါင်းမလျှော်ခင် အုန်းဆီလိမ်းပေးထားပြီး ခေါင်း‌လျှော်ပေးရုံပဲ ဖြစ်ပါတယ်။

  • ချောင်းဆိုးတဲ့အခါ အသုံးပြုနိုင်ခြင်း

ကလေး အအေးမိပြီး ချောင်းဆိုးတဲ့အခါ အုန်းဆီကို လက်ဖဝါးထဲထည့်ပြီး ပူအောင် ပွတ်ပြီး က‌လေးရင်ဘတ်မှာ လိမ်းပေးလို့ ရပါတယ်။ ဒါက ရှေးလူကြီးတွေ သုံးတဲ့ နည်းလမ်းဖြစ်ပါတယ်။ ရင်ဘတ်မှာ ပွတ်တာက ချောင်းဆိုး သက်သာသည်ဖြစ်စေ၊ မသက်သာသည်ဖြစ်စေ အန္တရာယ်တော့ မရှိပါဘူး။ ဒါပေမဲ့ တစ်ဖက်မှာလည်း ကလေးချောင်းဆိုးတာကို ဆရာဝန်နဲ့ သေချာပြပြီးကုသဖို့ လိုပါတယ်။

  • လိုးရှင်းအနေနဲ့ အသုံးပြုနိုင်ခြင်း

အုန်းဆီက အစိုဓာတ်ထိန်းပေးနိုင်တာရော၊ ပိုးသေစေတဲ့ အာနိသင်ရှိတာကြောင့်ရော လိုးရှင်းအနေနဲ့ လိမ်းပေးနိုင်ပါတယ်။ ရေချိုးပြီးတဲ့အခါ ‌လိမ်းပေးပြီး နောက်ရက်ရေချိုးမှ ပြန်သန့်စင်ပေးရင် ရပါတယ်။

  • နှိပ်နယ်ပေးတဲ့အဆီအဖြစ် အသုံးပြုနိုင်ခြင်း

အုန်းဆီနဲ့ ကလေးကို နှိပ်နယ်ပေးမယ်ဆိုရင် အရေပြားကို စိုပြေစေမှာဖြစ်သလို ကလေးငယ်ကိုလည်း အိပ်ပျော်စေမှာဖြစ်ပါတယ်။

ဘယ်လို အုန်းဆီကို အသုံးပြုနိုင်သလဲ။

အုန်းဆီမှာ

  • Virgin or unrefined coconut oil
  • Refined coconut oil
  • Partially hydrogenated coconut oil ဆိုပြီး ရှိပါတယ်။

Virgin coconut oilကတော့ ဓာတုပစ္စည်းတွေ၊ အပူချိန်မြင့်မြင့်တွေကို မသုံးဘဲ အုန်းသီးအသားကနေ အဆီထုတ်ထားတာ ဖြစ်ပါတယ်။ ကလေးတွေအတွက် ဒါက သင့်တော်ပါတယ်။

Refined coconut oilကိုတော့ ဓာတုဗေဒနည်းနဲ့ အရောင်ချွတ်တာ၊ အနံ့‌ဖျောက်တာတွေ လုပ်ထားတတ်ပါတယ်။

Partially hydrogenated coconut oilမှာတော့ ဓာတုဗေဒနည်းအရ ပြုပြင်လိုက်တဲ့အတွက် ကောင်းတဲ့ မပြည့်ဝဆီတချို့က မကောင်းတဲ့ ပြည့်ဝဆီအဖြစ် ပြောင်းလဲ သွားပါတယ်။

ကလေးတွေမှာ အုန်းဆီလိမ်းမယ်ဆို ဘာတွေသတိထားသင့်သလဲ။ 

ရှားပါးပေမယ့် တချို့ကလေးတွေက အုန်းဆီနဲ့ ဓာတ်မတည့်တာမျိုး ဖြစ်တတ်ပါတယ်။ အုန်းဆီလိမ်းပြီးမှ ကလေးအရေပြားမှာ အနီစက်တွေ ထွက်လာတာ၊ မျက်နှာအမ်းလာတာ‌၊ အသက်ရှူကျပ်လာတာတွေ ဖြစ်ရင် ထပ်မသုံးပါနဲ့။

အုန်းဆီကလည်း အုန်းဆီစစ်စစ်ဖြစ်ပြီး အရောအနှောကင်းတဲ့ အုန်းဆီရနိုင်ရင် ပိုကောင်းပါတယ်။

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.bellybelly.com.au/baby/coconut-oil-5-great-uses-for-coconut-oil-for-your-baby/

http://www.momjunction.com/articles/benefits-of-using-coconut-oil-for-your-baby_00370340/#gref

 

ယခုပုံစံ

08/08/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးအရေပြားထိန်းသိမ်းစောင့်ရှောက်နည်း နည်းလမ်းကောင်းများ

ကလေးတွေမှာ အတွေ့ရများတဲ့ အရေပြားပြဿနာများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 08/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement