backup og meta

အရိုးကျိုးသွားသော သင့်ကလေးငယ်အား အမြန်သက်သာဖို့ ဘယ်လိုကူညီမလဲ

ဘယ်ကလေးမဆိုအရွယ်ရောက်လာသည်နှင့်အမျှ သွေးခြေဥတာ ခြစ်ရာပွန်းရာဖြစ်တာမျိုးရှိလာပါမည်။ အရိုးကျိုးခြင်းဆိုတာလဲ ဖြစ်လာနိုင်သည့်ပြဿနာမျိုးပင်။

အရိုးကျိုးသောနေ့တွင် ပြုစုခြင်း

အရေးကြီးဆုံးလုပ်ရမည်မှာကျိုးသောအရိုးနေရာကိုကလေး၏နှလုံးထက်ပိုမြင့်မြင့်ထားရမည်ဖြစ်သည်။ ထိုမှသာ နှလုံးဆီသို့ အရည်များစီးဆင်းမှုကိုအထောက်အကူပြုပြီးရောင်းရမ်းခြင်းမသက်မသာဖြစ်ခြင်းကိုလျော့ချနိုင်ပါမည်။ ထို့အပြင် ကလေးငယ်လှဲလျှင်ဖြစ်စေထိုင်လျှင်ဖြစ်စေခိုင်းမိသည့်နေရာကိုအမှီအတွယ်တစ်ခုခုပေးထားခြင်းဖြင့် အနာသက်သာစေနိုင်သည်။ ဒဏ်ရာရပြီးနောက် ၂ ရက်အတွင်းအရိုးကျိုးသည့်နေရာတွင် ရေခဲဝတ်အုပ်ပေးနိုင်ပါသည်။ နောက်ရက်တွင် ရေဖဲဝတ်ကို ခဏခဏလဲပေးသင့်သည်။ ရေခဲဝတ်သည် သေချာချည်လို့ရသည့် ပလက်စတစ်အိတ်ဖြစ်စေတဘက်ဖြစ်စေသုံးလျှင် ကျောက်ပတ်တီးရေမဆိုစေရန်ဂရုစိုက်ပါ။ ဆေးဆိုင်မှသေချာဝယ်သော ပါရာစီတမောလိုIbuprofen လိုဆေးမျိုးသည် ကလေးများအတွက် စိတ်ချစွာသုံးနိုင်ပါသည်။

ကျောက်ပတ်တီးကိုဘယ်လိုဂရုစိုက်မလဲ

ခန္ဓါကိုယ်ကိုကျောက်ပတ်တီးထူထူနှင့်ကြပ်စည်းထားပါကယားယံပြီးစိတ်ရှုပ်စေတတ်ပါသည်။ ယားယံခြင်းသည် ပတ်တီးအောက်တွင်အဆီများစုလာသောကြောင့် ဖြစ်လာခြင်းဖြစသည်။. ပတ်တီးအတွင်းတုတ်နှင့်ထိုးမကုတ်စေရန် ကလေးကိုသေချာစောင့်ကြည့်ထားပါ။ ပိုးဝင်တတ်ပါသည်။ ပတ်တီးအပြင်ဖက်ကိုအသာခေါက်ပေးတာမျိုးလုပ်ပေးနိုင်သည်။ အဆင်မပြေသေးပါကဆံပင်လေမှုတ်စက်ကိုလေးအေးပေးခလုတ်ကိုနှိပ်ပြီးမှုတ်ပေးနိုင်ပါသည်။ ဘာမီတွန်လိုဆေးမျိုးသည် ယားယံမှုကိုသက်သာစေသည်။ သို့သော်လည်းအိပ်ငိုက်စေတတ်သည်ကိုသတိပြုပါ။ ထိုကြောင့်တိုက်မည်ဆိုလျှင် အိပ်ယာဝင်ခါနီးမှသာတိုက်ပါ။ အရေးကြီးဆုံးကကျောက်ပတ်တီးခြောက်သွေ့နေစေရန်သာပင်။ ပတ်တီးကိုဖုံးရန်တစ်ခုခုဝယ်ဖို့လဲ စဉ်းစားနိုင်ပါသည်။ မည်သို့ဆိုစေဘယ်အဖုံးအကာမှ ၁၀၀% ရေမလုံပါ။ ထို့ကြောင့် ဖုံးထားသည်ဆိုပြီးရေငုပ်တာမျိုးဆိုစေတာမျိုးမလုပ်နှင့်။

ပြန်ကောင်းလာသောအခါ

ကျောက်ပတ်တီးသည် အရိုးဆက်ရန်အတွက်အရေးပါကြောင်းကိုကလေးနားလည်အောင်ရှင်းပြထားပါ။ ကျိုးနေသည့်အစိတ်အပိုင်းကိုလှုပ်ရှားလျှင်သေချာဂရိုက်ပါ။ ပြန်ကျိုးနိုင်သည့်အန္တရာယ်ရှိသည်။ ကျောက်ပတ်တီးဖြည်ပြီးနောက် ထိုနေရာသည်တစ်မျိုးကြီးဖြစ်နေပြီးနာကောင်းနာနေနိုင်ပါသည်။ အဆစ်များအရွတ်များလဲမလှုပ်ရှားရတာကြာပြီဖြစ်၍ စစချင်းတောင့်တင်းနေနိုင်ပါသည်။ ဒါကကလေးကိုစိတ်တိုစေနိုင်သည်။ ထိုကြောင့် လှုပ်ရှားခြင်းအကြောဆန့်ခြင်းများလုပ်ပေးပါကမကြာခင်ပြန်ကောင်းလာပြီးနဂိုအတိုင်းခဏနှင့်ပြန်ဖြစ်လာမည်ကိုရှင်းပြပေးပါ။ ထို့ကြောင့် ပုံမှန်ပြန်မဖြစ်ခင် စိတ်နည်းနည်းရှည်ဖို့ အတော်လေးလိုပါသည်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Help Your Child Heal a Broken Bone. http://www.webmd.com/children/features/heal-child- broken-bones#3.

ယခုပုံစံ

10/08/2022

Dr. Hlaing Min Ko Ko မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကော်ဖီသောက် ခြင်းသည် ကလေးအတွက် ဘာကြောင့် မကောင်းတာလဲ

သင့်ကလေးကို ဘာလို့ ငါးကြီးဆီတိုက်ကျွေးသင့်သလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Hlaing Min Ko Ko မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/08/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement