backup og meta

လင်ပါမယားပါသားသမီးများနှင့် ဘယ်လိုဆက်သွယ် ပတ်သက်မလဲ

လင်ပါမယားပါသားသမီးများနှင့် ဘယ်လိုဆက်သွယ် ပတ်သက်မလဲ

မိထွေး ပထွေးတိုင်း ရုန်းကန်ရလေ့ရှိသည့် အချက်များထဲမှ တစ်ခုသည် သူတို့၏ အိမ်ထောင်ဖက်မှ ပါလာသော သားသမီးများနှင့် ကောင်းမွန်ပြည့်စုံသော ဆက်ဆံရေးရရှိရန် ဘယ်လိုလုပ်ရမည်ကို မသိခြင်းပင်ဖြစ်သည်။ ကြိုးစားရာတွင် အချိန်နှင့်စိန်ခေါ်မှုတော့ အနည်းငယ် လိုပါလိမ့်မည်။

ထို့ကြောင့် သင့်ဖက်က စိတ်ရှည်ရှည်ထားပြီး အိမ်ထောင်ဖက်၏ကလေးများနှင့် ဆက်နွယ်ပါတ်သတ်ရာတွင် အထောက်အကူပြုမည့် အောက်ပါ အလွယ်ကူဆုံး နည်းဗျူဟာ ၄ ခုကို လေ့လာကြည့်ပါ။

၁။ ပထမဆုံးတွေ့တွေ့ချင်း ထင်မြင်ချက်သည် အရေးကြီး၏။

· လူတစ်ဦးနှင့် စစတွေ့ချင်း သူ့အပေါ် ထင်မြင်ချက်အမြင်သည် အချိန်အတော်ကြာသည်အထိ မပြောင်းလဲနိုင်သော လူသားတို့၏ သဘာဝဖြစ်ပါသည်။ ထို့ကြောင့် မိထွေး ပထွေးများအနေဖြင့် အိမ်ထောင်ဖက်မှ ပါလာသော ကလေးများနှင့် စစတွေ့ချင်း အကောင်းဆုံးသော ပုံရိပ်ကို ဖန်တီးပြီး အထင်ကြီးလေးစားအောင် သူတို့ဘဝအတွက် အချိန်ပေးနေထိုင်မည့်သူဖြစ်ကြောင်းသိအောင် လုပ်နိုင်ရန် အရေးကြီးပါသည်။

ထို့ကြောင့် နွေးထွေးသော အပြုံးကို တောက်ပနေအောင်ပြုံးကာ သင့်ကိုယ်သင် ကောင်းကောင်းမိတ်ဆက်ပါ။ ပထမဆုံးအမြင်ကို သူတို့အားပေးရန် ဒုတိယအခွင့်အရေးဆိုတာ ရှိလာမည်မဟုတ်။

· ထို့အပြင် မိထွေး ပထွေးများသည် ပထမဆုံးစတွေ့ချင်းအချိန်ကို အကြာကြီးယူပြီး ကလေးများကို ဖိအားများအောင် မလုပ်သင့်ပါ။ ထို့သို့ဆိုပါက ကလေးကို မသက်မသာ ခံစားစေရပြီး ချဉ်းကပ်ရ ခက်သွားစေနိုင်ပါသည်။

၂။ သူတို့အတွက် ကိုယ်ပိုင်နေရာပေးပါ။

· မိထွေးဖထွေးများက အိမ်ထောင်ဖက်၏ သားသမီးများနှင့် ဆက်ဆံရေးတွင် ကောင်းမွန်ပြီး ခိုင်မာသော ဆက်နွယ်မှုကို ရနိုင်သမျှ မြန်မြန်လိုချင်ကြသည်မှာ ဓမ္မတာပင်ဖြစ်သည်။

သို့သော် ကလေးများအပါအဝင် လူတိုင်းအတွက် ကြီးမားသောဆုံးရှုံးမှုမှ စိတ်အခြေအနေ ပြန်ကောင်းလာစေရန် ကိုယ်ပိုင်အချိန်နှင့် နေရာကို လိုအပ်၏။ ထို့ကြောင့် စစတွေ့ချင်းအချိန်များတွင် သိပ်လှိုက်လှဲပြတာ ရင်းနှီးဖို့ဇွတ်ကြိုးစားတာမျိုး မလုပ်သင့်ကြောင်း လမ်းညွှန်ထားပါသည်။

သင်က တည်ငြိမ်သော နှစ်ဦးနှစ်ဖက် ဆက်ဆံရေးကို ထိန်းသိမ်းပေးပါ။ သို့သော် ကလေးမှ သူ့ဖက်က အဆင်သင့်မဖြစ်သေးကြောင်း မပြပဲနှင့် စည်းမကျော်မိပါစေနှင့်။ သူတို့တွေ ကြုံနေရသည်မှာ ခက်ခဲသောအချိန်များဖြစ်ပြီး သူတို့အပေါ်ကို ထပ်ပြီး ဖိအားမပေးတာက အကောင်းဆုံးဖြစ်ပါသည်။

၃။ သူတို့အား မိသားဝင်အစစ်အမှန်အဖြစ်မြင်ပါ။

· သင့်ရဲ့ လင်ပါမယားပါသားသမီးများကို ကောင်းမွန်စွာ ဆက်ဆံချင်မှာပါ။ သူတို့အပေါ်တွင် ကောင်းမွန်သော ထင်မြင်ချက်ကို ပေးချင်မှာပါ။ သူတို့ကြိုက်တတ်သည့် အစားအစာများ လုပ်ပေးခြင်း၊ သူတို့ပူဆာသမျှ ခွင့်ပြုခြင်းနှင့် သင့်အကြံဉာဏ်ကို ပေးဖို့ တွန့်ဆုတ်ခြင်းများ ဖြစ်တတ်ပါသည်။

တကယ်တမ်းတော့ ဒါတွေဟာ သူတို့ကို မိသားစုအပြင်မှ ဧည့်သည်တစ်ယောက်ကို ဆက်ဆံနေသလို ခံစားရစေပါသည်။ သင့်ရှေ့၌ သူတို့ကောင်းကောင်းမွန်မွန် ဆက်ဆံပြနိုင်သော်လည်း သူတို့၏ခံစားမှုများ လျှို့ဝှက်ချက်များကို မိဘရင်းသဖွယ် သင့်အား ဖွင့်ဟတိုင်ပင်လာမည်မဟုတ်ပါ။

ထို့ကြောင့် သင်နှင့် လင်ပါမယားပါကလေးများ အစကတည်းက ကောင်းမွန်သောဆက်ဆံရေး ရရှိနေပါက သူတို့အား ပုံမှန်ဆက်ဆံပေးဖို့ လိုအပ်ပါသည်။

ဥပမာ – အိမ်ဝေယျာဝစ္စများကို သူတို့နှင့်အတူလုပ်တာမျိုး၊ ညစာမစားခင်း ရေခဲမုန့်မစားခိုင်းတာမျိုး။ သို့သော် စည်းကမ်းများကို ဇွတ်မတင်းကြပ်ပါနှင့်။ သူတို့တွင် မုန်းတီးသောခံစားချက်များ ပေါက်ဖွားသွားနိုင်ပါသည်။

၄။ သူတို့ကို အချိန်ပေးပါ။

· သင်ဘယ်လောက်ပင် အလုပ်ရှုပ်နေပါစေ မိဘဖြစ်လာခြင်းဆိုသည်မှာ တချို့သော အချိန်များကို သင့်ကလေးများအတွက် ပေးပါမှ ကလေးများက သင့်အပေါ် ပိုပွင့်ပွင့်လင်းလင်း ဆက်ဆံလာမည်ဖြစ်သည်။

သူတို့အိမ်စာများကို ကူလုပ်ပေးခြင်း၊ မုန့်ဖုတ်နည်းသင်ပေးခြင်း သို့မဟုတ် ပန်းခြံ၌ သူတို့နှင့်လမ်းလျှောက်ခြင်း စသည်တို့သည် သူတို့ကိုလေ့လာနိုင်ရန် လွယ်ကူသော နည်းလမ်းများဖြစ်ပြီး သူတို့ကိုလည်း သင့်အားလေ့လာရန် အခွင့်အရေးရစေမည့် နည်းများဖြစ်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

– How to Connect With Your New Stepkids http://www.popsugar.com/moms/How-Connect-Stepchildren-32167856 Accessed December 10, 2016

ယခုပုံစံ

10/08/2022

Dr. Hlaing Min Ko Ko မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင့်ကလေးငယ်ရဲ့ ပျော်ရွှင်မှုကို ဖန်တီးပေးနိုင်မယ့် လက်တစ်စုံက သင်ကိုယ်တိုင်ပါ

ကလေးငယ်များ ခင်မင်ရင်းနှီးမှုကို နားလည် တည်ဆောက်နိုင်ရန် ကူညီခြင်း



Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement