သင့်အနေဖြင့် သင့်ကလေး အိပ်နေသည့်အခါတွင် အားလုံး ကောင်းမွန် အဆင်ပြေနေကြောင်း သေချာစေရန် စစ်ဆေးတတ်ခြင်းသည် ပုံမှန်ပင်ဖြစ်သည်။ ကလေးများအိပ်နေစဉ်တွင် ရုတ်တရက် သေဆုံးခြင်းနိုင်ခြင်းကို ကာကွယ်ရန် သင့်ကလေး အိပ်သည့်အခါ ရိုးရှင်းပြီး စိတ်ချရသော အိပ်သည့်အဆင့်များကို လိုက်နာနိုင်ပါသည်။
အောက်ပါတို့သည် ကလေးများတွင် ရုတ်တရက် သေဆုံးခြင်း ဖြစ်စေနိုင်သော ဖြစ်နိုင်ခြေများ ဖြစ်ပါသည်။
- ကလေးသည် မှောက်အိပ်နေခြင်း၊ ဘေးစောင်းအိပ်နေခြင်း
- ဆိုဖာ၊ ခေါင်းအုံး စသည့် ပျော့သော အရာများပေါ်တွင် အိပ်ခြင်း
- ကလေး၏ မျက်နှာ၊ ခေါင်းတို့သည် အိပ်ရာခင်းနှင့် အုပ်မိနေခြင်းကြောင့် ကလေး အပူလွန်ခြင်း၊ အသက်ရှူကျပ်ခြင်းများ ဖြစ်နိုင်သည်။ ၎င်းသည် အိပ်နေစဉ် ရုတ်တရက် သေဆုံးခြင်း၏ အကြောင်းရင်းတစ်ခုလည်း ဖြစ်သည်။
ရုတ်တရက် သေဆုံးခြင်းကို ကာကွယ်ရန် အိပ်နေစဉ် ဖြစ်သင့်သော အနေအထားပုံစံနှင့် အိပ်စက်ခြင်း အဆင့်များ
ကလေးများသည် ပက်လက်သာ အိပ်သင့်သည်။
ကလေးများအတွက် ပက်လက်အိပ်ခြင်းသည် စိတ်အချရဆုံးသော အနေအထား ဖြစ်သည်။ ကလေးသည် မှောက်လျက် အိပ်လျှင် ရုတ်တရက် သေဆုံးနိုင်ခြေ အများဆုံး ဖြစ်သည်။ သင့်ကလေး အသက်ရှူကျပ်မည်၊ ပျို့အန်မည်ကို စိုးရိမ်လျှင် သင့်ကလေးကို ပက်လက်သာ အိပ်ခိုင်းရမည်။
ကလေးသည် အိပ်နေရင်း ဘေးသို့ လှိမ့်တတ်သည်။ ထိုအခါတွင် ကလေးကို ပက်လက် အနေအထားသို့ ပြန်လှည့်ပေးပါ။
ကလေးအိပ်နေစဉ် ခေါင်းကို တစ်ခုခုနှင့် အုပ်မနေစေရန် သတိထားပါ။
သင့်ကလေးကို အိပ်ရာထဲထဲတွင် သိပ်ထားလျှင် အိပ်ရာခင်းစကို သေချာစွာ အောက်သို့ ဖိသွင်းထားပါ။ ကလေးခေါင်းကို အုပ်မနေစေရန် သတိပြုရမည်။ စောင်အစား ကလေးအိပ်သော အိတ်ကို အသုံးပြုပါ။ ကလေးအိပ်သော အိတ်သည် လည်ပင်းနေရာ၊ လက်ထည့်သည့်နေရာ စသည်ဖြင့် နေရာတကျ ရှိသောကြောင့် စိတ်ချရသည်။
ကလေးနှင့် တစ်ခန်းတည်း အိပ်ပါ။
ကလေးသည် ကိုယ့်ဟာကိုယ် ပုံစံပြောင်း အိပ်နိုင်သည်အထိ မိဘနှင့် တစ်ခန်းထဲ အိပ်သင့်သည်။
အဆင်ပြေလျှင် ကလေးကို မိခင်နို့တိုက်ပါ။
မိခင်နို့တိုက်ခြင်းသည် ကလေး ရုတ်တရက် သေဆုံးခြင်းနှုန်းကို လျော့ကျစေသည်။ မိခင်နို့တိုက်သည် ဖြစ်စေ၊ နို့ဘူးတိုက်သည် ဖြစ်စေ၊ ကလေးကို စိတ်ချရသော အိပ်စက်ခြင်း အလေ့အထ ရှိအောင် လုပ်ပေးရန် လိုအပ်ပါသည်။
ခေါင်းအုံးများ၊ ကစားစရာများကို ကလေးအိပ်သည့်အခါ ဝေးဝေးထားပါ။
ကလေးသည်လှိမ့်ရင်း ခေါင်းအုံးများ၊ ကစားစရာများကြောင့် အသက်ရှူ ပိတ်နိုင်သောကြောင့် ထိုအရာများကို ကလေးအိပ်သည့်အခါ မထိစေရန် ကာကွယ်ထားရမည်။
မွေ့ရာကို သင့်လျော်သော အထူအပါး၊ မမာ မပျော့စေရန် ပြုလုပ်ပေးပါ။
မွေ့ယာနှင့် ကုတင်အစွန်း အကြားတွင် ကလေးခေါင်း ညပ်နိုင်သောကြောင့် အစွန်းနေရာသည် တူတူဖြစ်စေရန် ပြုလုပ်ပေးပါ။ မွေ့ရာကို ကုတင်နှင့် သင့်လျော်သော အထူအပါး၊ အပျော့ အမာကို အသုံးပြုပါ။ မွေ့ရာပေါ်တွင် တခြား နောက်တစ်ခု ထပ်သုံးခြင်း မပြုလုပ်ပါနှင့်။ ကလေးကို ဆိုဖာခုံနှင့် ရွေ့နိုင်သော အိပ်ရာများတွင် မအိပ်ခိုင်းပါနှင့်။
ကလေးအတွက် ဆိုဖာတွင် အိပ်ခြင်းသည် အန္တရာယ် များသည်။ ရွေ့နိုင်သော အိပ်ရာများတွင် အိပ်ခြင်းကြောင့် အိပ်ရာနှင့် နံရံကြားတွင် ဟသွားသောအခါ ကလေး ညပ်နေတတ်သည်။ ခေါင်းအုံးများကြားတွင် ညပ်ခြင်း၊ စောင်များနှင့် အုပ်နေခြင်းများလည်း ဖြစ်တတ်သည်။
ကလေးကို နွေးထွေးအောင် ဝတ်ပေးသင့်သည်။ သို့သော် အပူ မလွန်ပါစေနှင့်။
ကလေးကို အပူလွန်စေခြင်းသည် ရုတ်တရက် သေဆုံးခြင်း၏ အကြောင်းရင်းတစ်ခုပင် ဖြစ်သည်။ သင့်ကလေးကို အိမ်ထဲတွင် ထားလျှင် ခေါင်းကို တစ်ခုခု ဆောင်းထားစရာ မလိုပါ။ သင့်ကလေး၏ လက်များ၊ ခြေထောက်များ အေးနေလျှင် ပုံမှန်ဖြစ်သဖြင့် စိတ်မပူပါနှင့်။
[embed-health-tool-vaccination-tool]